Gold Camp နှင့် Youth Camp တို့ရှိ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် သက်ဆိုင်ရာအားကစားနည်းအလိုက် အုပ်ချုပ်/နည်းပြများနှင့် အုပ်ချုပ်မှု၊ နည်းစနစ်ပိုင်းဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
Gold Camp နှင့် Youth Camp တို့ရှိ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် သက်ဆိုင်ရာအားကစားနည်းအလိုက် အုပ်ချုပ်/နည်းပြများနှင့် အုပ်ချုပ်မှု၊ နည်းစနစ်ပိုင်းဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၁၀ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် Gold Camp နှင့် Youth Camp တို့ရှိ စခန်းဝင်အားကစားအဖွဲ့များမှ အုပ်ချုပ်/နည်းပြများအား အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ နည်းစနစ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Gold Camp ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ သက်ဆိုင်ရာညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ စခန်းဝင်အားကစားအဖွဲ့များမှ အုပ်ချုပ်/ နည်းပြများတက်ရောက်ခဲ့သည်။ ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးက အဖွင့်အမှာ စကားပြောကြားရာတွင် […]
မွန်ပြည်နယ် အသက် (၁၉) နှစ်အောက် အမျိုးသမီးဘောလုံးအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်ခြင်း အခမ်းအနားကျင်းပ
![]()
မွန်ပြည်နယ် အသက် (၁၉) နှစ်အောက် အမျိုးသမီးဘောလုံးအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်ခြင်း အခမ်းအနားကျင်းပ၏ စက်တင်ဘာ ၈။ ၂ဝ၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၉) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ် အသက် (၁၉) နှစ်အောက် အမျိုးသမီးဘောလုံးအသင်းအား အောင်နိုင်ရေးအလံ အပ်နှင်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး ရာမညခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ မွန်ပြည်နယ် အသက် (၁၉)နှစ်အောက် အမျိုးသမီးဘောလုံးအသင်း အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများက တစ်ဦးချင်း မိတ်ဆက်ဂါရဝပြုခဲ့ကြပြီး ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြာရေးမှူး ဦးနေမျိုးလွင်က အမျိုးသမီးဘောလုံးအသင်း […]
(၂၀)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာအသင်းအောင်နိုင်ရေးအတွက် သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
(၂၀)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာအသင်းအောင်နိုင်ရေးအတွက် သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဩဂုတ် ၂၇ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့မှ အောက်တိုဘာလ ၄ ရက်နေ့အထိ ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၂၀)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်၊ မြန်မာအသင်း အောင်နိုင်ရေးအတွက် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး(၂)၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက်အတွင်းရေးမှူး (၃)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ Teqball (တက်ဂ်ဘော)၊ Esports နှင့် ကျွမ်းဘားအားကစား အဖွဲ့ချုပ်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ […]
အာဆီယံ – ဂျပန် နည်းပြဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်ရန်ပြည်ပထွက်ခွာ
![]()
အာဆီယံ – ဂျပန် နည်းပြဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်ရန်ပြည်ပထွက်ခွာ ရန်ကုန် ၊ ဩဂုတ် ၂၄ မလေးရှားနိင်ငံ ၊ ပူထရာဂျာရာမြို့တွင် ၂၀၂၆ခုနှစ် ၊ ဩဂုတ်လ ၂၅ ရက်မှ ၂၇ ရက်ထိ ကျင်းပပြုလုပ်မည့် အာဆီယံ – ဂျပန်နည်းပြဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်ရန် အားကစားရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး ဦးဆောင်၍ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း နှင့် မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ခန့်ကျော်တို့သည် ယနေ့ နံနက် ၈နာရီ အချိန်က လေယာဉ်အမှတ် ( 8M 503 ) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှ မလေးရှားနိုင်ငံ သို့ထွက်ခွာသွားရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး […]
၂၀၂၆ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားကစားသမားများအား လူတွေ့စစ်ဆေးခြင်း၊ ပွဲစဉ်ဇယားရေးဆွဲခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
၂၀၂၆ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားကစားသမားများအား လူတွေ့စစ်ဆေးခြင်း၊ ပွဲစဉ်ဇယားရေးဆွဲခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဩဂုတ် ၂၃ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အားကစား သမားများအား လူတွေ့စစ်ဆေးခြင်း၊ ပွဲစဉ်ဇယားရေးဆွဲခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဥ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဌာနခွဲများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ […]
(၃၄)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုများရရှိစေရေးအတွက် စခန်းသွင်းလေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
(၃၄)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုများရရှိစေရေးအတွက် စခန်းသွင်းလေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဩဂုတ် ၂၁ (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှု ဆုတံဆိပ်များရရှိစေရေးအတွက် အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်နိုင်ရေး၊ ဆုတံဆိပ် မျှော်မှန်းလျာထားမှု အခြေအနေများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေး စခန်း(Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ကျင်းပခဲ့သည်။ ဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ယခု အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့၏ လမ်းညွှန် မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းတင်ပြပေးသွားမည်ဖြစ်ပါကြောင်း၊ (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ၂၀၂၇ ခုနှစ် စက်တင်ဘာလအတွင်း မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်၍ မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ရန် […]
၂ဝ၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ၊ ကရင်ပြည်နယ်အသင်း စုပေါင်းတံခွန်စိုက်ဆုဖလား ဆွတ်ခူးရရှိ
![]()
၂ဝ၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ၊ ကရင်ပြည်နယ်အသင်း စုပေါင်းတံခွန်စိုက်ဆုဖလား ဆွတ်ခူးရရှိ ရန်ကုန် ၊ ဩဂုတ် ၂၀ မျိုးဆက်သစ်ရိုးရာလက်ဝှေ့အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့အားကစား အဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူးပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံလက်ဝှေ့ အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူရိုးရာလက်ဝှေ့အားကစားရုံ၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးဗိုလ်ဌေး၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်မောင်လှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဉာဏ်ဇော်ဦးနှင့် တာဝန် ရှိသူများ၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာတင်အောင်လွင်၊ မြန်မာနိုင်ငံမွေအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ […]
Gold Camp နှင့် Youth Camp တို့ရှိ စခန်းဝင်အားကစားအဖွဲ့များမှ အုပ်ချုပ်သူ/နည်းပြများအား အုပ်ချုပ်မှုကိစ္စရပ်များ၊ နည်းစနစ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း ၍ တွေ့ဆုံပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
Gold Camp နှင့် Youth Camp တို့ရှိ စခန်းဝင်အားကစားအဖွဲ့များမှ အုပ်ချုပ်သူ/နည်းပြများအား အုပ်ချုပ်မှုကိစ္စရပ်များ၊ နည်းစနစ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း ၍ တွေ့ဆုံပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဩဂုတ် ၁၉ Gold Camp နှင့် Youth Camp တို့ရှိ စခန်းဝင်အားကစားအဖွဲ့များမှ အုပ်ချုပ်သူ/နည်းပြများအား အုပ်ချုပ်မှုကိစ္စရပ်များ၊ နည်းစနစ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ သက်ဆိုင်ရာညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ စခန်းဝင်အားကစားအဖွဲ့ များမှ အုပ်ချုပ်သူနှင့် နည်းပြများ တက်ရောက်ခဲ့သည်။ ဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပရန် ဒုတိယအကြိမ် ကျင်းပပြုလုပ်သည့် 2nd […]
ရန်ကုန်မြို့တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများနှင့် အားကစားကွင်း/အားကစားရုံများကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်အတူ တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေး
![]()
ရန်ကုန်မြို့တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများနှင့် အားကစားကွင်း/အားကစားရုံများကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်အတူ တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေး ရန်ကုန်၊ ဩဂုတ် ၁၇ (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ရန်ကုန်မြို့တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့များ၏ ယနေ့နံနက်ပိုင်းတွင် လေ့ကျင့်နေမှုများနှင့် တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းနှင့် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ အားကစားကွင်း/အားကစားရုံများကို အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် လိုက်လံကြည့်ရှုစစ်ဆေး ခဲ့သည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ အလေးမ၊ ကျွမ်းဘား၊ Teqball ၊ ကရာတေး၊ ဝူရှူး ၊ ခရစ်ကက် အားကစားကွင်း/အားကစားရုံများ၌ အားကစား နည်းများအလိုက် ပဏာမလက်ရွေးစင်အားကစားသမားများ၏ လေ့ကျင့်နေမှုအားလိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။ ဆက်လက်ပြီး […]
၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းသို့ ဗိုလ်လုပွဲသို့ တက်ရောက်
![]()
၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းသို့ ဗိုလ်လုပွဲသို့ တက်ရောက် နေပြည်တော်၊ ဩဂုတ် ၁၂ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် “၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ” ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပခဲ့ရာ ဌာနဆိုင်ရာများမှ အကြီးအကဲများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများ၊ အားကစားဝါသနာရှင် ပရိသတ်များ တစ်ခဲနက် လာရောက်ကြည့်ရှုအားပေးခဲ့သည်။ ယနေ့ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား) ဆီမီးဖိုင်နယ် ပွဲစဉ်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို (၂)ဂိုး(၁)ဂိုးဖြင့်လည်းကောင်း၊ အလားတူ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းကို (၄)ဂိုး […]