အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနားကျင်းပ

တောင်ကြီး၊ ဇူလှိုင်(၁၃)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ၁၃.၇.၂၀၂၃ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် အေးသာယာမြို့၊အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ခန်းမ၌လည်းကောင်း ၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် ရွှေညောင်မြို့၊ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ခန်းမ၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုး တို့တက်ရောက်ခဲ့ကြပြီး လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ လူငယ်များမူးယစ်ဆေးဝါးသုံးစွဲခြင်းမှရှောင်ကြဥ်နိုင်ကြစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) အေးသာယာမှကျောင်းသား /ကျောင်းသူ (၂၀၀)ဦး၊ အမှတ်(၂)အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ) ရွှေညောင်မှ ကျောင်းသား/ ကျောင်းသူ(၁၅၀)ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူအင်အား (၃၅၀)ဦးတို့မှတက်ရောက်ခဲ့ကြပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးက အားကစားနှင့်မူးယစ်ဆေး၊ တောင်ကြီးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးဆူးညီညီသိန်းဝင်းက လူငယ်နှင့်အားကစားခေါင်းစဥ်များဖြင့် ဟောပြောခဲ့ကြကာ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုး က အားကစားပစ္စည်းများထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်းသိရှိရပါသည်။