အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အားကစားကွင်း/အားကစားရုံများနှင့် အားကစားလေ့ကျင့်ရေးစခန်းများကို လိုက်လံကြည့်ရှုစစ်ဆေး

ရန်ကုန်၊ မတ်လ (၈)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် (၈)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အင်းယားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ ရောက်ရှိလာရာ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌ၊ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့် အားကစားသမားများအား ရင်းရင်းနှီနှီးတွေ့ဆုံ၍ ယခုအချိန်အခါသည် နိုင်ငံတော်မှ အားကစားကို အထူးအားပေးနေသည့် အချိန်အခါကောင်းဖြစ်သည့်အတွက် အားကစား သမားများအနေဖြင့်လည်း အချိန်ကုန်လူပင်ပန်းမဖြစ်စေဘဲ မိမိဝါသနာပါ ချစ်မြတ်နိုးသော အားကစား နည်းဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည်အထိ ကြိုးစားလေ့ကျင့်စေလိုကြောင်းနှင့် မိမိတို့ဝန်ကြီးဌာန နှင့်သက်ဆိုင်ရာအဖွဲ့ချုပ်များကလည်း လိုအပ်သည်များကို အစွမ်းကုန်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး အားကစားသမားများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေး၍ အိပ်ဆောင်များနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် စည်းကမ်းများ ထုတ်ပြန်ထားရှိသော်လည်း လိုက်နာမှုရှိ/မရှိ ကြပ်မတ်ရန် လိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ အမျိုးသားရေကူးကန်သို့ ရောက်ရှိ၍ လှည့်လည်ကြည့်ရှုစစ်ဆေးပြီးနောက် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ်တိုသို့ ရောက်ရှိ၍ နွေရာသီသင်တန်းသားများ လေ့ကျင့်နေမှု တို့ကို ကြည့်ရှုအားပေးပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် လမ်းမတော်မြို့နယ် အမျိုးသားကြက်တောင်အားကစားရုံသို့ ရောက်ရှိရာ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ဥက္ကဌ နှင့်တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး စခန်းသွင်း လေ့ကျင့်နေမှုများ ၊ လူရွေးချယ်ရေးကိစ္စရပ်များ၊ နိုင်ငံတကာပြိုင်ပွဲများသို့ သွားရောက် ယှဉ်ပြိုင်မည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ပြီး အားကစားသမားများလေ့ကျင့်နေမှုအား သွားရောက်ကြည့်ရှုအားပေး၍ ပြိုင်ပွဲရုံအားလိုက်လံကြည့်ရှု စစ်ဆေး ခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစားပြိုင်ဝင်း သို့ရောက်ရှိရာ မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်အတွင်းရေးမှူးနှင့် မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာ အဖွဲ့ချုပ် ဥက္ကဌ နှင့်တာဝန်ရှိသူများက ကြိုဆိုကြပြီး မြန်မာနိုင်ငံဘိလိယက် စနူကာအဖွဲ့ချုပ်ရုံးခန်း၌ အားကစားနည်း တိုးတက်ပျံ့ပွားရေးနှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးကိစ္စများဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကျိုက္ကဆံဝင်းအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) သို့ရောက်ရှိ၍ ရေကူးကန်၊ GYM ခန်းနှင့် ကရာတေးလေ့ကျင့်ရေးရုံသို့ ဝင်ရောက်ကြည့်ရှု့စစ်ဆေးပြီး အားကစားနည်းအလိုက် GYM ခန်းအသုံးပြု‌နေမှုအခြေအနေနှင့် ပြုပြင်ထိန်းသိမ်းမှုများကို စနစ်တကျဆောင်ရွက်ရန် လမ်းညွှန်မှုပြုခဲ့ပြီး သိပ္ပံဝင်းအတွင်း လှည့်လည်ကြည့်ရှုပြီးနောက် ပြည်ထောင်စုခန်းမ၌ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ၍ နိုင်ငံ့ဝန်ထမ်း များအနေဖြင့် နိုင်ငံအပေါ် သစ္စာရှိစွာဖြင့် ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ဝန်ထမ်း စည်းမျဉ်း/စည်းကမ်း များကို စောင့်ထိန်းရန်၊ ဝန်ထမ်းအချင်းချင်းချစ်ခင်စည်းလုံးစွာဖြင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင် ရန်၊ ကျန်းမာရေး ဂရုစိုက်ကြရန် မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အမျိုးသား/အမျိုးသမီးအိပ်ဆောင်ကြည့်ရှုစစ်ဆေးရာတွင် အိပ်ဆောင်များ ရေရှည်တည်တံ့ ခိုင်မြဲရန်၊ မီးဘေးလုံခြုံရေးနှင့် လျှပ်စစ်မီးစနစ်တကျသုံးစွဲနိုင်ရေးအတွက် အဆင့်ဆင့်ကြီးကြပ်ကွပ်ကဲရန် လိုအပ်ကြောင်း မှာကြားခဲ့ပြီးနောက် နည်းပြ/ နည်းစနစ်မှူးများနှင့် Grade-12 စာမေးပွဲဖြေဆိုမည့် သင်တန်းသား/သင်တန်းသူများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)သုဝဏ္ဏသို့ ရောက်ရှိ၍ အားကစားကွင်း/အားကစားရုံ ဌာနခွဲမှ အရာထမ်း/အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြားပြီးနောက် ပတ္တမြားခန်းမ၌ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်မှ ဥက္ကဌ၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးတို့နှင့် တွေ့ဆုံရာ အဖွဲ့ချုပ် အတွင်းရေးမှူးမှ အဖွဲ့ချုပ်၏ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် လှုပ်ရှားဆောင်ရွက်မှုများကို Power Point ဖြင့် ရှင်းလင်း ပြောကြားပြီး လက်ရှိဆောင်ရွက်နေမှုအပေါ် ကြုံတွေ့ရသည့် အခက်အခဲများအား တင်ပြရာ ဒုတိယဝန်ကြီးမှ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။