အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

“Regional Briefing Workshop on the Inception Report of the Mid-Term Review of the ASEAN Enabling Masterplan 2025” အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်

နေပြည်တော်၊ ဖေဖော်ဝါရီ (၂၃)။

အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယ-လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး(SOMSWD)တို့၏ စီစဉ်ဆောင်ရွက်မှုဖြင့် “ Regional Briefing Workshop on the Inception Report of the Mid-Term Review of the ASEAN Enabling Master Plan 2025” ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့မြန်မာစံတော်ချိန် နေ့လယ်(၁၂:၃၀)အချိန်တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာတွင် အာဆီယံ လူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ဥက္ကဌအဖြစ် ဆောင်ရွက်နေသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါ ဒေသအဆင့်အလုပ်ရုံဆွေးနွေးပွဲတွင် Enabling Master Plan 2025ကို အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများ၏ အကဲ ဖြတ်မှုနှင့် နှစ်လယ်သုံးသပ်ချက်၏ ကနဦး အစီရင် ခံစာပြုစုခြင်းဆိုင်ရာလုပ်ငန်းစဉ်များ၊ နိုင်ငံအလိုက်နှင့် လုပ်ငန်းအစုအဖွဲ့အလိုက် အကဲဖြတ်မှုဆိုင်ရာလုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် မျှော်မှန်းကာလများကို ဆွေးနွေးခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် လာကြသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီးနောက် မွန်းလွဲ(၁၄:၃၀)အချိန်တွင် အလုပ်ရုံဆွေးနွေးပွဲကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။