အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(၁)ဦးကျော်ဦးမှ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)ရှိ သင်တန်းသား/သူများနှင့်အရာထမ်း/အမှုထမ်းများအား တွေ့ဆုံလမ်းညွှန်အမှာစကား ပြောကြားခြင်း

အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(၁)ဦးကျော်ဦးမှ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)ရှိ သင်တန်းသား/သူများနှင့်အရာထမ်း/အမှုထမ်းများအား တွေ့ဆုံလမ်းညွှန်အမှာစကား ပြောကြားခြင်း မော်လမြိုင်၊ ဩဂုတ်လ (၁၂)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(၁) ဦးကျော်ဦးသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၁၁)ရက် (သောကြာနေ့) ညနေ (၁၆:၁၅)နာရီအချိန်တွင် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)သို့ ရောက်ရှိပြီး သင်တန်းသား/သင်တန်းသူများ အားကစားလေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေးပြီး နည်းပြများအား သင်တန်းသားများ လေ့ကျင့်သင်ကြားပေးရာတွင်အခြေခံကို ပိုင်နိုင်ကျွမ်းကျင်စွာ အဓိကထား လေ့ကျင့်ရန်၊ သင်တန်းသား များ၏ ယခုလက်ရှိအသက်အရွယ်တွင် စံချိန်သည် အဓိကမဟုတ်၊ နည်းစနစ်မှန်ကန်အောင် အထူးလေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ အားကစားလေ့ကျင့်ရာတွင် အားကစားအောင်နိုင်ရေးအတွက် ကြိုးစားကြရန်၊ သင်တန်းသားများအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုးစားကြရန်၊ Youth Campနှင့် Gold Camp တို့မှတဆင့် လက်ရွေးစင်ဖြစ်အောင် ကြိုးစားလေ့ကျင့်ကြရန်နှင့် ထိုမှတဆင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန်အတွက် […]
လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း (6th WG on CoP) နှင့် (19th SOC-COM) တို့အား Virtual စနစ်ဖြင့်တက်ရောက်

လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း (6th WG on CoP) နှင့် (19th SOC-COM) တို့အား Virtual စနစ်ဖြင့်တက်ရောက် နေပြည်တော်၊ ဩဂုတ်လ(၁၀)ရက်။ အင်ဒိုနီးရှားနိုင်ငံမှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့သည့် (၆)ကြိမ်မြောက် အာဆီယံကြိုတင်ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာအလေ့အထများ လုပ်ငန်းအဖွဲ့အစည်းအဝေး (6th Meeting of the ASEAN Working Group on Culture of Prevention-6th WG on CoP)ကို မြန်မာစံတော်ချိန် ယနေ့နံနက်(၉:၀၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ ကော်မတီခေါင်းဆောင်များ၊ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာအာဆီယံ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်၊ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင် အောက်ရှိလုပ်ငန်းအစုအဖွဲ့များမှ ဥက္ကဋ္ဌများနှင့်အတူ မြန်မာနိုင်ငံ အာဆီယံလူငယ်ဆိုင်ရာ […]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်အားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်အားပေး နေပြည်တော် ဇူလိုင် ၃၁။ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်ပြိုင်ပွဲရုံ၌ ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ဒေါက်တာမှုထန်၊ ဦးမောင်ကို၊ ဒေါက်တာအောင်ကျော်မင်း၊ ဒေါက်တာ ကျော်ထွန်း၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။ ယနေ့တွင် […]
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ကာယပညာနှင့်အားကစားအခြေခံနည်းပြသင်တန်းအမှတ်စဉ်(၂၁)မှ အုပ်ချုပ်/နည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ကာယပညာနှင့်အားကစားအခြေခံနည်းပြသင်တန်းအမှတ်စဉ်(၂၁)မှ အုပ်ချုပ်/နည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ ဇူလိုင်(၂၉)။ အခြေခံပညာဦးစီးဌာန၊ ကာယပညာနှင့်အားကစားအခြေခံနည်းပြသင်တန်းအမှတ်စဉ်(၂၁)မှ အုပ်ချုပ်/ နည်းပြများနှင့် သင်တန်းသား/သင်တန်းသူ စုစုပေါင်း(၄၈၀)ဦးတို့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအားလည်းကောင်း၊ မြန်မာ့အားကစား မော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားရှိထားသော နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစား သမားများ၏ ပုံတူရုပ်ထုများအား လာရောက်ကြည့်ရှုလေ့လာခဲ့ရာ ပြခန်းတာဝန်ရှိသူမှ သိရှိမေးမြန်းလိုသည် များကို လိုက်လံရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဇူလိုင်(၂၉)။ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဖူဆယ်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေးနှင့် ဖူဆယ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့နံနက်(၇)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပခဲ့သည်။ ယနေ့ နံနက်ပိုင်းတွင် ကွာတားဖိုင်နယ်ပြိုင်ပွဲ(အမျိုးသား) ပွဲစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၄)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်း က မွန်ပြည်နယ်အသင်းကို (၅)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို (၅)ဂိုး (၄)ဂိုးဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက နေပြည်တော်ကောင်စီနယ်မြေ အသင်းကို (၄)ဂိုး (၂)ဂိုးဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲများသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ တပ်မတော်မှအရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေး ခဲ့ကြသည်။ ဇူလိုင်(၃၀)ရက်နေ့ နံနက်(၇)နာရီမှစတင်၍ […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲဝင်အသင်းများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲဝင်အသင်းများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ ဇူလိုင်(၂၈)။ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိသည့် မွန်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့မှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစား သမားများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာ့အားကစား လှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် မြန်မာ့အားကစား လှုပ်ရှားမှုများပြခန်းအားလည်းကောင်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားရှိ ထားသော နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ပုံတူရုပ်ထုများအား လာရောက် ကြည့်ရှုလေ့လာခဲ့ရာ ပြခန်းတာဝန်ရှိသူမှ သိရှိမေးမြန်းလိုသည်များကို လိုက်လံရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇူလိုင်(၂၈)ရက်။ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဖူဆယ်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေးနှင့် ဖူဆယ် အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့နံနက်(၇)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပခဲ့သည်။ ယနေ့ နံနက်ပိုင်းတွင် ကွာတားဖိုင်နယ်ပြိုင်ပွဲ (အမျိုးသမီး)ပွဲစဉ်များအဖြစ် မကွေးတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို (၅)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို (၇)ဂိုး (၂)ဂိုးဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီး အသင်းကို (၃)ဂိုး (၂)ဂိုးဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို (၉)ဂိုး (၂)ဂိုးဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲများသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး အသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး အသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဇူလိုင်(၂၃)။ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး အသင်း အုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို မွန်းလွဲ(၁) နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေး စခန်းရှိ Gold Medal Hall ၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကား ပြောကြားရာ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဖူဆယ်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေ ရေးနှင့်ဖူဆယ်အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ယခုပြိုင်ပွဲကို ကျင်းပပြုလုပ် ပေးရခြင်းဖြစ်ပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများ ကြိုတင်ဖြန့်ဝေ ပေးထားပြီးဖြစ်သောကြောင့် လိုက်နာဆောင်ရွက်သွားစေလိုကြောင်း၊ ယခုအစည်းအဝေးတွင် စိစစ်အတည်ပြု ပြီးသော ကစားသမားများကို ထပ်မံ၍လူစားလဲလှယ်ခြင်း မပြုလုပ်ကြရန်နှင့် ထပ်မံကန့်ကွက်ခွင့် မပြုတော့ ပါကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားအနေဖြင့် မိမိတို့အသင်းအောင်နိုင်ရေးအတွက် အားကစားစိတ်ဓါတ် အပြည့်အဝဖြင့်ယှဉ်ပြိုင်ကစားကြပြီး […]
၂၀၂၃ခုနှစ်၊(၄၇)ကြိမ်မြောက် ပြည်နယ်နင့်တိုင်းဒေသကြီးကာယဗလနှင့်ကာယကြံခိုင်မှု အားကစားပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၃ခုနှစ်၊(၄၇)ကြိမ်မြောက် ပြည်နယ်နင့်တိုင်းဒေသကြီးကာယဗလနှင့်ကာယကြံခိုင်မှု အားကစားပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန်၊ဇူလိုင်(၂၂)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်မြန်မာနိင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်တို့ကကြီးမှူးကျင်းပသည့် (၄၇)ကြိမ်မြောက်ပြည်နယ်နှင့်တိုင်းဒေသကြီးကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲကျင်းပရေးအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ရန်ကုန်မြို့၊ မရမ်းကုန်မြို့နယ်၊မင်းဓမ္မလမ်းရှိ၊MCCခန်းမ၌ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦး၊ယှဥ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ-၁မှ ညွှန်ကြားရေးမှူးဦးခွန်ဂျာအောင်နှင့်အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ၊မြန်မာနိင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်မှဒုတိယဥက္ကဌဒေါ်ရီရီဝင်းနှင့်အမှုဆောင်များ၊ပြည်နယ်နှင့်တိုင်းဒေသကြီးမှအသင်းအုပ်ချုပ်သူများတက်ရောက်ကြသည်။ ရှေဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ် နှင့် တိုင်းဒေသကြီး အသီးသီးမှအားကစားသမားများအချင်းချင်းချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေးနှင့်ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဆင့်အတန်းတိုးတက်မြင့်မာလာစေရန်ရည်ရွယ်၍ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ပြိုင်ပွဲမကျင်းပမည် နေထိုင်စားသောက်ရေး အဆင်မပြေဖြစ်ပါက မိမိနှင့်အတူ ယှဥ်ပြိုင်လေ့ကျင့်ရေးဌာနခွဲ-၁မှ ညွှန်ကြားရေးမှူးအား ပြောကြားလို့ရပါကြောင်း၊ ကျန်းမာရေးနှင့် လုံခြုံရေး ကို အထူးဂရုစိုက်စေလိုကြောင်း၊ယခုပြိုင်ပွဲတွင်အဖက်ဖက်မှခက်ခဲမှုရှိသောကြောင့် ပြည်နယ်နှင့်တိုင်းအသီးသီးမှ အင်ပြည့် အားပြည့်အပြည့်စုံဖြင့် ပါဝင်လာသောကြောင့် ပြည်နယ်မှူး၊တိုင်းမှူးနှင့်အသင်းအုပ်ချုပ်သူများအားအထူးကျေးဇူးတင်ရှိပါကြောင်း၊ အဖွဲ့ချုပ်မှပံပိုးပေးသည့်အတွက်ကျေးဇူးအထူးတင်ရှိပါကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍မြန်မာနိင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌဒေါ်ရီရီဝင်းက ပြိုင်ပွဲနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့သည်။ အဆိုပါပြိုင်ပွဲကို ဇူလိုင်လ(၂၃)ရက်နေ့တွင် ရန်ကုန်မြို့ ၊မရမ်းကုန်မြို့နယ်၊မင်းဓမ္မလမ်းရှိ MCCခန်းမ၌ နံနက်(၁၀)နာရီမှ ညနေဆုပေးပွဲအချိန်ထိ့ အမျိုးသားအသင်း(၁၅)သင်း၊အမျိုးသမီးအသင်း(၁၅)သင်းတို့ယှဥ်ပြိုင်သွားမည်ဖြစ်ရာ မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှု့အားပေးနိင်ပါကြောင်းသိရှိရသည်။
၂၀၂၃ခုနှစ်၊ (၄၇)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၃ခုနှစ်၊ (၄၇)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန်၊ ဇူလိုင်လ(၁၈)ရက်။ ၂၀၂၃ခုနှစ်၊(၄၇)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည်(၁၃း၃၀)နာရီ က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ခန်းမ (၃)၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဥပဒေချုပ် ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ကာယဗလနှင့်ကာယကြံ့ခိုင်မှုအဖွဲ့ချုပ် ဥက္ကဌ ဦးညီညီ၊ ဒုတိယဥက္ကဌများနှင့် အဖွဲ့ချုပ်တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ အစည်းအဝေး မစတင်မှီ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက ယနေ့ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို တက်ရောက်လာသည့် တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေး၊ တည်းခိုနေထိုင်ရေး၊ ပြန်ကြားရေး၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေးကိစ္စရပ်များကို အထူးဂရုစိုက် […]