၂၀၂၃ခုနှစ်၊ (၄၇)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
၂၀၂၃ခုနှစ်၊ (၄၇)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန်၊ ဇူလိုင်လ(၁၈)ရက်။ ၂၀၂၃ခုနှစ်၊(၄၇)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည်(၁၃း၃၀)နာရီ က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ခန်းမ (၃)၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဥပဒေချုပ် ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ကာယဗလနှင့်ကာယကြံ့ခိုင်မှုအဖွဲ့ချုပ် ဥက္ကဌ ဦးညီညီ၊ ဒုတိယဥက္ကဌများနှင့် အဖွဲ့ချုပ်တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ အစည်းအဝေး မစတင်မှီ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက ယနေ့ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို တက်ရောက်လာသည့် တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေး၊ တည်းခိုနေထိုင်ရေး၊ ပြန်ကြားရေး၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေးကိစ္စရပ်များကို အထူးဂရုစိုက် […]
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနား တက်ရောက်အမှာစကားပြောကြား
![]()
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနား တက်ရောက်အမှာစကားပြောကြား နေပြည်တော်၊ ဇူလိုင် (၁၈)။ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတကြွယ်ဝစေရန် ရည်ရွယ်၍ နေပြည်တော်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ် အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ နေပြည်တော်လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီရိနွယ်၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့လူငယ်တွေဟာ နောင်တစ်ချိန်တွင် တိုင်းပြည်တာဝန်ကို ပုခုံးပြောင်းတာဝန်ယူထမ်းဆောင်ကြမဲ့ သူတွေပဲဖြစ်ပါကြောင်း၊ လက်ရှိနိုင်ငံတော်တိုးတက်ဖွံ့ဖြိုးဖို့ ယခုထက် အဆင့်မြင့်ပြီး နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ဖို့ဆိုရင် ယနေ့အခမ်းအနားကို တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူ လူငယ်များ […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေး
![]()
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေး နေပြည်တော်၊ ဇူလိုင်(၁၈)။ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဗိုဗီနမ်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေးနှင့် ဗိုဗီနမ်အားကစားနည်းကို နိုင်ငံအနှံ့ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားကစားကြစေခြင်းဖြင့် ဗိုဗီနမ်အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ယနေ့နံနက်(၈)နာရီတွင် ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက်ကျင်းပခဲ့ရာ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဗိုဗီနမ်အဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် အားကစားဝါသနာရှင် များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား (၆၅)ကီလို အတိုက်ပြိုင်ပွဲ၊ အမျိုးသမီး(၆၀)ကီလို အတိုက် ပြိုင်ပွဲ၊ အမျိုးသမီး တစ်ကိုယ်တော်လက်သိုင်းစွမ်းရည်ပြပြိုင်ပွဲ၊ အမျိုးသမီးနှစ်ယောက်တွဲဓါးအတိုက်ပြိုင်ပွဲ၊ အမျိုးသမီးဓါးရှည်စွမ်းရည်ပြပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး အမျိုးသား(၆၅)ကီလိုအတိုက်ပြိုင်ပွဲတွင် ဟိန်းမင်းဦး(နေပြည်တော်)က ပထမ၊ စောအောင်ဟိန်း(ကရင်)က ဒုတိယ၊ ထွန်းလင်း(မန္တလေး)နှင့်သားငယ် (မွန်)တို့က […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် GENDER/ CEDAW/ NSPAW/ UNSCR 1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် GENDER/ CEDAW/ NSPAW/ UNSCR 1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇူလိုင်(၁၈)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် GENDER/ CEDAW/ NSPAW/ UNSCR 1325 အသိပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမျိုးလှိုင်၊ ဒေါက်တာစိုးဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် […]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဗိုဗီနမ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်ကြည့်ရှုအားပေး
![]()
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဗိုဗီနမ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်ကြည့်ရှုအားပေး နေပြည်တော် ဇူလိုင် ၁၇ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၌ ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဦးမောင်ကို၊ ဒေါက်တာ အောင်ကျော်မင်း၊ ဒေါက်တာကျော်ထွန်း၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဗိုဗီနမ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။ အခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲကို ၂၀၁၆ ခုနှစ်မှစတင်၍ကျင်းပခဲ့ရာ ယခုနှစ်တွင် […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး အသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး အသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဇူလိုင်(၁၆)။ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး အသင်း အုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်းရှိ Cluster-7 (စားရိပ်သာ)၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ-၁ မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးရဲလွင်၊ အားကစား ဆေးဘက်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထက်ဝေနှင့် ဗိုဗီနမ်အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိ သူများ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ ဗိုဗီနမ်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာ လာစေရေးနှင့် ဗိုဗီနမ်အားကစားနည်းကို နိုင်ငံအနှံ့ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားကျင်းပ
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇူလိုင်(၁၅)။ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့်ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတကြွယ်ဝစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်စေရေး၊ အတွေးအခေါ်မှန်ကန်စေရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်ရာတွင် ထူးချွန်သော လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များစွာ လိုအပ်မည်ဖြစ်ကြောင်း၊ အနာဂတ်နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ကြရမည့် မျိုးဆက်သစ်လူငယ်များအပါအဝင် တစ်နိုင်ငံလုံး၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အခြေခံကျသည့်လိုအပ်ချက်ဖြစ်ကြောင်း၊ ၂၀၃၀ ပြည့်နှစ် တွင် […]
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများလှူဒါန်းပွဲ” အခမ်းအနားကျင်းပ
![]()
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများလှူဒါန်းပွဲ” အခမ်းအနားကျင်းပ ရန်ကုန်၊ ဇူလိုင်(၁၃)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများလှူဒါန်းပွဲ” အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ် အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်း၌ ယနေ့ နံနက်(၁၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ လူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူးက လူငယ်ရေးရာအသိပညာပေဟောပြော၍လည်းကောင်း ၊ မြန်မာ့အားကစား လက်ရွေးစင်ဟောင်း ဒေါ်မာမာမင်းမှ လူငယ်များ အားကစားကိုငယ်စဉ်ကတည်းက နေ့စဉ်ဆောင်ရွက်တက်လာစေရန် ဟောပြောပို့ချ၍ လည်းကောင်း ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနောက်ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာမိုးမှ “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားမှူး ဒေါ်အောင်မာဝင်းက “လူငယ်နှင့် ခေါင်းဆောင်မှု” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောပို့ချခဲ့ပါသည်။ ဆက်လက်၍ ဝူရှူး ၊ ရိုးရာခြင်းလုံးနှင့် Fitness Dance သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ရန်ကုန်တိုင်းဒေသကြီး […]
အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနားကျင်းပ
![]()
အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနားကျင်းပ တောင်ကြီး၊ ဇူလှိုင်(၁၃)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ၁၃.၇.၂၀၂၃ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် အေးသာယာမြို့၊အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ခန်းမ၌လည်းကောင်း ၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် ရွှေညောင်မြို့၊ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ခန်းမ၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုး တို့တက်ရောက်ခဲ့ကြပြီး လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ လူငယ်များမူးယစ်ဆေးဝါးသုံးစွဲခြင်းမှရှောင်ကြဥ်နိုင်ကြစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) အေးသာယာမှကျောင်းသား /ကျောင်းသူ (၂၀၀)ဦး၊ အမှတ်(၂)အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ) ရွှေညောင်မှ ကျောင်းသား/ ကျောင်းသူ(၁၅၀)ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူအင်အား (၃၅၀)ဦးတို့မှတက်ရောက်ခဲ့ကြပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးက အားကစားနှင့်မူးယစ်ဆေး၊ တောင်ကြီးမြို့နယ် […]
ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်အလိုက်အသက်(၁၉)နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ
![]()
ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်အလိုက်အသက်(၁၉)နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ တောင်ကြီး ဇူလိုင်လ(၁၂)ရက်။ ၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်အလိုက် အသက်(၁၉)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲကို ဇူလိုင်(၁၂)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ကျင်းပသည်။ ဦးစွာမြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်မှ ကျွမ်းဘားအားကစားနည်းများ သရုပ်ပြသနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြပြီးရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းတို့က မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်နာယကဦးမြင့်အောင်နှင့် သရုပ်ပြသပေးသော ကျွမ်းဘားအဖွဲ့၊ ပွဲစပွဲဆုံးကူညီဆောင်ရွက်ပေးသော ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ဆုချီးမြှင့်ပွဲတွင် နောက်ဆုံးဗိုလ်ပွဲအဖြစ် တာချီလိတ်မြို့နယ်အသင်းနှင့် ညောင်ရွှေမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ် ပြည်နယ်ဆင့်ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြပြီး တာချီလိတ်မြို့နယ်အသင်းမှ အနိုင်ရရှိသွားကြောင်း သိရသည်။ ဆက်လက်၍ […]