အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးသည် ကလော၊ အောင်ပန်း၊ ရွှေညောင်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ အားကစားကွင်း၊ဒေသအဆင့်/မြို့နယ်ရုံးလိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးသည် ကလော၊ အောင်ပန်း၊ ရွှေညောင်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ အားကစားကွင်း၊ဒေသအဆင့်/မြို့နယ်ရုံးလိုက်လံကြည့်ရှုစစ်ဆေး တောင်ကြီး၊ မတ် (၁၁)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူး ဦး‌ကျော်ကျော်သိန်း အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးဦးထွန်းထွန်းဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နေ့လည်(၁၃:၃၀) အချိန်တွင် ကလော၊ အောင်ပန်း၊ ရွှေညောင် အားကစားကွင်းရုံများအား ကြည့်ရှုခဲ့ပြီး ညနေ(၁၇:၀၀)အချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ ဒေသ/မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးနှင့်ဝန်ထမ်းများ၏ ပွဲကြည့်စင်‌အောက်ရှိ (ယာယီ) အိမ်ခန်းများနှင့်အားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ အားကစားကွင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်းသာယာမှုရှိစေရေးအတွက် အမြဲပြုလုပ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ ညွှန်ကြား‌ရေးမှူးချုပ်မှ ပအိုဝ်းဒေသ/မြို့နယ်ရုံးမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဌာနမှချမှတ်ထားသည့်မူဝါဒများ ရည်ရွယ်ချက် များအတိုင်းကျေပွန်စွာထမ်းဆောင်ရန်ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျတိကျမှန်ကန်စွာ လုပ်ဆောင်ကြဖို့လိုကြောင်း၊ဝန်ထမ်းလိုအပ်ချက်များကြောင့်လုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသ/မြို့နယ် မခွဲခြားဘဲပေါင်းစပ်ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့်ပြည်နယ်မှလုပ်ငန်းများလည်းဝိုင်းဝန်းကူညီရမည်ဖြစ်ကြောင်းရပ်ကွက်/ကျေးရွာ၊မြို့နယ်ပေါင်းစုံပြိုင်ပွဲများမှတဆင့် ထူးချွန်ထက်မြက်သောအားကစားသမားများပေါ်ထွက်လာစေရန်၊ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် […]

လယ်ဝေးမြို့နယ် စမတောင် မဟာပရဟိတဂေဟာတွင် လူငယ်စကားဝိုင်းကျင်းပ

Loading

လယ်ဝေးမြို့နယ် စမတောင် မဟာပရဟိတဂေဟာတွင် လူငယ်စကားဝိုင်းကျင်းပ နေပြည်တော်၊ မတ် (၁၂)ရက်။ ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ စမတောင်မဟာပရဟိတဂေဟာတွင်ယမန်နေ့မွန်းလွဲ(၂)နာရီက မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီမှ ဉီးဆောင်၍ လူငယ်စကားဝိုင်းအခမ်းအနား ကျင်းပရာ လူငယ်ရေးရာဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးနေဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ လူငယ်ရေးရာဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းက လူငယ်များသည်တိုင်းပြည်၏ အနာဂတ်အတွက်တန်ဖိုးရှိသည့် ဘက်စုံထူးချွန်ပြီးဗလငါးတန်နှင့် ပြည့်စုံသည့်လူကောင်းလူတော်များဖြစ်လာစေရေးအတွက် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် လူငယ်ရေးရာဦးစီးဌာန၏ လှုပ်ရှားဆောင်ရွက်နေမှုများ မှတ်တမ်းဗီဒီယိုအားပြသခဲ့ပါသည်။ ဆက်လက်၍ လူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်အောင်မျိုးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင် တို့က ဦးဆောင်ဆွေးနွေးသူများအဖြစ်ဆောင်ရွက်ပြီး Grade(11)မှ မမေဝတီစိုးက လူငယ်နှင့်အားကစား၊ Grade(11)မှ မသန်းထိုက်က လူငယ်နှင့်မူးယစ်ဆေးဝါး၊ […]

19th ASIAN Games ပြိုင်ပွဲ Promotion အနေဖြင့် မြန်မာနိုင်ငံ၌ ASIAN Games Fun Run ပြိုင်ပွဲကျင်းပရေးနှင့်စပ်လျဉ်း၍ Press Conference ကျင်းပ

Loading

19th ASIAN Games ပြိုင်ပွဲ Promotion အနေဖြင့် မြန်မာနိုင်ငံ၌ ASIAN Games Fun Run ပြိုင်ပွဲကျင်းပရေးနှင့်စပ်လျဉ်း၍ Press Conference ကျင်းပ ရန်ကုန်၊ မတ်(၉)။ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့မှ အောက်တိုဘာလ (၈)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Hangzhou မြို့ တွင် ကျင်းပပြုလုပ်မည့် 19th ASIAN Games ပြိုင်ပွဲ Promotion အနေဖြင့် Olympic Council of Asia မှ ကြီးမှူး၍ ASIAN Games Fun Run ပြိုင်ပွဲအား အာရှဒေသတွင်း နိုင်ငံအသီးသီး၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံတွင်လည်း ၁၀.၃.၂၀၂၃ ရက်နေ့၌ ကျင်းပမည်ဖြစ်သည့်အတွက် အဆိုပါ Fun Run နှင့်စပ်လျဉ်းသည့် Press […]

ခြင်းလုံးအားကစားနည်းဒိုင်လူကြီးသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

Loading

ခြင်းလုံးအားကစားနည်းဒိုင်လူကြီးသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ မတ်(၉)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူး၍ အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် အာရှ ခြင်းလုံးအဖွဲ့ချုပ်တို့မှ ပူးပေါင်းဖွင့်လှစ်သည့် ခြင်းလုံးဒိုင်လူကြီးသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို  ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့ရာ အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အာရှခြင်းလုံး အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ Mr. Dato Abdul Halim Bin Kader ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)မှ ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ လူငယ်အားကစားလေ့ကျင့်ရေးစခန်းမှ ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုး၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ သင်တန်းဆင်းပွဲတွင် အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အာရှခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ Mr. Dato Abdul Halim […]

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အားကစားနည်းအလိုက် By Name ပေးပို့နိုင်ရေးနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အားကစားနည်းအလိုက် By Name ပေးပို့နိုင်ရေးနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ (၂၈)။ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော် နှင့်ရန်ကုန်တို့တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့များ၏ By Name ပေးပို့နိုင်ရေးနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ အားကစား လေ့ကျင့်ရေးစခန်း (Multi-Purpose Hall)၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ အားကစားနည်းအလိုက် တာဝန်ခံများတက်ရောက်ကြသည်။ အစီအစဉ်အရ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၃ခုနှစ်၊ မေလ (၅)ရက် နေ့မှ (၁၇)ရက်နေ့အထိ အားကစားနည်း (၄၀)နည်းဖြစ် ထည့်သွင်းကျင်းပပြုလုပ်သွားမည်ဖြစ်ရာ […]

အသက်(၁၅)နှစ်အောက် လူငယ်လိဂ်ဘောလုံးပြိုင်ပွဲကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

အသက်(၁၅)နှစ်အောက် လူငယ်လိဂ်ဘောလုံးပြိုင်ပွဲကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၂၄)။ အသက်(၁၅)နှစ်အောက် လူငယ်လိဂ်ဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လည်(၁)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

(၂၀၂၂-၂၀၂၃) ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ကောလိပ်ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်သည့် အားကစားသမားများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

Loading

(၂၀၂၂-၂၀၂၃) ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ကောလိပ်ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်သည့် အားကစားသမားများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ ဖေဖော်ဝါရီ(၂၀)။ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဖေဖော်ဝါရီ(၁၈)ရက်နေ့မှ (၂၈)ရက်နေ့အထိကျင်းပ ပြုလုပ်လျက်ရှိသည့် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်သည့် အားကစားသမားများသည် အရှေ့တောင်အာရှ၊ အာရှနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်ကျော်ကြားခဲ့သည့် မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများ၏ အားကစားစွမ်းဆောင်ခဲ့မှုသမိုင်းမှတ်တမ်းများကို ကြည့်ရှုလေ့လာမှတ်သားပြီး အားကစားကို ပိုမိုစိတ်ပါဝင်စား၍ စိတ်ဓာတ်ခွန်းအားများရရှိစေပြီး အတုယူ ကြိုးစားလိုစိတ်များ ဖြစ်ပေါ်လာစေရန်အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ပြိုင်ပွဲဝင် ဘောလုံး(အမျိုးသား)၊ ဘော်လီဘော (အမျိုးသား/အမျိုးသမီး)၊ ပိုက်ကျော်ခြင်း(အမျိုးသား)နှင့် ပြေးခုန်ပစ်(အမျိုးသား/အမျိုးသမီး)အားကစားနည်းတို့မှ အသင်းအုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားစုစုပေါင်းအင်အား (၆၀၀)ဦးတို့သည် ယနေ့မွန်းလွဲ(၁)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(Social Zone)၌ ဖွင့်လှစ်ပြသထားရှိသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအတွင်းရှိသော […]

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင်ခြင်းလုံးအားကစားများအား အပြီးသတ်လူရွေးချယ်မှုပြုလုပ်

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင်ခြင်းလုံးအားကစားများအား အပြီးသတ်လူရွေးချယ်မှုပြုလုပ် နေပြည်တော်၊ ဖေဖော်ဝါရီ (၁၇)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် ခြင်းလုံးအားကစားသမားများအား ပြိုင်ပွဲအသွင် ဆန်းစစ်အပြီးသတ်လူရွေးချယ်ခြင်း ဒုတိယနေ့ ပြိုင်ပွဲအမျိုးအစား(Event) No-4 နှင့် No-2 ပြိုင်ပွဲများကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစာကွင်း Training Hall No(1)၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး၊ အာရှခြင်းလုံးအဖွဲ့ချုပ်အတွင်းရေးမှူး ဦးကျော်ဇင်မိုး၊ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်မှ […]

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပဏာမလက်ရွေးစင်ခြင်းလုံးအားကစားများအား အပြီးသတ်လူရွေးချယ်မှုပြုလုပ်

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပဏာမလက်ရွေးစင်ခြင်းလုံးအားကစားများအား အပြီးသတ်လူရွေးချယ်မှုပြုလုပ် နေပြည်တော်၊ ဖေဖော်ဝါရီ (၁၆)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် ခြင်းလုံးအားကစားသမားများအား ပြိုင်ပွဲအသွင် ဆန်းစစ် အပြီးသတ်လူရွေးချယ်ခြင်းကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစာကွင်း Training Hall No(1) ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး၊ အာရှခြင်းလုံးအဖွဲ့ချုပ်အတွင်းရေးမှူး ဦးကျော်ဇင်မိုး၊ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးရဲအောင်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတွင် (Joint Training) ပူးတွဲလာရောက်လေ့ကျင့်လျက်ရှိသည့် ကမ္ဘောဒီးယားနိုင်ငံ […]

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအုပ်ကြီးများ သုံးသပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအုပ်ကြီးများ သုံးသပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ (၁၃)။ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအုပ်ကြီးများနှင့် လုပ်ငန်းကိစ္စများနှင့်ပတ်သက်၍ သုံးသပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ (၁၂)နာရီခွဲအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့် သက်ဆိုင်ရာဌာနခွဲများမှ ညွှန်ကြားရေးမှူးများတက်ရောက်ခဲ့ကြပြီး အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအုပ်ကြီးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်တန်းသားများအား နှစ်ချုပ်သုံးသပ်အစည်းအဝေး ကျင်းပပြုလုပ်ပြီးစီးမှုနှင့်ပတ်သက်ပြီး လက်ကျန်အင်အားစာရင်း၊ လာမည့်ပညာသင်နှစ်တွင် သင်တန်းသားထပ်မံရွေးချယ်မှုအင်အားစာရင်းနှင့် ဆက်လက်လေ့ကျင့်မည့် အားကစားနည်းအမျိုးအစား Long Term Plan ၊ Short Term Plan များနှင့် အားကစားနှင့်ကာယပညာသိပ္ပံ ရည်ရွယ်ချက်များနှင့် ကိုက်ညီမှုမရှိသည့်အချက်များအား […]