အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်အလိုက်အသက်(၁၉)နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး ဇူလိုင်လ(၁၂)ရက်။

၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်အလိုက် အသက်(၁၉)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲကို ဇူလိုင်(၁၂)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ကျင်းပသည်။

ဦးစွာမြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်မှ ကျွမ်းဘားအားကစားနည်းများ သရုပ်ပြသနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြပြီးရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းတို့က မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်နာယကဦးမြင့်အောင်နှင့် သရုပ်ပြသပေးသော ကျွမ်းဘားအဖွဲ့၊ ပွဲစပွဲဆုံးကူညီဆောင်ရွက်ပေးသော ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ဆုချီးမြှင့်ပွဲတွင် နောက်ဆုံးဗိုလ်ပွဲအဖြစ် တာချီလိတ်မြို့နယ်အသင်းနှင့် ညောင်ရွှေမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ် ပြည်နယ်ဆင့်ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြပြီး တာချီလိတ်မြို့နယ်အသင်းမှ အနိုင်ရရှိသွားကြောင်း သိရသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ အကောင်းဆုံးဆုရအားကစားသမားများအား ဆုချီးမြှင့်ရာအကောင်းဆုံးဂိုးသမားဆု၊နောက်တန်းအကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ ရှေ့တန်းအကောင်းဆုံးဆု၊ အကောင်းဆုံးအားကစားသမားဆုရရှိသူများကို ဆုတံဆိပ်နှင့် ငွေသားကျပ်(၁)သိန်းစီကို ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဝန်ကြီးများက ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ပူးတွဲတတိယဆုရရှိသော ပင်လောင်းမြိုနယ်အသင်းနှင့် တောင်ကြီးမြို့နယ်အသင်းတို့ကို တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၅)သိန်းစီတို့ကို ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ဆုများချီးမြှင့်ပေးအပ်၍လည်းကောင်း၊ ဒုတိယဆုရရှိသော ညောင်ရွှေမြို့နယ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့်ငွေသားဆုကျပ်(၈)သိန်းတို့ကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ပထမဆုရရှိသောတာချီလိတ်မြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားကျပ်(၁၀)သိန်း၊ ပထမဆုဖလားကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးက ချီးမြှင့်ပေးကြောင်းသိရှိရသည်။