အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ ဇူလိုင်(၁၈)။

ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဗိုဗီနမ်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေးနှင့် ဗိုဗီနမ်အားကစားနည်းကို နိုင်ငံအနှံ့ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားကစားကြစေခြင်းဖြင့် ဗိုဗီနမ်အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ယနေ့နံနက်(၈)နာရီတွင် ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက်ကျင်းပခဲ့ရာ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဗိုဗီနမ်အဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် အားကစားဝါသနာရှင် များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား (၆၅)ကီလို အတိုက်ပြိုင်ပွဲ၊ အမျိုးသမီး(၆၀)ကီလို အတိုက် ပြိုင်ပွဲ၊ အမျိုးသမီး တစ်ကိုယ်တော်လက်သိုင်းစွမ်းရည်ပြပြိုင်ပွဲ၊ အမျိုးသမီးနှစ်ယောက်တွဲဓါးအတိုက်ပြိုင်ပွဲ၊ အမျိုးသမီးဓါးရှည်စွမ်းရည်ပြပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး အမျိုးသား(၆၅)ကီလိုအတိုက်ပြိုင်ပွဲတွင် ဟိန်းမင်းဦး(နေပြည်တော်)က ပထမ၊ စောအောင်ဟိန်း(ကရင်)က ဒုတိယ၊ ထွန်းလင်း(မန္တလေး)နှင့်သားငယ် (မွန်)တို့က ပူးတွဲတတိယဆုများကို လည်းကောင်း၊ အမျိုးသမီး (၆၀)ကီလိုအတိုက်ပြိုင်ပွဲတွင် အိအိမွန်(ချင်း)က ပထမ၊ ရွှေရည်ဖူး(မန္တလေး)က ဒုတိယ၊ သော်တာခိုင်(ဧရာဝတီ)နှင့် ဝင်းသူဇာ(ရှမ်း)တို့က ပူးတွဲတတိယဆု များကိုလည်းကောင်း၊ အမျိုးသမီးတစ်ကိုယ်တော်လက်သိုင်းစွမ်းရည်ပြပြိုင်ပွဲတွင် ယွန်လဝန်းအိမ်(ရခိုင်)က ပထမ၊ နှင်းဝတ်မှုံဦး(ရှမ်း)က ဒုတိယနှင့် စုမြတ်ငြိမ်း(တနင်္သာရီ)က တတိယဆုများကိုလည်းကောင်း၊ အမျိုးသမီးနှစ်ယောက်တွဲအသင်းလိုက်(ဓါးအတိုက်)ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်း ဒေသကြီးအသင်းက ပထမ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ဒုတိယနှင့် မန္တလေးတိုင်းဒေသကြီးအသင်းက တတိယဆုများကို လည်းကောင်း၊ အမျိုးသမီးတစ်ကိုယ်တော် ဓါးရှည်စွမ်းရည်ပြပြိုင်ပွဲများတွင် မွန်ပြည်နယ်အသင်းက ပထမ၊ ရခိုင်ပြည်နယ်အသင်းက ဒုတိယနှင့် မန္တလေးတိုင်းဒေသကြီးအသင်းက တတိယဆုများကို လည်းကောင်း အသီးသီးရရှိခဲ့ကြသည်။

ဇူလိုင် (၁၉)ရက်နေ့တွင် ပြိုင်ပွဲတစ်ရက်နားမည်ဖြစ်ပြီး ဇူလိုင် (၂၀)ရက်နေ့တွင် ဗိုဗီနမ် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ပွဲစဉ်များကို နံနက်(၈)နာရီမှ စတင်၍ ဝဏ္ဏသိဒ္ဓီအားကစားရုံ(A)တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ညနေပိုင်းတွင် ဗိုလ်လုပွဲ ပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။