အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများလှူဒါန်းပွဲ” အခမ်းအနားကျင်းပ

ရန်ကုန်၊ ဇူလိုင်(၁၃)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများလှူဒါန်းပွဲ” အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ် အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်း၌ ယနေ့ နံနက်(၁၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ လူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူးက လူငယ်ရေးရာအသိပညာပေဟောပြော၍လည်းကောင်း ၊ မြန်မာ့အားကစား လက်ရွေးစင်ဟောင်း ဒေါ်မာမာမင်းမှ လူငယ်များ အားကစားကိုငယ်စဉ်ကတည်းက နေ့စဉ်ဆောင်ရွက်တက်လာစေရန် ဟောပြောပို့ချ၍ လည်းကောင်း ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနောက်ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာမိုးမှ “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားမှူး ဒေါ်အောင်မာဝင်းက “လူငယ်နှင့် ခေါင်းဆောင်မှု” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောပို့ချခဲ့ပါသည်။ ဆက်လက်၍ ဝူရှူး ၊ ရိုးရာခြင်းလုံးနှင့် Fitness Dance သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သန်း၊ အနောက်ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါဖြိုးပိုပိုထွေး၊ ကျောင်းအုပ်ဆရာကြီး ဦးမြင့်စန်းဝင်း ၊ ခရိုင်ပညာရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မြင့်သန်း ၊ မြို့နယ်ပညာရေးမှူး ဦးဌေးဝင်း နှင့် ဆရာ/ ဆရာမများ ၊ ကျောင်းသား/သူ အင်အား(၂၀၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရပါသည်။