အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲချုပ်ဥက္ကဋ္ဌဖလား အမျိုးသားတံခွန်စိုက်လက်ဝှေ့ပြိုင်ပွဲစတင်ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ(၅)။

လက်ဝှေ့မျိုးဆက်သစ်အားကစားသမားများနှင့် လက်ရွေးစင်အားကစားသမားများပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲချုပ်ဥက္ကဋ္ဌဖလား အမျိုးသားတံခွန်စိုက် လက်ဝှေ့ပြိုင်ပွဲကို ယနေ့ညနေ(၃)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့ရုံ၌ ကျင်းပသည်။

ယနေ့လက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား(၅၄)ကီလိုတန်းပြိုင်ပွဲတွင် မောင်ပိုင် (တောင်ကြီးကလပ်-ရှမ်း)နှင့် ကိုကိုထွန်း(Youth Camp)၊ အမျိုးသား(၅၇)ကီလိုတန်းပြိုင်ပွဲတွင် ခုပ်ဆွင်းခိုင် (UMC ချင်းပြည်နယ်)နှင့် ဝါဆို(ရန်ကုန်တိုင်းစစ်ဌာနချုပ်)၊ စောလင်းအောင် (Youth Camp)နှင့် သူရ(ပြည်ထဲရေး)၊ အမျိုးသား(၆၀)ကီလိုတန်းပြိုင်ပွဲတွင် ထွန်းထွန်းဝင်း(ပြည်ထဲရေး)နှင့် သန်းတိုးအောင် (ကာကွယ်ရေး)၊ နုတ်မာရ်(အား/လူငယ်)နှင့် ဇော်မျိုးမြင့်အောင်(တောင်ကြီးကလပ်-ရှမ်း)၊ လွင်မျိုးထွဋ်(ရန်ကုန်တိုင်းစစ်ဌာနချုပ်)နှင့် ဝေယံနိုင်(တောင်ကြီးကလပ်-ရှမ်း)၊ အမျိုးသား(၆၃.၅)ကီလိုတန်းပြိုင်ပွဲတွင် ထူးအောင်ရဲရင့်(တပ်မတော်-လေ)နှင့် အေးမင်းလတ်(ကာကွယ်ရေး)၊ အမျိုးသား(၇၁)ကီလိုတန်းပြိုင်ပွဲတွင် အောင်မြင့်ထွန်း(လပခ)နှင့် စတီးရှု(Youth Camp)၊ အမျိုးသား(၇၅)ကီလိုတန်းပြိုင်ပွဲတွင် မျိုးမင်း(ပြည်ထဲရေး)နှင့် အောင်ဇင်ထိုက် (Youth Camp)တို့က အသီးသီးယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအောင်နှင့် တာဝန်ရှိသူများ၊ အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲချုပ်ဥက္ကဋ္ဌဖလား အမျိုးသားတံခွန်စိုက်လက်ဝှေ့ပြိုင်ပွဲ ကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့ရုံ၌ ဖေဖော်ဝါရီ(၅)ရက်မှ (၈)ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း (၁၂)သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။