အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇူလိုင်(၁၅)။

လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့်ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတကြွယ်ဝစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်စေရေး၊ အတွေးအခေါ်မှန်ကန်စေရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်ရာတွင် ထူးချွန်သော လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များစွာ လိုအပ်မည်ဖြစ်ကြောင်း၊ အနာဂတ်နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ကြရမည့် မျိုးဆက်သစ်လူငယ်များအပါအဝင် တစ်နိုင်ငံလုံး၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အခြေခံကျသည့်လိုအပ်ချက်ဖြစ်ကြောင်း၊ ၂၀၃၀ ပြည့်နှစ် တွင် တစ်ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှုအစီအစဉ်အဖြစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ၊ ပန်းတိုင်(၁၇)ခုကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ကမ္ဘာ့ခေါင်းဆောင်အားလုံးက ထောက်ခံအတည်ပြုပြီး နိုင်ငံတိုင်းတွင် အကောင်အထည်ဖော် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးသည် အဓိကမဏ္ဍိုင်တစ်ခုဖြစ်ကြောင်း၊ လူငယ်တို့ ရင်ဆိုင်ကြုံတွေ့ရသည့် စိန်ခေါ်မှုပြဿနာများကို ဖြေရှင်းကျော်လွှား၍ မြန်မာနိုင်ငံရှိ လူငယ်များ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးမှု အနာဂတ်အလားအလာကောင်းများကို ရှေ့ဆောင်လမ်းပြပေးနိုင်ရန် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါကဏ္ဍ(၁၆)ရပ်ကို အကောင်အထည်ဖော်ဆောင်ရာတွင် လူငယ်များ၏ ပူးပေါင်းပါဝင်မှုဖြင့် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ လူငယ်ရေးရာ ကော်မတီများက ဦးဆောင်ကာ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်း NGO များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြုအဖွဲ့အစည်းများ၊ သက်ဆိုင်ရာပြည်သူ လူထုနှင့်လက်တွဲကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ဆုံးဖြတ် ချက်အရ စက်တင်ဘာလ(၂၁)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အဖြစ် ၁၉၈၁ ခုနှစ်တွင် စတင်သတ်မှတ်ပေးခဲ့ပြီး နှစ်စဉ် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကမ္ဘာတစ်ဝှမ်းတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း၊၊ စိုက်ပျိုးရေး တက္ကသိုလ်မှ မောင်/မယ်လူငယ်များအနေဖြင့်လည်း ရည်မှန်းချက်စိတ်ကူးများဖြင့် ယခုသင်ကြား နေသည့် စိုက်ပျိုးရေးပညာဘာသာရပ်များကိုလည်း ကြိုးစားသင်ယူပြီး မိမိနိုင်ငံ၏ တောင်သူလယ်သမား ဦးကြီးများ အား ဦးဆောင်ကူညီပေးနိုင်သည့် မောင်တို့မယ်တို့ဖြစ်အောင် ကြိုးစားအားထုတ်သွားကြရန် လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းညိုဝင်းက လူငယ်နှင့်ငြိမ်းချမ်းရေး ခေါင်းစဉ် ဖြင့် ဆွေးနွေးဟောပြောခဲ့ပြီး ကျောင်းသား/ ကျောင်းသူများအား ဗဟုသုတဉာဏ်စမ်း မေးခွန်းများ မေးမြန်း ခြင်းနှင့် ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းက လူငယ်နှင့်ငြိမ်းချမ်းရေးခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့သည့် ညွှန်ကြားရေးမှူး ဦးမင်းညိုဝင်းအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပစ္စည်းပေးအပ်ခဲ့သည်။

ထိုနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ ပေးအပ်လှူဒါန်းသည့် အားကစားပစ္စည်းများကို မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက ပေးအပ်လှူဒါန်းခဲ့ရာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ကျောင်းသား/ ကျောင်းသူများကိုယ်စား ကိုယ်စားလှယ်(၂)ဦးမှ လက်ခံခဲ့ ပြီးနောက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနန်းဆိုင်ဟွမ်က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ သည်။

အဆိုပါ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာနန်းဆိုင်ဟွမ်နှင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက် ခဲ့ကြောင်းသိရသည်။