အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

သြဂုတ်လ ၉ ရက်၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ

တောင်ကြီးမြို့

အားကစားရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ ညနေ(၁၅း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်း ၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်း ၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူ နှင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင် ၊ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဒေါ်နှင်းစန္ဒာဦး ၊ ပြည်နယ်လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ ပြိုင်ပွဲတွင် ဆုရရှိသည့် အားကစားသမားများ၊ နည်းပြအုပ်ချုပ်သူများ၊ အားကစားဝါသနာရှင်များကတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပထမဦးစွာ အကောင်းဆုံးအမျိုးသမီးအားကစားသမားဆုရ ကျောနံပါတ် (၂) မန္တလေးတိုင်းဒေသကြီးအသင်းမှ မအိမ့်သဲဖြူအား ဆုတံဆိပ်နှင့်ငွေသားဆုကို မန္တလေးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင် ကလည်းကောင်း၊ အကောင်းဆုံးအမျိုးသားအားကစားသမားဆုရ ကျောနံပါတ် (၁၃) မန္တလေးတိုင်းဒေသကြီးအသင်းမှ မောင်ယောလှအား ဆုတံဆိပ်နှင့်ငွေသားဆုကို မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးစိုးလွင်ကလည်းကောင်း ၊ အမျိုးသမီး 3×3 ပြိုင်ပွဲတွင် တတိယဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်း ၊ ဒုတိယဆုရရှိသွားသော ရှမ်းပြည်နယ်အသင်း ၊ ပထမဆုရရှိသွားသော စစ်ကိုင်း တိုင်းဒေသကြီးအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်ထိုက်ထိုက်လွင်ကလည်းကောင်း ၊ အမျိုးသား 3×3 ပြိုင်ပွဲတွင် တတိယဆုရရှိသွားသော ကချင်ပြည်နယ်အသင်း ၊ ဒုတိယဆုရရှိသွားသော မန္တလေးတိုင်းဒေသကြီးအသင်း ၊ ပထမဆုရရှိသွားသော ရှမ်းပြည်နယ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးအေးသန့်ကလည်းကောင်း ၊ အမျိုးသမီး 5×5 ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်း ၊ မကွေးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသွားသော ရှမ်းပြည်နယ်အသင်း၊ ပထမဆုရရှိသွားသော မန္တလေးတိုင်းဒေသကြီးအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ ဦးထွန်းဖြူကလည်းကောင်း၊ အမျိုးသား 5×5 ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသွားသော မွန်ပြည်နယ်အသင်း၊ ကချင်ပြည်နယ်အသင်း၊ ဒုတိယဆုရရှိသွားသော ရှမ်းပြည်နယ်အသင်း၊ ပထမဆုရရှိသွားသော မန္တလေးတိုင်းဒေသကြီးအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင့်နိုင်ကလည်းကောင်း ၊ အမျိုးသမီး 3 x 3 ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ အမျိုးသား 3 x 3 ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော ရှမ်းပြည်နယ်အသင်းတို့အား တံခွန်စိုက်ဆုဖလားများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ( ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ) ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူကလည်းကောင်း ၊ အမျိုးသမီး 5 x 5 ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော မန္တလေးတိုင်းဒေသကြီးအသင်း ၊ အမျိုးသား 5 x 5 ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော မန္တလေးတိုင်းဒေသကြီးအသင်းတို့အား တံခွန်စိုက်ဆုဖလားများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ( ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ) ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်း ၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်းတို့ကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရှိရကာ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။