အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

မြန်မာ့အားကစားသမိုင်းနှင့် ဝန်ကြီးဌာန သမိုင်းအကျဉ်း

(၁) BURMA ATHLETIC ASSOCIATION – (B.A.A) ကာလ ((၂၀) ရာစုအဝင်မှ ၁၉၄၁ ခုနှစ်အထိ)

(၂၀)ရာစုအဝင်မှ ၁၉၄၁ ခုနှစ်အထိ ရန်ကုန်မြို့တွင် (BURMA ATHLETIC ASSOCIATION)နှင့် မန္တလေးမြို့တွင် (UPPER BURMA ATHLETIC ASSOCIATION)တို့က ဦးဆောင်၍ အားကစားလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ၁၉၃၆ ခုနှစ် ၊ ဂျာမဏီနိုင်ငံ ၊ ဘာလင်မြို့တွင် ကျင်းပသည့် (၁၁)ကြိမ်မြောက် အိုလံပစ်ပြိုင်ပွဲတွင် အလေးမ အားကစားသမား ဦးဇော်ဝိတ်နှင့် နည်းပြ ဦးရှိန်တို့ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ 

(၂) အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေးကောင်စီ (NATIONAL FITNESS COUNCIL) မပေါ်မီကာလ (သို့) (BURMA OLYMPIC ASSOCIATION) ကာလ (ဒုတိယကမ္ဘာစစ်ပြီးချိန်မှ ၁၉၅၀ ပြည့်နှစ် အစပိုင်းအထိ)

(၂၆.၁၁.၁၉၄၆) ရက်နေ့တွင် မြန်မာပြည်အိုလံပစ်အသင်း (BURMA OLYMPIC ASSOCIATION) (B.O.A)ကို ဖွဲ့စည်းခဲ့ပြီး နာယကအဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဘုရင်ခံ (SIR HUBERT RANCE) ၊ ဥက္ကဌအဖြစ် ဆာဂျေအေမောင်ကြီး၊ ဒုတိယဥက္ကဌအဖြစ် ဦးရာဇတ်တို့ ဆောင်ရွက်ခဲ့သည်။ (၉.၇.၁၉၄၇)ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီနှင့် တရားဝင်ဆက်သွယ်ခဲ့ပြီး ၁၉၄၈ ခုနှစ် ၊ (၁၄) ကြိမ်မြောက် လန်ဒန်အိုလံပစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံအဖြစ် စတင်ပါဝင်ယှဉ်ပြိုင် ခွင့်ရရှိသည်။

(၃) အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေးကောင်စီ (NATIONAL FITNESS COUNCIL) (၁၉၅၀ ခုနှစ်မှ ၁၉၆၄ ခုနှစ်အထိ)

(၉.၁၀.၁၉၅၀) ရက်နေ့တွင် ဥပဒေနှင့်အညီ အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေးကောင်စီ (NATIONAL FITNESS COUNCIL) (NFC)ဖွဲ့စည်းခဲ့ပြီး၊ ဥက္ကဌအဖြစ် ကျန်းမာရေးဝန်ကြီးတာဝန်ယူ၍ အဖွဲ့ဝင်(၁၅)ဦး ပါဝင်သည်။ ရည်ရွယ်ချက်မှာ “တစ်မျိုးသားလုံး၏ ကျန်းမာရေးနှင့် လူငယ်တို့၏ ကိုယ်လက်ကြံ့ခိုင်ရေး” ကို အထူးဂရုပြု ဆောင်ရွက်ရန် ဖြစ်ပါသည်။ တစ်နိုင်ငံလုံးတွင် (DISTRICT COUNCIL)များ ဖွဲ့စည်း၍ ခရိုင်စည်းရုံးရေးမှူးများ ခန့်အပ်တာဝန်ပေးပြီး၊ အားကစားလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ၁၉၅၂ ခုနှစ်မှစတင်၍ ပြည်နယ်နှင့်တိုင်း ဘောလုံးပြိုင်ပွဲကို ကျင်းပခဲ့သည်။ အပြည်ပြည်ဆိုင်ရာပြိုင်ပွဲများအနေဖြင့် ၁၉၅၇ ခုနှစ် အရှေ့တောင်အာရှလက်ဝှေ့ပြိုင်ပွဲနှင့် ၁၉၆၁ ခုနှစ် ဒုတိယအကြိမ် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲတို့ကို လက်ခံကျင်းပပေးနိုင်ခဲ့သည်။  

(၄) မြန်မာနိုင်ငံ အားကစားနှင့်ကာယပညာကော်မတီ (၁၉၄၆ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ) 

(၂၇.၅.၁၉၆၄) ရက်နေ့တွင်  စတင်ဖွဲ့စည်းသည်။  ဥက္ကဌအဖြစ် ဗိုလ်မှူးကြီးလှဟန် ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီးနှင့် အတွင်းရေးမှူးအဖြစ် ဗိုလ်မှူးကြီးဂွမ်ရှိန် အားကစားနှင့်ကာယပညာကော်မတီရုံး ညွှန်ကြားရေးမှူးချုပ်တို့ တာဝန်ယူ ဆောင်ရွက်ပြီး တစ်နိုင်ငံလုံးတွင် တိုင်း၊ ခရိုင်နှင့် မြို့နယ်ကော်မတီများ ဖွဲ့စည်း၍ အားကစားမှူးများ ခန့်အပ်တာဝန်ပေးဆောင်ရွက်ခဲ့သည်။ 

(၅) အားကစားနှင့်ကာယပညာဦးစီးဌာန ဖွဲ့စည်းဆောင်ရွက်ခြင်း

၁၉၇၂ ခုနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနလက်အောက်၌ အားကစားနှင့်ကာယပညာဦးစီးဌာနကို ဖွဲ့စည်းတာဝန်ပေးသည်။ (၁.၇.၁၉၉၃) ရက်နေ့မှစ၍ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်မှ ဝန်ကြီးချုပ်ရုံး ဝန်ကြီးလက်အောက်သို့ ပြောင်းလဲဖွဲ့စည်းတာဝန်ပေးခဲ့သည်။

(၆) အားကစားဝန်ကြီးဌာန ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း

  • နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ (၁၈.၁၂.၉၆)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၀/၉၆)ဖြင့် အားကစားဝန်ကြီးဌာနအဖြစ် တိုးချဲ့ဖွဲ့စည်းပေးခဲ့ပြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနကို ဝန်ကြီးချုပ်ရုံးအောက်မှ အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းလက်ခံ ဆက်လက်ဆောင်ရွက်ခဲ့သည်။
  • (၁၈.၁၂.၁၉၉၆)ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်(၇/၉၆)ဖြင့် ဗိုလ်မှူးချုပ်စိန်ဝင်းကို အားကစားဝန်ကြီးဌာန၊ ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ပြီး (၁၈.၁၂.၁၉၉၆ မှ ၂၈.၁၀.၁၉၉၉ ထိ) တာဝန်ထမ်းဆောင်ခဲ့ပါသည်။
  • (၂၉.၁၀.၁၉၉၉)ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ကြော်ငြာချက်အမှတ် (၃/၉၉)ဖြင့် ဗိုလ်မှူးချုပ်သူရအေးမြင့်အား ပြောင်းလဲခန့်အပ်တာဝန်ပေးခဲ့ပြီ (၂၉.၁၀.၁၉၉၉ မှ ၃၀.၃.၂၀၁၁ ထိ) တာဝန်ထမ်းဆောင်ခဲ့ပါသည်။
  • (၃၀.၃.၂၀၁၁) ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ ကြော်ငြာချက်အမှတ် (၁/၂၀၁၁)ဖြင့် ဦးတင့်ဆန်းအား ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ် တာဝန်ပေးခဲ့ပြီး (၃၀.၃.၂၀၁၁ မှ ၃၀.၃.၂၀၁၆ ထိ) တာဝန်ထမ်းဆောင်ခဲ့ပါသည်။
  • (၃၁.၃.၂၀၁၁) ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ ကြော်ငြာချက်အမှတ် (၁၃/၂၀၁၁)ဖြင့် ဦးအေးမြင့်ကြူအား ဒုတိယဝန်ကြီးအဖြစ် စတင်ခန့်အပ်တာဝန်ပေးခဲ့ပြီး (၃၁.၃.၂၀၁၁ မှ ၇.၉.၂၀၁၂ ထိ) တာဝန်ထမ်းဆောင်ခဲ့ပါသည်။
  • (၂၇.၈.၂၀၁၀) ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ ကြော်ငြာချက်အမှတ် (၂၁/၂၀၁၂)ဖြင့် ဦးသောင်းထိုက်အား ဒုတိယဝန်ကြီးအဖြစ် တာဝန်ပေးခဲ့ပြီး (၇.၉.၂၀၁၂ မှ ၃၀.၃.၂၀၁၆ ထိ) တာဝန်ထမ်းဆောင်ခဲ့ပါသည်။
  • (၂၉.၇.၂၀၁၃) ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ ကြော်ငြာချက်အမှတ် (၂၈/၂၀၁၃)ဖြင့် ဦးဇော်ဝင်းအား ဒုတိယဝန်ကြီးအဖြစ် တာဝန်ပေးခဲ့ပြီး (၂၉.၇.၂၀၁၃ မှ ၃၀.၃.၂၀၁၆ ထိ) တာဝန်ထမ်းဆောင်ခဲ့ပါသည်။ 

(၇) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း

  • (၃၀.၃.၂၀၁၆)ရက်နေ့တွင် နိုင်ငံတော်သမ္မရုံး၏ ကြော်ငြာချက်အမှတ် (၁/၂၀၁၆)ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာနကို ကျန်းမာရေးဝန်ကြီးဌာနအဖြစ် ပေါင်းစပ်ဖွဲ့စည်း၍ ဒေါက်တာမြင့်ထွေးအား ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ် တာဝန်ပေးအပ်ခဲ့ပြီး (၃၀.၃.၂၀၁၆ မှ ၃၁.၁.၂၀၂၁ ထိ) တာဝန်ထမ်းဆောင်ခဲ့ပါသည်။ 
  • (၁.၄.၂၀၁၆) ရက်နေ့မှစ၍ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်သို့ ထည့်သွင်းဖွဲ့စည်းခဲ့ပါသည်။
  • နိုင်ငံတော်သမ္မတရုံး၏ (၂၅.၅.၂၀၁၆) ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်(၂၀/၂၀၁၆)ဖြင့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး၏ သဘောတူညီချက်အရ ကျန်းမာရေးဝန်ကြီးဌာနကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအဖြစ် အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။
  • နိုင်ငံတော်သမ္မတရုံး၏ (၂.၇.၂၀၁၈) ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၃၁/၂၀၁၈)ဖြင့် ဒေါက်တာမြလေးစိန်အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီး   (၂.၇.၂၀၁၈ မှ ၃၁.၁.၂၀၂၁ ထိ) တာဝန်ထမ်းဆောင်ခဲ့ပါသည်။
  • တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ (၁.၂.၂၀၂၁) ရက်စွဲပါအမိန့်အမှတ် (၆/၂၀၂၁)ဖြင့် ဒေါက်တာသက်ခိုင်ဝင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီး (၁.၂.၂၀၂၁ မှ ၁.၈.၂၀၂၁ ထိ) တာဝန်ထမ်းဆောင်ခဲ့ပါသည်။
  • နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီ၏ (၇.၂.၂၀၂၁) ရက်စွဲပါအမိန့်အမှတ် (၃၁/၂၀၂၁)ဖြင့် ဦးမျိုးလှိုင်အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီး (၇.၂.၂၀၂၁ မှ ၄.၈.၂၀၂၁ ထိ) တာဝန်ထမ်းဆောင်ခဲ့ပါသည်။  

(၈) အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း

  • (၁.၈.၂၀၂၁) ရက်စွဲပါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်(၁၅၁/၂၀၂၁)အရ ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာနကို ကျန်းမာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ 
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁.၈.၂၀၂၁)ရက်စွဲပါ အမိန့်အမှတ် (၁၅၇/၂၀၂၁)ဖြင့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမင်းသိန်းဇံအား  တာဝန်ပေးခန့်အပ်ခဲ့ပါသည်။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၄.၈.၂၀၂၁)ရက်စွဲပါ အမိန့်အမှတ်(၁၆၈/၂၀၂၁)ဖြင့် ဦးမျိုးလှိုင်အား အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီး (၄.၈.၂၀၂၁ မှ ၃၀.၁.၂၀၂၄ ထိ) တာဝန်ထမ်းဆောင်ခဲ့ပါသည်။ 
  • အားကစားနှင့်ကာယပညာဦးစီးဌာနသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လက်အောက်တွင် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
  • (၂.၂.၂၀၂၂) ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂)အရ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် လူငယ်ရေးရာဦးစီးဌာနကို  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လက်အောက်တွင် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပါသည်။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁၉.၈.၂၀၂၂) ရက်စွဲပါ အမိန့်အမှတ် (၅၇/၂၀၂၂)ဖြင့် ဒေါက်တာစိုးဝင်းအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီး (၁၉.၈.၂၀၂၂ မှ ၂၁.၇.၂၀၂၃ ထိ) တာဝန်ထမ်းဆောင်ခဲ့ပါသည်။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၂၁.၇.၂၀၂၃)ရက်စွဲပါ အမိန့်အမှတ် (၄၆/၂၀၂၃)ဖြင့် ဦးဇင်မင်းထက်အား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ပေးခန့်အပ်ခဲ့ပါသည်။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၃၁.၁.၂၀၂၄)ရက်စွဲပါ အမိန့်အမှတ် (၁၅/၂၀၂၄)ဖြင့် ဦးထိန်လင်းအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ပေးခန့်အပ်ခဲ့ပါသည်။

တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဝန်ကြီး/ပြည်ထောင်စုဝန်ကြီးများ

၁။ ဗိုလ်မှူးချုပ်စိန်ဝင်း (၁၈-၂-၁၉၉၆ မှ ၂၈-၁၀-၁၉၉၉ ထိ)

၂။ ဗိုလ်မှူးချုပ်သူရအေးမြင့် (၂၉-၁၀-၁၉၉၉ မှ ၃၀-၃-၂၀၁၁ ထိ)

၃။ ဦးတင့်ဆန်း (၃၀-၃-၂၀၁၁ မှ ၃၀-၃-၂၀၁၆ ထိ)

၄။ ဒေါက်တာမြင့်ထွေး (၃၀-၃-၂၀၁၆ မှ ၃၁-၁-၂၀၂၁ ထိ)

၅။ ဒေါက်တာသက်ခိုင်ဝင်း (၁-၂-၂၀၂၁ မှ ၁-၈-၂၀၂၁ ထိ)

၆။ ဦးမင်းသိန်းဇံ (၁-၈-၂၀၂၁ မှ ယနေ့အထိ)

တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဒုတိယဝန်ကြီးများ

၁။ ဦးအေးမြင့်ကြူ (၃၀.၃.၂၀၁၁ မှ ၆.၉.၂၀၁၂ ထိ)

၂။ ဦးသောင်းထိုက် (၇.၉.၂၀၁၂ မှ ၃၀.၃.၂၀၁၆ ထိ)

၃။ ဦးဇော်ဝင်း (၂၉.၇.၂၀၁၃ မှ ၃၀.၃.၂၀၁၆ ထိ)

၄။ ဒေါက်တာမြလေးစိန် (၂.၇.၂၀၁၈ မှ ၁.၂.၂၀၂၁ ထိ)

၅။ ဦးမျိုးလှိုင် (၄.၈.၂၀၂၁ မှ ၃၀.၁.၂၀၂၄ ထိ)

၆။ ဒေါက်တာစိုးဝင်း (၁၉.၈.၂၀၂၂ မှ ၂၁.၇.၂၀၂၃ ထိ)

၇။ ဦးဇင်မင်းထက် (၂၂.၇.၂၀၂၃ မှ ယနေ့အထိ)

၈။ ဦးထိန်လင်း(၃၁.၁.၂၀၂၄ မှ ယနေ့အထိ)

အားကစားနှင့်ကာယပညာဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ညွှန်ကြားရေးမှူးချုပ်များ

၁။ ဦးမောင်မောင်ကလေး (၁၉၅၁ မှ ၁၉၅၃ ထိ)

၂။ ဦးဇော်ဝိတ် (၁၉၅၃ မှ ၁၉၆၄ ထိ)

၃။ ဗိုလ်မှူးကြီးဂွမ်ရှိန် (၁၉၆၄ မှ ၁၉၇၈ ထိ)

၄။ ဗိုလ်မှူးကြီးထွန်းငြိမ်း (၁၉၇၈ မှ ၁၉၈၁ ထိ)

၅။ ဗိုလ်မှူးကြီးကျော်စိန်ထွန်း (၁၉၈၁ မှ ၁၉၈၄ ထိ)

၆။ ဗိုလ်မှူးကြီးအောင်ဒင် (၁၉၈၄ မှ ၁၉၉၂ ထိ)

၇။ ဗိုလ်မှူးကြီးမြင့်ထွန်း (၁၉၉၂ မှ ၁၉၉၄ ထိ)

၈။ ဗိုလ်မှူးကြီးထွန်းစိန် (၁၉၉၄ မှ ၁၉၉၆ ထိ)

၉။ ဗိုလ်မှူးကြီးလှမြင့်ကျော် (၁၉၉၆ မှ ၁၉၉၉ ထိ)

၁၀။ ဦးသောင်းထိုက် (၁၉၉၉ မှ ၂၀၁၂ ထိ)

၁၁။ ဦးမျိုးလှိုင် (၂၀၁၂ မှ ၂၀၂၁ ထိ)

၁၂။ ဦးထွန်းမြင့်ဦး (၂၀၂၁ မှ ယနေ့အထိ)

လူငယ်ရေးရာဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ညွှန်ကြားရေးမှူးချုပ်များ

၁။ ဦးနေဝင်း (၂၀၂၂ မှ ၁၂.၁၂.၂၀၂၃ ထိ)

၂။ ဦးထက်အောင် (၁.၃.၂၀၂၄ မှ ယနေ့အထိ)

Loading