အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ မတ်(၁၁)။

မျိုးဆက်သစ် အားကစားသမားများပေါ်ထွက်လာစေရန်နှင့် ဝူရှူးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူး(အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(B)၌ ကျင်းပခဲ့သည်။

ယနေ့ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ဝူရှူး(ထောက်လု)ပြိုင်ပွဲများဖြစ်သည့် Form(B) (အမျိုးသား) (၁၂)နှစ်အထက် နန်းချွမ်ပြိုင်ပွဲ၊ Form(B) (အမျိုးသမီး) (၁၂)အောက် ကျန်းစုပြိုင်ပွဲ၊ ဝူရှူး(ဆန်းဆို)ပြိုင်ပွဲများဖြစ်သည့် အမျိုးသား (၄၈)ကီလို ပြိုင်ပွဲ၊ အမျိုးသား (၆၀)ကီလိုပြိုင်ပွဲနှင့် အမျိုးသမီး (၄၅)ကီလိုပြိုင်ပွဲများအား အသီးသီး ယှဉ်ပြိုင်ခဲ့ကြပြီးနောက် ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပခဲ့သည်။

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲကို ၂၀၂၄ ခုနှစ် မတ်လ(၇) ရက်နေ့မှ (၁၁)ရက်နေ့အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း(၁၄)သင်းနှင့် အမျိုးသမီးအသင်း (၁၄)သင်း၊ စုစုပေါင်းအင်အား (၂၈၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။