အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး အသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇူလိုင်(၁၆)။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး အသင်း အုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်းရှိ Cluster-7 (စားရိပ်သာ)၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ-၁ မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးရဲလွင်၊ အားကစား ဆေးဘက်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထက်ဝေနှင့် ဗိုဗီနမ်အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိ သူများ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ ဗိုဗီနမ်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာ လာစေရေးနှင့် ဗိုဗီနမ်အားကစားနည်းကို နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားကစားကြစေခြင်းဖြင့် ဗိုဗီနမ်အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ယခုပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးရ ခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ ကြိုတင်ဖြန့်ဝေပေးထားပြီးဖြစ်သောကြောင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသည့် အားကစား သမားများကို ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် တွေ့ရှိပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲတွင် ဆုရရှိသည့် အားကစားသမားများကို ဆုတံဆိပ်နှင့် ဆုဖလားများအပြင် ဆုကြေးငွေများလည်း ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် အမျိုးသား တံခွန်စိုက်ဒိုင်း၊ အမျိုးသမီးတံခွန်စိုက်ဒိုင်းနှင့် စုပေါင်းတံခွန်စိုက်ဒိုင်းများလည်း ချီးမြှင့်ပေးသွားမည် ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲ၌ တစ်ဦးချင်း(အတိုက်)ပြိုင်ပွဲတွင် ပထမဆု ကျပ်(၁) သိန်း၊ ဒုတိယဆု ကျပ် (၇) သောင်း၊ ပူးတွဲတတိယဆု ကျပ်(၅)သောင်း၊ တစ်ဦးချင်း(အပြ)ပြိုင်ပွဲတွင် ပထမဆု ကျပ်(၁) သိန်း၊ ဒုတိယဆု ကျပ် (၇) သောင်း၊ တတိယဆု ကျပ်(၅)သောင်း၊ နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆု ကျပ်(၃) သိန်း၊ ဒုတိယဆု ကျပ် (၂) သိန်း၊ တတိယဆု ကျပ်(၁) သိန်း၊ အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆု ကျပ်(၅) သိန်း၊ ဒုတိယဆု ကျပ် (၃) သိန်း၊ တတိယဆု ကျပ်(၂) သိန်း နှင့် အကောင်းဆုံးအားကစားသများဆုအတွက် တစ်ဆုလျှင် ကျပ် (၁) သိန်းနှုန်းဖြင့် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်း ဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲကို ဇူလိုင် ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း (၁၃)သင်း၊ အမျိုးသမီးအသင်း (၁၃) သင်း၊ အားကစားသမားအင်အား စုစုပေါင်း (၂၂၁) ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၁) မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က ပြိုင်ပွဲ ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးရဲလွင် က ပြိုင်ပွဲဆိုင်ရာ သုတေသနကိစ္စရပ်များကိုလည်းကောင်း၊ အားကစားဆေးဘက်ဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာထက်ဝေက ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ မြန်မာနိုင်ငံ ဗိုဗီနမ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍လည်းကောင်း၊ အစည်းအဝေးသို့တက်ရောက်လာကြသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ/နည်းပြ များက ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့်ပတ်သက်၍လည်းကောင်း အသီးသီး ဆွေးနွေးတင်ပြခဲ့ကြ သည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။