![]()
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကက်ဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ
နေပြည်တော်၊ ဩဂုတ် ၇
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးပြီး မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကက်ဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပခဲ့သည်။
ယနေ့ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကက်ဘော 5 x 5 (အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များအဖြစ် မွန်ပြည်နယ်အသင်းက ကယားပြည်နယ်အသင်းကို ရမှတ် ၇၅ မှတ် ၅၅ မှတ်ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ရမှတ် ၇၂ မှတ် ၄၈ မှတ် ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ရမှတ် ၁၀၃ မှတ် ၅၄ မှတ်ဖြင့် လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက ချင်းပြည်နယ်အသင်းကို ရမှတ် ၇၃ မှတ် ၄၄ မှတ်ဖြင့် လည်းကောင်း၊ 5 x 5 (အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် ရှမ်းပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ရမှတ် ၄၅ မှတ် ၄၄ မှတ်ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ် အသင်းက ကယားပြည်နယ်အသင်းကို ရမှတ် ၆၁ မှတ် ၃၄ မှတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ရမှတ် ၅၈ မှတ် ၂၃ မှတ်ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးကို ရမှတ် ၇၈ မှတ် ၆၈ မှတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
3 x 3 (Court-A) အမျိုးသား အုပ်စုပတ်လည်ပွဲစဥ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ရမှတ် ၂၀ မှတ် ၁၈ မှတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ရမှတ် ၂၁ မှတ် ၇ မှတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ရမှတ် ၂၁ မှတ် ၁၂ မှတ်ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ရမှတ် ၁၉ မှတ် ၉ မှတ်ဖြင့်လည်းကောင်း၊ ချင်းပြည်နယ် အသင်းက ကရင်ပြည်နယ်အသင်းကို ရမှတ် ၂၂ မှတ် ၁၃ မှတ်ဖြင့်လည်းကောင်း၊ မကွေးတိုင်း ဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ရမှတ် ၂၁ မှတ် ၁၃ မှတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို ရမှတ် ၂၁ မှတ် ၅ မှတ်ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို ရမှတ် ၁၇ မှတ် ၅ မှတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
3 x 3 (Court-B) အမျိုးသမီး အုပ်စုပတ်လည်ပွဲစဥ်များအဖြစ် ရှမ်းပြည်နယ်အသင်းက ကယားပြည်နယ်အသင်းကို ရမှတ် ၁၆ မှတ် ၃ မှတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ရမှတ် ၇ မှတ် ၅ မှတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ရမှတ် ၂၀ မှတ် ၆ မှတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ရမှတ် ၁၈ မှတ် ၃ မှတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ရမှတ် ၁၄ မှတ် ၁၀ မှတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို ရမှတ် ၂၀ မှတ် ၂ မှတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ရမှတ် ၁၁ မှတ် ၉ မှတ်ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ရမှတ် ၁၅ မှတ် ၅ မှတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့ ဘတ်စကက်ဘော 5 x 5 (အမျိုးသား) အကြိုဗိုလ်လုပွဲ ပွဲစဉ်တွင် မွန်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း၊ ရှမ်းပြည်နယ်အသင်းနှင့် ကချင်ပြည်နယ် အသင်း၊ 5 x 5 (အမျိုးသမီး) အကြိုဗိုလ်လုပွဲ ပွဲစဉ်တွင် ရှမ်းပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ မကွေးတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ဆက်လက်ပြီး 3 x 3 (Court-A) အမျိုးသားပြိုင်ပွဲများအဖြစ် ချင်းပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း၊ ကရင်ပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်း၊ မွန်ပြည်နယ် အသင်းနှင့် ရှမ်းပြည်နယ်အသင်း၊ ကယားပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ကချင် ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်း၊ ကရင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်း ဒေသကြီးအသင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ချင်းပြည်နယ်အသင်း၊ 3 x 3 (Court-A) အမျိုးသား ကွားတားဖိုင်နယ်ပွဲစဉ်များကိုလည်းကောင်း 3 x 3 (Court-B) အမျိုးသမီးအသင်းပြိုင်ပွဲများအဖြစ် မကွေးတိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ရှင်းပြည်နယ်အသင်း၊ မွန်ပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်း၊ မန္တလေးတိုင်းဒေသကြီး အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်း၊ ရှမ်းပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီ တိုင်းဒေသကြီးအသင်း၊ ကယားပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်း၊ 3 x 3 (Court-B) အမျိုးသမီး အကြိုဗိုလ်လုပွဲ ပွဲစဉ်များ အုပ်စု(က) ပထမအသင်းနှင့် အုပ်စု(ခ)ဒုတိယအသင်း၊ အုပ်စု(ခ) ပထမအသင်းနှင့်အုပ်စု(က)ဒုတိယအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်၍ အားကစား ဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

