အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ပဲခူးမြို့ တိုင်းဒေသကြီး အားကစားဥယျာဉ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ၊ ပဲခူးခရိုင်အားကစားကွင်း၊ ပဲခူးတိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမအား ကြည့်ရှုစစ်ဆေး
ပဲခူး၊ မတ်လ(၂)ရက်။
အားကစားနှင်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ၊ အားကစားကွင်း/ရုံ ညွှန်ကြားရေးမှူး ဦးမင်းမင်းထွန်းတို့သည် (၂.၃.၂၀၂၃)ရက်နေ့တွင် ပဲခူးမြို့သို့ရောက်ရှိပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင် လိုက်ပါလျက် တိုင်းဒေသကြီးအား ဉယျာဉ်အတွင်း တည်ဆောက်ရေးလုပ်ငန်းသို့သွားရောက်၍ ရှင်းလင်းဆောင်ပြင်ဆင်ထားမှု၊ (၄၈၀’ x ၆၀’)ပေ အထူးတန်းပွဲကြည့်စင်တည်ဆောက်နေမှုလုပ်ငန်း၊ အဆင့်မြှင့် မိုးလုံလေလုံအားကစားရုံ (၂၀၀’ x ၁၃၀’) ပေတည်ဆောက်နေမှုလုပ်ငန်း၊ အားကစားကွင်းစိမ်းလန် စိုပြည်ရေးဆောင်ရွက်ထားမှု၊ အရှေ့ဘက်ရိုးရိုးတန်းပွဲကြည့်စင်ဆေးသုတ်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၄င်းနောက် ပဲခူးခရိုင်အားကစားကွင်းသို့ ရောက်ရှိပြီး အားကစားကွင်းစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမသို့ ရောက်ရှိပြီး အားကစားခန်းမ အတွင်း/အပြင် သန့်ရှင်းရေးဆောင်ရွက်ထားမှုနှင့်ပဲခူးတိုင်းဒေသကြီး အားကစား GYM အားကစားခန်းမကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။




