အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား / အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား / အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ ဧပြီ ၃၀။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား / အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို (၂၉.၄.၂၀၂၄)ရက်နေ့၊ ညနေ (၁၅း၀၀) နာရီအချိန်တွင် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ပြိုင်ပွဲတွင် ဆုရရှိသော အသင်းများနှင့် အကောင်းဆုံးဆုရရှိသော အားကစားသမားများအား ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီ နာယက တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ဂုဏ်ပြုဆုငွေများ အသီးသီး ချီးမြှင့်ပေးခဲ့ပါသည်။

၂၀၂၄ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ၁ဝ မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ

Loading

၂၀၂၄ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ၁ဝ မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ မော်လမြိုင်၊ ဧပြီ ၃၀။ ၂၀၂၄ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ၁ဝ မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ၂၉.၄.၂၀၂၄ ရက်နေ့ နံနက် ၈ နာရီ အချိန် မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်ပိုက်ကျော်ခြင်းဆပ်ကော်မတီများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ပါသည်။ ဆုပေးပွဲအခမ်းအနားတွင် အမျိုးသား ၃ယောက်တွဲ […]

၂၀၂၄ခုနှစ် နွေရာသီလက်ဝှေ့အခြေခံသင်တန်းဆင်းပွဲနှင့်လက်ရည်စမ်းပွဲကျင်းပ

Loading

၂၀၂၄ခုနှစ် နွေရာသီလက်ဝှေ့အခြေခံသင်တန်းဆင်းပွဲနှင့်လက်ရည်စမ်းပွဲကျင်းပ ရန်ကုန်၊ဧပြီ(၂၇)ရက်။ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေပြီး အားကစားကို ဝါသနာပါလာစေရန်၊ဗလငါးတန်းနှင့် ပြည့်စုံ၍ ကျန်းမာကြံ့ခိုင်သည့် လူငယ် /လူရွယ်များ ဖြစ်ပေါ်လာစေရန်နှင့် မိမိဝါသနာပါရာ အားကစားနည်းကို လေ့လာလိုက်စားခြင်းမှ အဆင့်ဆင့်ကျွမ်းကျင်တတ်မြောက်ကာ စဉ်ဆက်မပြတ် လေ့ကျင့်ပြီး နိုင်ငံတော်အတွက် အားထားရမည့် မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့် ကာယပညာဦးစီးဌာန ၊ မြန်မာနိင်ငံလက်ဝှေ့အဖွဲ့ချုပ်မှ ၂၀၂၄ ခုနှစ် နွေရာသီလက်ဝှေ့အခြေခံသင်တန်းဆင်းပွဲနှင့် လက်ရည်စမ်းပွဲကို ယနေ့နံနက် ၁၁ နာရီ အချိန်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် လူငယ်လေ့ကျင့်ရေးစခန်းရှိ (YTC) မြန်မာနိင်ငံလက်ဝှေ့အဖွဲ့ချုပ်တွင်ကျင်းပခဲ့သည်။ ဦးစွာလက်ရည်စမ်းပြိုင်ပွဲများတွင် ၂၅ကီလို၊၂၆ကီလို၊၂၈ကီလို၊၄၉ကီလို၊၅၃ကီလို အထူးပွဲစဥ်များနှင့်၄၉ကီလို၊၅၃ကီလို၊၆၃ကီလို၊၇၃ကီလို၊၇၅ကီလိုတန်းများစုစု‌ေပါင်းပွဲစဥ်(၁၅)ပွဲယှဉ်ပြိုင်ကြပြီး ပထမနှင့်ဒုတိယ ဆုရရှိသူများကိုမြန်မာနိင်ငံလက်ဝှေ့အဖွဲ့ချုပ်မှဒုတိယဥက္ကဌဦးလင်းဇာနည်‌ရွှေနှင့်တာဝန်ရှိပုဂ္ဂိုလ်များကဆုများ ၊ သင်တန်းဆင်းလက်မှတ်များအသီးသီးပေးအပ်ချီးမြင့်ခဲ့ကြသည်။ အဆိုပါသင်တန်းတွင် သင်တန်းသား(၄၂)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရသည်။

ယူအေဘီဘဏ် ကြက်‌တောင်ဂျူနီယာချန်ပီယံရှစ်အမျိုးသား၊အမျိုးသမီးကြက်‌တောင်ပြိုင်ပွဲကျင်းပမည်

Loading

ယူအေဘီဘဏ် ကြက်‌တောင်ဂျူနီယာချန်ပီယံရှစ်အမျိုးသား၊အမျိုးသမီးကြက်‌တောင်ပြိုင်ပွဲကျင်းပမည် ရန်ကုန်၊ဧပြီ(၂၆ )ရက်။ မြန်မာနိုင်ငံကြက်တောင်အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်အတွက် ပြောင်းလဲလာသောခေတ်စနစ်နှင့်အညီ ကြက်တောင်အားကစားအောင်နိုင်ရေးလုပ်ငန်းများအား အရှိန်အဟုန်မပျက် စနစ်တကျဆောင်ရွက်နိုင်ရန်၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်နှင့်ပူးပေါင်း၍ Uab Bank Badminton Junior Championship 2024 ကြက်တောင်ပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့နံနက်က ပြုလုပ်သည့်စာနယ်ဇင်ရှင်းလင်းပွဲမှ သိရသည်။ ဦးစွာအားကစားနှင့်ကာယပညာဦးစီးဌာန ၊ အားကစားမူး မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်အ‌‌ထွေထွေအတွင်းရေးမှူး ဦးဘရန်မိုင်က အမှာစကားပြောကြားပြီးUABမှတာ၀န်ရှိသူဒေါ်ယဉ်သွယ်ဌေးကပြိုင်ပွဲအားအဓိကပံ့ပိုးပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ အဆိုပါပြိုင်ပွဲတွင် အသက်(၉)နှစ်အောက်၊ (၁၁)နှစ်အောက်၊ (၁၃)နှစ်အောက်၊ (၁၅)နှစ်အောက်၊ (၁၇)နှစ်အောက်၊အသက်(၁၉)နှစ်အောက် အမျိုးသား၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲများ၊ အသက်(၁၅)နှစ်အောက်၊ အသက်(၁၇)နှစ်အောက်၊ အသက်(၁၉) နှစ်‌ေအာက်အမျိုးသားနှစ်ယောက်တွဲပြိုင် ပွဲနှင့် အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲများ ပါဝင်မည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲအား မေ ၁ ရက်မှ ၄ ရက်နေ့အထိ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်အမျိုးသားကြက် တောင်အားကစားခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ခင်းကျင်းပြသထားသည့်ပြခန်းအား လိုက်လံကြည့်ရှုလေ့လာ

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ခင်းကျင်းပြသထားသည့်ပြခန်းအား လိုက်လံကြည့်ရှုလေ့လာ နေပြည်တော်၊ ဧပြီ (၂၇)။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်မှအရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာများမှတာဝန်ရှိပုဂ္ဂိုလ်များ၊ လူရည်ချွန်မောင်မယ်များ၊ ကင်းထောက်လူငယ်များ၊ ရေကျောင်းလူငယ်များ၊ လေကျောင်းလူငယ်များ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်းဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ၌ ကျင်းပသည့် ပညာရေးဝန်ကြီးဌာန၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များ ဩဝါဒခံယူပွဲအခမ်းအနားနှင့် ဝန်ကြီးဌာနများအလိုက် ခင်းကျင်းပြသထားသော ပြခန်းများအနက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ခင်းကျင်းပြသထားသည့် ပြခန်းတွင် နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားများ၏ ပုံတူရုပ်တုများ၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှု ဆုတံဆိပ်များရရှိခဲ့သည့် မှတ်တမ်းဓါတ်ပုံများ၊ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွင့်လှစ် သင်ကြားပေးခဲ့သည့် သင်တန်းမှတ်တမ်းဓါတ်ပုံများနှင့် […]

၂၀၂၄ ခုနှစ်၊ ဖိတ်ခေါ်အားကစားပြိုင်ပွဲများအောင်မြင်စွာကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ဖိတ်ခေါ်အားကစားပြိုင်ပွဲများအောင်မြင်စွာကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ တောင်ကြီး၊ ဧပြီ ၂၅။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ်အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးအတွက် ၂၀၂၄ ခုနှစ်၊ ဖိတ်ခေါ်အားကစားပြိုင်ပွဲများအောင်မြင်စွာကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ၂၄.၄.၂၀၂၄ ရက်နေ့ ညနေ(၁၅း၃၀)နာရီအချိန်တွင် ပြည်နယ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ နှင့် အားကစားဆပ်ကော်မတီများအလိုက် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ဆက်လက်ပြီး ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းက အားကစားနည်းအလိုက် ဖိတ်ခေါ်အားကစားပွဲများ ကျင်းပနိုင်ရေးနှင့်စပ်လျဥ်း၍ ပြောကြားခဲ့ရာတွင် ပြည်နယ်အတွင်း အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် အဓိကကျသော မျိုးဆက်သစ်အားကစားသမားများ စဥ်ဆက်မပြတ်ပေါ်ထွက်လာစေရန်၊ အဆင့်အတန်းမြင့်မားပြီး ပြိုင်ဆိုင်မှုများပြင်းထန်သောပြိုင်ပွဲများ အဆက်မပြတ်ကျင်းပပေးခြင်းဖြင့် အတွေ့အကြုံကောင်းများရရှိပြီး အဆင့်မီသောအားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ဖိတ်ခေါ်အားကစားပြိုင်ပွဲများကိုကျင်းပနိုင်ရန် ရည်ရွယ်ခဲ့ပါကြောင်း၊ မိမိတို့ပြည်နယ်အတွင်း၌ ယခင်ကကျင်းပခဲ့သော ဖိတ်ခေါ်အားကစားပြိုင်ပွဲများ၊ အထိမ်းအမှတ်ပြိုင်ပွဲများအား အစဥ်အလာမပျက် […]

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ၂၀၂၄ ခုနှစ်၊ နွေရာသီအခြေခံနှင့် အဆင့်မြင့်အားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ၂၀၂၄ ခုနှစ်၊ နွေရာသီအခြေခံနှင့် အဆင့်မြင့်အားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကျင်းပ မုံရွာ၊ ဧပြီ ၂၅။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၄-ခုနှစ်၊ နွေရာသီအခြေခံနှင့်အဆင့်မြင့် နွေရာသီ အားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့ အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နည်းပြများ၊ သင်တန်းသား/သူများနှင့်မိဘများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အစိုးရအနေဖြင့် အားကစားကို အမျိုးသားရေးတာဝန် […]

၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ၁၀ မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ၁၀ မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ ၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ၁၀ မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို ၂၅-၄-၂၀၂၄ ရက်နေ့ နံနက် ၀၈:၃၀ နာရီအချိန် မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ အဖွင့်မိန့်ခွန်း ပြောကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပါသည်။ အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၊ မွန်ပြည်နယ်အစိုးအဖွဲ့ဝန်ကြီးများ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ၊ အားကစားဝါသနာရှင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ပါသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပဏာမမြန်မာ့လက်ရွေးစင်အားကစားသမားများနှင့်လူငယ်အားကစားသမားများအား တွေ့ဆုံအမှာစကားပြောကြား

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပဏာမမြန်မာ့လက်ရွေးစင်အားကစားသမားများနှင့်လူငယ်အားကစားသမားများအား တွေ့ဆုံအမှာစကားပြောကြား နေပြည်တော်၊ ဧပြီ (၂၅)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) တွင် စခန်းဝင် လေ့ကျင့်လျက်ရှိသည့် ပဏာမမြန်မာ့လက်ရွေးစင်အားကစားသမားများနှင့် လူငယ်အားကစားသမားများအား တွေ့ဆုံအမှာစကား ပြောကြားသည့်အခမ်းအနားကို ယနေ့ နေ့လယ်(၁၂)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Gold Medal Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက တွေ့ဆုံအမှာစကားပြောကြားရာတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားသမားများအနေဖြင့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် သက်ဆိုင်ရာအားကစားနည်းများအလိုက် အောင်မြင်မှုဆုတံဆိပ်များရရှိအောင် ကြိုးစားအားထုတ်လေ့ကျင့်သွားရန် အထူးမှာကြားလိုကြောင်း၊ လေ့ကျင့်မှုများမှသာ ပြီးပြည့်စုံလာမည်ဖြစ်သည့်အတွက် လေ့ကျင့်မှုများများပြုလုပ်သွားရန်လိုကြောင်း၊ ယခုလေ့ကျင့်ရရှိထားသည့် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၄ ခုနှစ်၊ နွေရာသီအဆင့်မြင့်အားကစားသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၄ ခုနှစ်၊ နွေရာသီအဆင့်မြင့်အားကစားသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ် နေပြည်တော်၊ ဧပြီ (၂၅)။ ပြည်ထောင်စုနယ်မြေနေပြည်တော်မှ ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်များ တွင်  အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ နွေရာသီအဆင့်မြင့်အားကစား သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ရွှေကြာပင်အားကစားရုံ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာ စကားပြောကြားရာတွင် ကျောင်းသားလူငယ်များ အားကစားကိုစိတ်ပါဝင်စား လာစေရန်နှင့် နွေရာသီ ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် နွေရာသီအခြေခံ အားကစားသင်တန်းများကို ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ထိုသင်တန်းများမှ အလားအလာရှိသည့် သင်တန်းသား/သင်တန်းသူ လူငယ်မောင်မယ်များကို အားကစားနည်းအလိုက် နည်းစနစ် မှန်မှန်ကန်ကန် ဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာဆက်လက်လေ့ကျင့်နိုင်စေရန် ယခုနွေရာသီအဆင့်မြင့် အားကစားသင်တန်းများ ကို […]