(၂၁)ကြိမ်မြောက်အာရှနှင့်သမုဒ္ဒရာပိုင်းဆိုင်ရာ ဒေသတွင်း အားကစားကဏ္ဍတားမြစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်ရေးအတွက်အစိုးရပိုင်းဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဒေသတွင်း ဆွေးနွေးပွဲသို့ တက်ရောက်ရန် အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရဲမြင့်ထွန်း ပြည်ပထွက်ခွာ
![]()
(၂၁)ကြိမ်မြောက်အာရှနှင့်သမုဒ္ဒရာပိုင်းဆိုင်ရာ ဒေသတွင်း အားကစားကဏ္ဍတားမြစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်ရေးအတွက်အစိုးရပိုင်းဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဒေသတွင်း ဆွေးနွေးပွဲသို့ တက်ရောက်ရန် အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရဲမြင့်ထွန်း ပြည်ပထွက်ခွာ ရန်ကုန်၊ မေ ၃၁ ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ပေကျင်းမြို့တွင် ကျင်းပပြုလုပ်မည့် (၂၁)ကြိမ်မြောက် အာရှနှင့်သမုဒ္ဒရာပိုင်းဆိုင်ရာဒေသတွင်း အားကစားကဏ္ဍ တားမြစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်ရေးအတွက် အစိုးရပိုင်းဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဒေသတွင်း ဆွေးနွေးပွဲသို့တက်ရောက်ရန် အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ဦးဆောင်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နှင့် မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ် မှ ပါမောက္ခဒေါက်တာဒေါ်သန်းသန်းဌေး တို့သည် ယနေ့ နံနက် ၁၁: ၂၅ နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှလေယာဉ်အမှတ်( CZ-3056)ဖြင့် တရုတ်ပြည်သူ့ […]
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကျင်းပ
![]()
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကျင်းပ ရန်ကုန်၊ မေ ၂၉ မြန်မာ့ဘောလုံးအားကစားအဆင့်အတန်း ပြန်လည်ဦးမော့လာစေရန်၊ မြန်မာ့အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး အားကစားရေးရာဝန်ကြီးဌာနမှကြီးမှူးပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ တိုင်း ဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များကို ယနေ့မွန်းလွဲ ၃ နာရီမှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးလေ့ကျင့်ရေးကွင်း(၁) (စက်ဘီးကွင်း)၊ တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်း၊ သန်လျင်မြို့နယ် သီဟဒီပအားကစားကွင်း နှင့် စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်းတို့တွင် ကျင်းပခဲ့ရာ အားကစားရေးရာဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစား ဝါသနာရှင် […]
(၈)ကြိမ်မြောက် နိုင်ငံတကာလူငယ် အိုလံပစ်အားကစားသမားများ ဆွေးနွေးပွဲသို့တက်ရောက်ရန်ပြည်ပထွက်ခွာ
![]()
(၈)ကြိမ်မြောက် နိုင်ငံတကာလူငယ် အိုလံပစ်အားကစားသမားများ ဆွေးနွေးပွဲသို့တက်ရောက်ရန်ပြည်ပထွက်ခွာ ရန်ကုန် ၊ မေ ၃၀ ရုရှားနိုင်ငံ ၊ မော်စကိုမြို့တွင် ၂၀၂၆ခုနှစ် ၊ ဇွန်လ ၁ ရက်မှ ၂ ရက်အထိ ကျင်းပမည့် (၈)ကြိမ်မြောက် နိုင်ငံတကာ လူငယ်အိုလံပစ်အားကစားသမားများ ဆွေးနွေးပွဲသို့ တက်ရောက်ရန် အားကစားရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ဦးဆောင်သည့် အဖွဲ့ဝင် ၅ ဦးတို့သည် ယနေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာသွားရာ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းတို့က ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်းသိရှိရသည်။
Nay Pyi Taw Amateur & Junior Open Championship (Road to Myanmar Junior National Team) ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
![]()
Nay Pyi Taw Amateur & Junior Open Championship (Road to Myanmar Junior National Team) ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ မေ ၂၉ ပြည်သူများအတွက် ပြည်သူ့အစိုးရ၏ ရက် ၁၀၀ စီမံချက်အစီအစဉ်အရ အားကစားရေးရာဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှကြီးမှူး ကျင်းပသည့် Nay Pyi Taw Amateur & Junior Open Championship ဂေါက်သီးရိုက် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မြို့တော်ဂေါက်ကွင်း၌ ကျင်းပခဲ့ သည်။ အခမ်းအနားကို အားကစားရေးရာဝန်ကြီးဌာန ပြည်တောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ဒုတိယဝန်ကြီး ဦးညီညီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်၊ အားကစားရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် […]
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန နွေရာသီအခြေခံရေကူးသင်တန်းအမှတ်စဉ်(၂/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
![]()
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန နွေရာသီအခြေခံရေကူးသင်တန်းအမှတ်စဉ်(၂/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ မေ ၂၉ ပြည်သူများအတွက် ပြည်သူ့အစိုးရ၏ ရက် ၁၀၀ စီမံချက်အစီအစဉ်အရ ပြည်သူ့ရေကူး အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မျိုးဆက်သစ်ရေကူး အားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံရေကူးသင်တန်း အမှတ်စဉ် (၂/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဝဏ္ဏသိဒ္ဓိ ရေကူးကန်၌ ကျင်းပခဲ့ရာ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ဒုတိယဝန်ကြီး ဦးညီညီ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးနှင့် ရေကူးမျိုးဆက်သစ်အားကစားသမားများစွာ မွေးထုတ်ပေးနိုင်စေရေးတို့အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် နွေရာသီရေကူးသင်တန်း […]
AYA Tri Nations Cup 2026 (၃)နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်လုံခြုံရေးဆိုင်ရာကိစ္စရပ်များညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
AYA Tri Nations Cup 2026 (၃)နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်လုံခြုံရေးဆိုင်ရာကိစ္စရပ်များညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန် ၊ မေ ၂၇ ရက် AYA Tri Nations Cup 2026 (၃)နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၊ ပတ္တမြားခန်းမ၌ ကျင်းပရာ သင်္ဃန်းကျွန်းခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးထိုက်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)ညွှန်ကြားရေးမှူး ဦးသိန်းသန်းနိုင် ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။ ဦးစွာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဆွေးနွေးတင်ပြရာတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခြင်းဖြင့် နိုင်ငံတကာဘောလုံးပြိုင်ပွဲများကို […]
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘတ်ဂျတ်ငွေလုံးငွေရင်းဖြည့်စွက် အသုံးစရိတ်ဖြင့် တည်ဆောက်ရေးလုပ်ငန်းများ Tender ဖွင့်ပွဲကျင်းပ
![]()
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘတ်ဂျတ်ငွေလုံးငွေရင်းဖြည့်စွက် အသုံးစရိတ်ဖြင့် တည်ဆောက်ရေးလုပ်ငန်းများ Tender ဖွင့်ပွဲကျင်းပ မေလ ၂၅ ရက်၊ တောင်ကြီးမြို့ အားကစားရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုတို့ကိုခံယူကာ ပြည်နယ်အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးကိုရည်ရွယ်၍ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘတ်ဂျတ်ငွေလုံးငွေရင်းဖြည့်စွက်အသုံးစရိတ်ဖြင့် Open Tender နှင့် Local Tender များခေါ်ယူဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများ Tender ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းတည့်(၁၂:၀၀)နာရီအချိန်တွင် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ တင်ဒါဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးလှိုင်၊ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မိမိလှိုင် ၊ ပြည်နယ်လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန္တာမျိုး ၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ […]
အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီ ဝန်ထမ်းများသက်သာချောင်ချိစေရေးအတွက် သီးပင်စားပင် စိုက်ပျိုးရန်ဆောင်ရွက်ထားသည့် စိုက်ခင်းမြေနေရာများအား လိုက်လံကြည့်ရှုစစ်ဆေး
![]()
အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီ ဝန်ထမ်းများသက်သာချောင်ချိစေရေးအတွက် သီးပင်စားပင် စိုက်ပျိုးရန်ဆောင်ရွက်ထားသည့် စိုက်ခင်းမြေနေရာများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ မေ ၂၅ အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီသည် အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကစားကွင်း အတွင်းရှိ မြေနေလွတ်များတွင် ဝန်ထမ်းများသက်သာချောင်ချိစေရေးအတွက် ရာသီအလိုက် သီးပင် စားပင်များစိုက်ပျိုးရန် ရှင်းလင်းဆောင်ရွက်ထားသည့် စိုက်ခင်းမြေနေရာများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် ဒုတိယဝန်ကြီးက ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များအတိုင်း မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ ယခုစိုက်ခင်းအား အကောင်အထည်ဖော်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဝန်ထမ်းများအနေဖြင့် ရာသီပေါ်သီးနှံများကို အမျိုးအစား စုံလင်စွာ စိုက်ပျိုးသွားရန်လိုကြောင်း၊ မြေဆွခြင်းများ၊ အပင်စတင်စိုက်ပျိုးခြင်းများတွင် အမြစ်ပွားမှု နှုန်းများမှသာ သီးနှံထွက်နှုန်းများ […]
အားကစားရေးရာဝန်ကြီးဌာန၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်း ၅၁ ခု၏ အိတ်ဖွင့်တင်ဒါ ဖွင့်ဖောက်စစ်ဆေးခြင်းအခမ်းအနားကျင်းပ
![]()
အားကစားရေးရာဝန်ကြီးဌာန၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်း ၅၁ ခု၏ အိတ်ဖွင့်တင်ဒါ ဖွင့်ဖောက်စစ်ဆေးခြင်းအခမ်းအနားကျင်းပ နေပြည်တော်၊ မေ ၂၅ အားကစားရေးရာဝန်ကြီးဌာန၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်း ၅၁ ခု၏ အိတ်ဖွင့်တင်ဒါဖွင့်ဖောက်စစ်ဆေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက အဖွင့်အမှာစကားပြောကြားရာတွင် ကြမ်းခင်းဈေးအောင်မြင်သူများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ရွေးချယ်ပြီး တည်ဆောက်ရေးလုပ်ငန်းများတွင် သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းနှင့်ပြည့်မီစေရေးအတွက် တင်ဒါခေါ်ယူရာတွင် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး Lot များအလိုက် ကုမ္ပဏီများမှ တင်ဒါတင်သွင်းထားသည့် စာရွက်စာတမ်းများနှင့် အချက်အလက်များ ပြည့်စုံမှု ရှိ/မရှိအား တာဝန်ရှိသူများ၏ ဖွင့်ဖောက်စစ်ဆေးနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ […]
ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ငွေ တံဆိပ် ၁ခု နှင့်ကြေးတံဆိပ် ၁ ခု ဆွတ်ခူးရရှိခဲ့ကြသည့် မြန်မာပိုက်ကျော်ခြင်းအသင်း ပြန်လည်ရောက်ရှိကြိုဆိုခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
![]()
ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ငွေ တံဆိပ် ၁ခု နှင့်ကြေးတံဆိပ် ၁ခု ဆွတ်ခူးရရှိခဲ့ကြသည့် မြန်မာပိုက်ကျော်ခြင်းအသင်း ပြန်လည်ရောက်ရှိကြိုဆိုခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ ရန်ကုန် ၊ မေ ၂၅ ၂၀၂၆ခုနှစ် ၊ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် မေလ ၁၆ ရက်မှ ၂၃ရက်နေ့အထိ ကျင်းပခဲ့သည့် ၂ဝ၂၆ ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲကြီးတွင် မြန်မာ အသင်းက အားကစားနည်း (၃)နည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသား (၃) ယောက်တွဲ Regu Event ကစားနည်းတွင် ငွေတံဆိပ်ဆု၊ အမျိုးသား (၄) ယောက်တွဲ Quadrant Event ကစားနည်းတွင်ပူးတွဲကြေးတံဆိပ်ဆုတို့ ကို ရရှိခဲ့ပြီး နိုင်ငံအလိုက်တတိယ ဆုရရှိခဲ့ရာ ပထမဆုနှင့်ဒုတိယဆုကို အိမ်ရှင်မလေးရှား အသင်းနှင့်ထိုင်းအသင်းတို့ရရှိခဲ့ကြသည်။ အဆိုပါမြန်မာအသင်းတွင်အုပ်ချုပ်မှုအဖွဲ့ ခေါင်းဆောင်အဖြစ် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌဦးရဲဝင့် ထွဋ်တင် […]