ASEAN Future Forum သို့ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ Virtual စနစ်ဖြင့်တက်ရောက်
နေပြည်တော်၊ ဧပြီ(၂၃)။
ဗီယက်နမ်နိုင်ငံ၊ သံတမန်ရေးရာအကယ်ဒမီ (DAV)မှ ဦးဆောင်၍ “စဉ်ဆက်မပြတ် လျင်မြန်စွာတိုးတက်နေသော ပြည်သူ့ဗဟိုပြု အာဆီယံအသိုက်အဝန်းဆီသို့ – Towards Fast and Sustainable Growth of a people – centered ASEAN Community ” ဆောင်ပုဒ်နှင့်အညီ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင်လည်းကောင်း၊ Virtual စနစ်ဖြင့်လည်းကောင်း Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့သည် “ASEAN Future Forum”အား မြန်မာစံတော်ချိန် ယနေ့နံနက်(၀၈:၀၀)အချိန်မှ မွန်းလွဲ (၁၅:၁၅)အချိန်အထိ ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးသို့ အာဆီယံလူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး(SOMY)၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့က Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသည် ဒေသအဆင့်နှင့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပေးနိုင်သော လက်တွေ့ဆောင်ရွက်မည့် နည်းလမ်းများနှင့် တွေးခေါ်စဉ်းစားမှုများကို အဓိကဆွေးနွေးခဲ့ကြပါကြောင်း သိရှိရပါသည်။


