အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ စတင်ကျင်းပ

နေပြည်တော်၊ မတ်(၇)။

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(B)၌ ကျင်းပခဲ့သည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝူရှူး(ထောက်လု)ပြိုင်ပွဲများဖြစ်သည့် (အမျိုးသား/အမျိုးသမီး) Form(B) (၁၂)နှစ်အထက် ချန်းချွမ် ပြိုင်ပွဲ၊ ထိုက်ကျိချွမ် ပြိုင်ပွဲနှင့် (အမျိုးသမီး)နန်းချွမ် ပြိုင်ပွဲ ပွဲစဉ်များအားလည်းကောင်း၊ (အမျိုးသား/အမျိုးသမီး) Form(C) (၁၂)နှစ်အောက် ချန်းချွမ် ပြိုင်ပွဲ၊ ထိုက်ကျိချွမ် ပြိုင်ပွဲနှင့် (အမျိုးသမီး)နန်းချွမ် ပြိုင်ပွဲ ပွဲစဉ်များအားလည်းကောင်း၊ ဝူရှူး(ဆန်းဆို)ပြိုင်ပွဲ ပွဲစဉ်များ ဖြစ်သည့် (အမျိုးသား/အမျိုးသမီး) (၄၅) ကီလို၊ (၄၈) ကီလို၊ (၅၂) ကီလို၊ (၅၆) ကီလို၊ (၆၀) ကီလိုပြိုင်ပွဲ ပွဲစဉ်များနှင့် အမျိုးသား (၆၅) ကီလို၊ (၇၀) ကီလိုပြိုင်ပွဲ ပွဲစဉ်များအားလည်းကောင်း အသီးသီးယှဉ်ပြိုင် ခဲ့သည်။

၂၀၂၄ ခုနှစ်၊ မတ်(၈)ရက်နေ့ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝူရှူး (ထောက်လု)ပြိုင်ပွဲ ပွဲစဉ်များနှင့် (ဆန်းဆို)ပြိုင်ပွဲ ပွဲစဉ်များအား ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။