အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူး (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်၊ မတ်(၁၀)။

မျိုးဆက်သစ် အားကစားသမာများပေါ်ထွက်လာစေရန်နှင့် ဝူရှူးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူး(အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(B)၌ ကျင်းပခဲ့သည်။

(၈.၃.၂၀၂၄)ရက်နေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝူရှူး(ထောက်လု)ပြိုင်ပွဲများဖြစ်သည့် (အမျိုးသား/အမျိုးသမီး) Form(B) (၁၂)နှစ်အထက် ကျန့်စုပြိုင်ပွဲ၊ သောင်းစုပြိုင်ပွဲ၊ နန်းသောင်းပြိုင်ပွဲနှင့် (အမျိုးသား) ထိုက်ကျိကျန့်ပြိုင်ပွဲ ပွဲစဉ်များအားလည်းကောင်း၊ (အမျိုးသား/အမျိုးသမီး) Form(C) (၁၂)နှစ်အောက် သောင်းစုပြိုင်ပွဲ၊ နန်းသောင်းပြိုင်ပွဲ၊ ထိုက်ကျိကျန့်ပြိုင်ပွဲ၊ (အမျိုးသား) ကျန့်စုပြိုင်ပွဲနှင့် (အမျိုးသမီး) Form (C) (၁၂)နှစ်အထက် ထိုက်ကျိကျန့်ပြိုင်ပွဲ ပွဲစဉ်များအားလည်းကောင်း၊ ဝူရှူး(ဆန်းဆို)ပြိုင်ပွဲ ပွဲစဉ်များ ဖြစ်သည့် (အမျိုးသား/အမျိုးသမီး) (၄၈)ကီလို၊ (၅၂)ကီလို၊ (၅၆)ကီလို၊ (၆၀)ကီလို ပြိုင်ပွဲ၊ (အမျိုးသမီး) (၄၅)ကီလိုပြိုင်ပွဲနှင့် (အမျိုးသား) (၇၀)ကီလို၊ (၇၅)ကီလို၊ (၆၅)ကီလိုပြိုင်ပွဲ ပွဲစဉ်များအားလည်းကောင်း အသီးသီးယှဉ်ပြိုင်ခဲ့သည်။

(၉.၃.၂၀၂၄)ရက်နေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝူရှူး(ထောက်လု)ပြိုင်ပွဲများဖြစ်သည့် (အမျိုးသား/အမျိုးသမီး) Form(B) (၁၂)နှစ်အထက် (အမျိုးသမီး) ကွန့်စုပြိုင်ပွဲ၊ ချန်းစုပြိုင်ပွဲ၊ နန်းကွန့်ပြိုင်ပွဲ၊ (အမျိုးသား/ အမျိုးသမီး) Form(B) (၁၂)နှစ်အောက် ကွန့်စုပြိုင်ပွဲ၊ ချန်းစုပြိုင်ပွဲနှင့် နန်းကွန့်ပြိုင်ပွဲ ပွဲစဉ်များအား လည်းကောင်း၊ ဝူရှူး(ဆန်းဆို)ပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် (အမျိုးသား/အမျိုးသမီး) (၄၈)ကီလို၊ (၅၂)ကီလို၊ (၅၆)ကီလို၊ (၆၀)ကီလို ပြိုင်ပွဲ၊ (အမျိုးသား) (၇၀)ကီလို၊ (၇၅)ကီလိုပြိုင်ပွဲ ပွဲစဉ်များအား လည်းကောင်း အသီးသီးယှဉ်ပြိုင်ခဲ့သည်။

(၁၀.၃.၂၀၂၄)နေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝူရှူး(ထောက်လု)ပြိုင်ပွဲများဖြစ်သည့် (အမျိုးသား/အမျိုးသမီး) အတွဲတိုက်ပြိုင်ပွဲနှင့် နန်းကွန့်ပြိုင်ပွဲ ပွဲစဉ်များအားလည်းကောင်း၊ ဝူရှူး(ဆန်းဆို) ပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် အမျိုးသား/အမျိုးသမီး (၅၂)ကီလိုပြိုင်ပွဲနှင့် (၅၆)ကီလိုပြိုင်ပွဲ၊ အမျိုးသား(၆၅)ကီလိုပြိုင်ပွဲ၊ အမျိုးသမီး (၄၈)ကီလိုပြိုင်ပွဲနှင့် (၆၀)ကီလို ပြိုင်ပွဲ၊ အမျိုးသား (၇၀)ကီလိုပြိုင်ပွဲနှင့် (၇၅)ကီလိုပြိုင်ပွဲ ပွဲစဉ်များအားလည်းကောင်း အသီးသီး ယှဉ်ပြိုင်ခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ပထမ၊ ဒုတိယ၊ တတိယရရှိသူများကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးဇော်မိုးဝင်းနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးဇော်မိုးဝင်းနှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

၂၀၂၄ ခုနှစ်၊ မတ်(၁၁)ရက်နေ့ နံနက်(၉)နာရီမှစတင်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ဝူရှူး(ထောက်လု)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များ၊(ဆန်းဆို)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။