အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အဖွဲ့ချုပ်ကောင်စီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက်အတွင်းရေးမှူး(၂) အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပြည်ပထွက်ခွာ
![]()
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အဖွဲ့ချုပ်ကောင်စီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက်အတွင်းရေးမှူး(၂) အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပြည်ပထွက်ခွာ ရန်ကုန်၊ ဧပြီ ၆ ၂၀၂၆ ခုနှစ် ဧပြီလ ၇ ရက်မှ ၈ ရက်အထိ မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အဖွဲ့ချုပ်ကောင်စီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက်အတွင်းရေးမှူး(၂) အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ဦးဆောင်ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ရုံးအဖွဲ့မှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ညွှန်ကြားရေးမှူး ဒေါက်တာ စိုးမင်းဦး၊ ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမြာ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထက်ဝေ နှင့် မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲမြင့်တို့ သည် ယနေ့ […]
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး (၃၄) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး (၃၄) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန်၊ ဧပြီ ၅ (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူး များနှင့် တွဲဖက်အတွင်းရေးမှူးများ တက်ရောက်ခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်က […]
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး စလင်းအားကစားကွင်းနှင့် အမျိုးသားရေကူးကန်တို့အားကြည့်ရှုစစ်ဆေး
![]()
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး စလင်းအားကစားကွင်းနှင့် အမျိုးသားရေကူးကန်တို့အားကြည့်ရှုစစ်ဆေး ရန်ကုန် ၊ ဧပြီ ၄ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်ရှိ စလင်း အားကစားကွင်းသို့ ရောက်ရှိ၍ ဘောလုံးကွင်းနှင့် ပွဲကြည့်စင်တို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ ပြီး ပွဲကြည့်စင်တာဝန်ယူဆောက်လုပ်မည့် ရှမ်းယူနိုက်တက်ကုမ္ပဏီမှ တာဝန်ရှိသူများအား အဆောက်အဦ ကြံ့ခိုင်မှုရှိပြီး ရေရှည်တည်တံ့ကောင်းမွန်စေရေး ၊ မူလပုံစံမပြောင်းလဲစေဘဲ ပိုမို ကောင်းမွန်အောင် ဆောက်လုပ်ပေးနိုင်စေရေး၊ အရည်အသွေးပြည့်မီပြီး သတ်မှတ်စံချိန်၊ စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်တည်ဆောက်ပေးနိုင်စေရေး၊ ဆောက်လုပ်မည့် လုပ်ငန်းပရောဂျက်များနှင့် သတ်မှတ်ရက်အလိုက် လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသေးစိတ်တင်ပြပေးသွားရန်လိုကြောင်း၊ ဘောလုံးကွင်း စိမ်းလန်းစိုပြေစေရေးနှင့် အမြဲတမ်း သန့်ရှင်းသာယာလှပစေရေးအတွက် တာဝန်ရှိသူများက စိစစ်ကြပ်မတ်၍ စနစ်တကျ တာဝန်ပေး […]
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး တစ်ဆင့်မြင့်ရာထူးသို့ တိုးမြှင့်ခန့်ထားခြင်းခံရသည် အရာထမ်းများနှင့် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်မည့် အရာထမ်းများအား တွေ့ဆုံအမှာစကားပြောကြားခြင်း အခမ်းအနားကျင်းပ
![]()
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး တစ်ဆင့်မြင့်ရာထူးသို့ တိုးမြှင့်ခန့်ထားခြင်းခံရသည် အရာထမ်းများနှင့် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်မည့် အရာထမ်းများအား တွေ့ဆုံအမှာစကားပြောကြားခြင်း အခမ်းအနားကျင်းပ နေပြည်တော်၊ မတ် ၃၀ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် တစ်ဆင့်မြင့်ရာထူးသို့ တိုးမြှင့်ခန့်ထားခြင်းခံရသည့် အရာထမ်းများနှင့် ပြောင်းရွှေ့တာဝန် ထမ်းဆောင်မည့် အရာထမ်းများအား တွေ့ဆုံအမှာစကားပြောကြားခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း Gold Camp ရှိ(Multipurpose Hall) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် အရာထမ်းများနှင့် တစ်ဆင့်မြင့်ရာထူးသို့ တိုးမြှင့်ခြင်းခံရသည့် အရာထမ်းများအား တစ်ဦးချင်း မိတ်ဆက်ဂါရဝပြုခဲ့ကြပြီးနောက် ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးက အမှာစကားပြောကြားရာတွင် ရာထူးတိုးမြှင့်ခန့်အပ်ပေး ခြင်းများနှင့် ပြောင်းရွှေ့နေရာချထားပေးခြင်းများကို ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များဖြင့် အကြီးအကဲများစိစစ်တင်ပြ၍ စနစ်တကျ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည့်အတွက် ယခုတွေ့ဆုံပွဲ အခမ်းအနားသို့ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော နည်းပြ/နည်းစနစ်ရာထူးနေရာများတွင် တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းများဆက်လက်ကျင်းပ
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော နည်းပြ/နည်းစနစ်ရာထူးနေရာများတွင် တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းများဆက်လက်ကျင်းပ နေပြည်တော်၊ မတ် ၃၁ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် လစ်လပ် လျက်ရှိသည့် နည်းပြ/နည်းစနစ် ရာထူးနေရာများသို့ တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ကြံ့ခိုင်စွမ်းရည်နှင့် အဓိကအားကစားနည်း အောင်မြင်ခဲ့သည့် အမျိုးသား/အမျိုးသမီး စုစုပေါင်း(၂၈)ဦးတို့အား လူတွေ့ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall (ဘက်စုံသုံးခန်းမ)၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက လူတွေ့ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါ နည်းပြ/နည်းစနစ် ရာထူး(လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀- ၂၂၆၀၀၀) တွင် တိုးမြှင့် ခန့်ထားနိုင်ရေးအတွက် သတ်မှတ်အရည်အချင်းများနှင့်ကိုက်ညီသူ စုစုပေါင်း(၃၀)ဦးအနက် ရေးဖြေ စာမေးပွဲဖြေဆိုအောင်မြင်ခဲ့သူ (၂၈)ဦးတို့အား ကြံ့ခိုင်စွမ်းရည်၊ […]
ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ခုနှစ်၊ နွေရာသီအခြေခံမြားပစ်သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ
![]()
ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ခုနှစ်၊ နွေရာသီအခြေခံမြားပစ်သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ ရန်ကုန် ၊ မတ် ၂၉ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ခုနှစ်၊ နွေရာသီအခြေခံမြားပစ်သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တာမွေမြို့နယ် ကျိုက္ကဆံကွင်းအတွင်းရှိ မြန်မာနိုင်ငံမြားပစ် အဖွဲ့ချုပ်၌ကျင်းပ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(၁) ဦးကျော်ဦး၊ အထွေထွေအတွင်းရေးမှူး၊ အမှုဆောင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းသား/သင်တန်းသူများတက်ရောက်ခဲ့ပါသည်။ ဦးစွာ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(၁) ဦးကျော်ဦး ကသင်တန်းသား/ သင်တန်းသူများ၏ တစ်ဦးချင်းပြိုင်ပွဲ ပစ်ခတ်နေမှုများအား ကြည့်ရှုအားပေးပြီး အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော စံမင်းမြတ်အား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး […]
မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကျင်းပ
![]()
မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကျင်းပ နေပြည်တော်၊ မတ် ၂၀ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ Gold Medal Hall ၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးလှမင်းထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ လက်ထောက် အတွင်းဝန်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ အရာထမ်း/ အမှုထမ်းများနှင့် မီးသတ်ဦးစီး ဌာန ဒက္ခိဏခရိုင် မီးသတ်ဦးစီးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်နှင့် တာဝန်ရှိသူ များ တက်ရောက်ခဲ့သည်။ ဦးစွာ နေပြည်တော်၊ ဒက္ခိဏခရိုင် မီးသတ်ဦးစီးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်က နိုင်ငံတော်ပိုင်အဆောက်အဦများ၊ ရုံးများ၊ ပြည်သူပိုင်အဆောက်အဦများနှင့် အိမ်ရာများကို သဘာဝဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဌာနခွဲများ၌ လစ်လပ်လျက်ရှိသော တစ်ဆင့်မြင့်ရာထူးနေရာများတွင် တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ရေးဖြေစာမေးပွဲနှင့် လူတွေ့စစ်ဆေးခြင်းများကျင်းပ
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဌာနခွဲများ၌ လစ်လပ်လျက်ရှိသော တစ်ဆင့်မြင့်ရာထူးနေရာများတွင် တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ရေးဖြေစာမေးပွဲနှင့် လူတွေ့စစ်ဆေးခြင်းများကျင်းပ နေပြည်တော်၊ မတ် ၂၀ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဌာနခွဲများ၌ လစ်လပ်လျက်ရှိသော တစ်ဆင့်မြင့်ရာထူးနေရာများတွင် တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ရေးဖြေစာမေးပွဲစစ်ဆေးခြင်းနှင့် လူတွေ့အရည်အချင်းစစ်ဆေးခြင်းများကို ၂၀၂၆ ခုနှစ် မတ်လ ၁၇ ရက်နေ့၊ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့ တို့တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ အားကစားနှင့်ကာယပညာဦးစီးဌာန ဌာနခွဲများတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာများ ဖြစ်သည့် ဦးစီးအရာရှိနှင့်အဆင့်တူရာထူး (လစာနှုန်းကျပ် ၂၇၅၀၀၀-၄၀၀၀-၂၉၅၀၀၀)၊ ရုံးအုပ်နှင့် အဆင့်တူ ရာထူး(လစာနှုန်းကျပ် ၂၃၄၀၀၀-၂၀၀၀-၂၄၄၀၀၀)၊ ဌာနခွဲစာရေးနှင့်အဆင့်တူရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)၊ တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသူများအား […]
အား/ကာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နေပြည်တော်အတွင်းရှိ ဇမ္ဗူသီရိမြို့နယ်ရှိ ရွှေကြာပင်အားကစားကွင်းနှင့် ဥတ္တရသီရိခရိုင်အတွင်းရှိ ဥတ္တရသီရိမြို့နယ် အားကစားကွင်း ဘောလုံးကွင်းဖောက်လုပ်နေမှု၊ ခြံစည်းရိုးအုတ်တံတိုင်း ကာရံနေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး
![]()
အား/ကာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နေပြည်တော်အတွင်းရှိ ဇမ္ဗူသီရိမြို့နယ်ရှိ ရွှေကြာပင်အားကစားကွင်းနှင့် ဥတ္တရသီရိခရိုင်အတွင်းရှိ ဥတ္တရသီရိမြို့နယ် အားကစားကွင်း ဘောလုံးကွင်းဖောက်လုပ်နေမှု၊ ခြံစည်းရိုးအုတ်တံတိုင်း ကာရံနေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ မတ် ၁၆ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရွှေကြာပင်အားကစားကွင်းနှင့် ဥတ္တရသီရိခရိုင်အတွင်းရှိ ဥတ္တရသီရိမြို့နယ် အားကစားကွင်း ဘောလုံးကွင်း ဖောက်လုပ်နေမှု၊ ပွဲကြည့်စင်တည်ဆောက်နေမှုနှင့် ခြံစည်းရိုးအုတ်တံတိုင်းကာရံနေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ်သည် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရွှေကြာပင်အားကစားကွင်းသို့ သွားရောက်၍ မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ၏ ပင်မအားကစားကွင်းဖြစ်သော ရွှေကြာပင်အားကစားကွင်းအတွင်းရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် မီတာ ၄၀၀ Synthetic ပြေးလမ်းအသစ် […]
လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကျင်းပ
![]()
လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ မတ် ၁၃ လူငယ်ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း၊ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အမြဲတမ်းအတွင်းဝန် ဦးမျိုးကျာ်သူ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ တွင် တက်ရာက်ခဲ့သည့် Speaker နှင့် လူငယ်ကိုယ်စားလှယ်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အသက် ၃၅ နှစ်အောက် ဝန်ထမ်းလူငယ်ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ နေပြည်တော်၌ ကျင်းပခဲ့သည့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို ဝန်ကြီးဌာနအတွင်းရှိ […]