အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကက်ဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဩဂုတ် ၅

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးပြီး မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပခဲ့သည်။

ယနေ့ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကက်ဘော(အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ အဖြစ် မွန်ပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို ရမှတ် ၆၃ မှတ် ၂၉ မှတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ရမှတ် ၈၁ မှတ် ၃၀ မှတ်ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ရမှတ် ၉၉ မှတ် ၇၈မှတ် ဖြင့်လည်းကောင်း၊ ချင်းပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ရမှတ် ၅၂ မှတ် ၄၅ မှတ်ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ရမှတ် ၉၄ မှတ် ၇၀ မှတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို ရမှတ် ၆၃ မှတ် ၄၀ မှတ်ဖြင့်လည်းကောင်း၊ (အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်း က စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ရမှတ် ၃၈ မှတ် ၃၃ မှတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အသင်းက ကချင်ပြည်နယ်အသင်းကို ရမှတ် ၅၃ မှတ် ၄၉ မှတ်ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ရမှတ် ၂၉ မှတ် ၁၂ မှတ်ဖြင့်လည်းကောင်း၊ မကွေးတိုင်း ဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ရမှတ် ၆၀ မှတ် ၂၆ မှတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့ ဘတ်စကက်ဘောပြိုင်ပွဲ (အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များအဖြစ် ရှမ်းပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်း၊ ချင်းပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် မွန်ပြည်နယ် အသင်း၊ (အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ မွန်ပြည်နယ်အသင်းနှင့် ကချင်ပြည်နယ်အသင်း၊ ရှမ်းပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း၊ ကယားပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်းသိရသည်။