နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီးကိုယ်ကာကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်ကြည့်ရှုအားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီးကိုယ်ကာကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်ကြည့်ရှုအားပေး နေပြည်တော်၊ နိုဝင်ဘာလ(၁၅)ရက်။ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီးကိုယ်ကာကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ် အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း “အေရိုးဗစ်” အားကစားနည်းသည် အထောက်အကူပြုပစ္စည်းကိရိယာမလိုဘဲ တစ်ဦးချင်းရော အဖွဲ့လိုက်ပါ ကျန်းမာရေးအတွက် လေ့ကျင့်ကစားနိုင်သည့် […]
၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ နိုဝင်ဘာလ(၁၄)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဦးဆောင်သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများအား စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုအဆင့်ဗဟိုအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးအား ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများ၌ ပြည်ထောင်စုအဆင့်ဗဟိုအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများအနေဖြင့် အင်ပြည့်အားပြည့် ပါဝင်ဆင်နွှဲနိုင်ရေးညှိနှိုင်းခြင်းဖြစ်ပါကြောင်း၊ နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလ၏ အပတ်စဉ် စနေနေ့တိုင်းတွင် လူထုအားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲများအား ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ နေပြည်တော်တွင် လူထုစုပေါင်းလမ်းလျှောက်ပွဲများအား ၂၀၀၆ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်များတွင် ကိုဗစ်-၁၉ […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ နိုဝင်ဘာလ(၁၄)ရက်။ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူ/နည်းပြများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၈)နာရီခွဲတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ Cluster-7 (စားရိပ်သာ)၌ ကျင်းပခဲ့သည်။ အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ အားကစားသမားအချင်းချင်းသွေးစည်းညီညွတ်မှုရှိပြီး အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်) အားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးက Sports Dance နှင့်ပတ်သက်သည့် အားကစားနည်းများ ပိုမိုတိုးတက်အောင်မြင်စေရေးအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးများအနေဖြင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နှင့် ပူးပေါင်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ပြိုင်ပွဲအား သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းများနှင့်အညီ […]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်ကြည့်ရှုအားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်ကြည့်ရှုအားပေး နေပြည်တော် နိုဝင်ဘာ ၁၁ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ် အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင်ပြည်သူများတက် ရောက်ကြည့်ရှုအားပေးကြသည်။ ဦးစွာ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ […]
ဘောလုံးနည်းပြ “B” Diploma Coaching Course(Part – 1) သင်တန်းဖွင့်ပွဲ အခမ်းအနားနှင့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ဘောလုံးနည်းပြ “B” Diploma Coaching Course(Part – 1) သင်တန်းဖွင့်ပွဲ အခမ်းအနားနှင့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ နိုဝင်ဘာ(၁၀)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် “B” Diploma Coaching Course(Part – 1) ဘောလုံးနည်းပြ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးမျိုးလှိုင်၊ ဦးဇင်မင်းထက်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် […]
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်း အခမ်းအနားကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်း အခမ်းအနားကျင်းပ ရန်ကုန်၊ နိုဝင်ဘာလ(၁၀)ရက်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ ဒုတိယကျောင်းအုပ်ကြီးများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ရန်ကုန်တိုင်း ဒေသကြီးရုံးမှ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသော အလှူရှင်များ တက်ရောက်ကြသည်။ ဦးစွာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးရုံးမှ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒို (အမျိုးသား/အမျိုးသမီး) (ကကွက်)ပြိုင်ပွဲနှင့် တစ်ဦးချင်းဝိတ်တန်းအလိုက်(အတိုက်)ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒို (အမျိုးသား/အမျိုးသမီး) (ကကွက်)ပြိုင်ပွဲနှင့် တစ်ဦးချင်းဝိတ်တန်းအလိုက်(အတိုက်)ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ နိုဝင်ဘာ (၁၀)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် “ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ” ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ဆက်လက်ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။ ယနေ့ တိုက်ကွမ်ဒိုပြိုင်ပွဲ ပွဲစဉ်များအဖြစ် Pair (ကျား+မ)အတွဲလိုက်(ကကွက်)ပြိုင်ပွဲနှင့် (အမျိုးသား/အမျိုးသမီး) တစ်ဦးချင်း ဝိတ်တန်းအလိုက်(အတိုက်) ပြိုင်ပွဲများကိုယှဉ်ပြိုင်ကစားခဲ့ကြရာ Pair (ကျား+မ) အတွဲလိုက်(ကကွက်) ပြိုင်ပွဲ […]
မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း (၁၀)နှစ်မြောက် စုံညီနှစ်ပတ်လည် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးဆပ်ကော်မတီ အစည်းအဝေးနှင့် မဟာဘုံကထိန် ဆက်ကပ်လှူဒါန်းရန် ညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း (၁၀)နှစ်မြောက် စုံညီနှစ်ပတ်လည် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးဆပ်ကော်မတီ အစည်းအဝေးနှင့် မဟာဘုံကထိန် ဆက်ကပ်လှူဒါန်းရန် ညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန်၊ နိုဝင်ဘာလ(၈)ရက်။ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း (၁၀)နှစ်မြောက် စုံညီနှစ်ပတ်လည်အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးဆပ်ကော်မတီ အစည်းအဝေးနှင့် မဟာဘုံကထိန် ဆက်ကပ်လှူဒါန်းရန် ညှိနှိုင်းအစည်းအဝေးကို (၄.၁၁.၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် အားကစားနှင့်ကာယပညာသိပ္ပံဝင်းအတွင်းရှိ အသင်း၏ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဥက္ကဌဦးစိုးသိန်းနှင့် ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးနှင့် ကော်မတီအလိုက် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများ တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ အသင်းဥက္ကဌ ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် မဟာဘုံကထိန်ကို (၂၇.၁၁.၂၀၂၃)ရက်နေ့တွင် ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ပြီး (၁၀)နှစ်မြောက် စုံညီနှစ်ပတ်လည်နေ့ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၂၃)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ အဆိုပါ အခမ်းအနားတို့နှင့်ပတ်သက်သည့် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား အသေးစိတ်ဆွေးနွေး ပြောကြားပြီးနောက် အတွင်းရေးမှူး ဦးဇော်ဇော်မိုးက […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အေရိုးဗစ်ပြိုင်ပွဲ ကျင်းပပြုလုပ်မည်

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အေရိုးဗစ်ပြိုင်ပွဲ ကျင်းပပြုလုပ်မည် နေပြည်တော်၊ နိုဝင်ဘာ(၉)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် “၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အေရိုးဗစ်ပြိုင်ပွဲ” အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့မှ (၁၇)ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင် အမျိုးသမီးအသင်း (၁၄)သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်၍ အားကစားကို စိတ်ပါဝင်စားသည့် မိဘပြည်သူများအနေဖြင့် မည်သူမဆို (အခမဲ့) လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
ရေကြည်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

ရေကြည်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ ရေကြည်၊ နိုဝင်ဘာ(၈)ရက်။ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ရေကြည်မြို့နယ်အတွင်းရှိ ငပိဆိပ်ကျေးရွာ၊ (အ.ထ.က)ငပိဆိပ်ကျောင်း၌ ၈.၁၁.၂၀၂၃ ရက်နေ့ နံနက်၁၁:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်မာရီက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရေကြည်မြို့နယ် ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်မိုးစီစီအောင်က “ လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ရေကြည်မြို့နယ် စားသုံးသူရေးရာဦးစီးမှူး ဒေါ်ချယ်ရီမြင့်က “ လူငယ်နှင့် အစားအသောက်” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရေကြည်မြို့နယ် အားကစားမှူး ဒေါ်နှင်းနှင်းအေးက “ လူငယ်နှင့်အားကစား” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဦးဝေယံထွန်း(နည်းပြ/နည်းစနစ်မှူး)က အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်းအသီးသီးပြောကြားခဲ့ပြီး အားကစားအထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် အားကစားဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် Physical Fitness Dance အကများ၊ Exercise is Medicine “ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” အစီအစဥ်ကို ပျော်ရွှင်စွာစုပေါင်းဆင်နွှဲခဲ့ကြပြီး […]