အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်တက္ကသိုလ် အခြေခံဂျူဒိုနှင့် မြန်မာ့ရိုးရာခြင်းလုံးသင်တန်း စွမ်းရည်ပြပွဲနှင့် သင်တန်းဆင်းပွဲကျင်းပ

ပြည်၊ မတ်လ(၅)ရက်။

ပြည်တက္ကသိုလ် ၂၀၂၃-၂၀၂၄ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ကျောင်းသား၊ ကျောင်းသူများ၏ အခြေခံဂျူဒိုနှင့် မြန်မာ့ရိုးရာခြင်းလုံးသင်တန်း စွမ်းရည်ပြပွဲနှင့် သင်တန်းဆင်းပွဲကို ယနေ့နံနက်(၉)နာရီက ယင်းတက္ကသိုလ် မိုးလုံလေလုံအားကစားရုံ၌ကျင်းပရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ပြည်ခရိုင်အားကစားမှူး၊ ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသက်လွင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ အားကစားမောင်မယ်များနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ ပြည်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံမှ အခြေခံဂျူဒိုသင်တန်းသား၊ သင်တန်းသူ အားကစားမောင်မယ်များက အဖွဲ့အလိုက် ဂျူဒိုအားကစားနည်း ကျနည်း(၇)မျိုးသရုပ်ပြခြင်းနှင့် နှစ်ဦးချင်းအပြိုင် ဂျူဒိုစွမ်းရည်များပြသကြပြီး မြန်မာ့ရိုးရာခြင်းလုံးသင်တန်း သား(၆)ဦးက ရိုးရာခြင်းအလှခတ်ဖြင့်သရုပ်ပြသည်။

ထို့နောက် အဆိုပါသင်တန်းနှစ်ခုမှ သင်တန်းသား၊ သင်တန်းသူများအားပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်၊ ပြည်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသက်လွင်နှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်သည်။

ထို့အပြင် အဆိုပါအခမ်းအနား၌ ပြည်တက္ကသိုလ်တွင် ကျင်းပခဲ့သော (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲ၊ သင်္ချာစွမ်းရည်နှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲဆုရရှိသူများနှင့် အဆင့်မြင့်ပညာဦးစီးဌာန၊ တက္ကသိုလ်ပေါင်းစုံ (အမျိုးသမီး)ဘော်လီဘောပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆုရရှိသူတို့ကိုလည်း ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ကြကြောင်းသိရသည်။