အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနခွဲများရှိ အရာထမ်း/အမှုထမ်းများ ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ
နေပြည်တော်၊ မတ်လ(၁၃)။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ ဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ) အခမ်းအနားကို ယနေ့ မွန်းလွဲ (၁၃:၀၀)အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ တွေ့ဆုံပွဲတွင် ဝန်ထမ်းများအနေဖြင့် မိမိတို့တွေ့ကြုံရသည့်အခက်အခဲများကို ပွင့်ပွင့်လင်းလင်းတင်ပြသွားကြရန်နှင့် နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများ၊ လုပ်ငန်းစဉ်များကို ဝန်ထမ်းများနားလည်သဘော ပေါက်စေရေး ရှင်းလင်းဆွေးနွေးပေးရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း အချင်းချင်းအပြန်အလှန်လေးစားကြပြီး မိသားစုသဖွယ် ရင်းနှီးနွေးထွေးစွာ ဆက်ဆံကြရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရိုးသားမှုကိုအခြေခံကြရန် တိုက်တွန်းလိုပါကြောင်းနှင့် ဝန်ထမ်းတစ်ဦးချင်းစီက လုပ်ငန်းများကို ကျွမ်းကျင်တတ်မြောက်အောင် လေ့လာကြိုးစားသင်ယူကြရန် အရေးကြီးပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ညွှန်ကြားရေးမှူး (မသန်စွမ်းလူငယ်ရေးရာဌာနခွဲ)မှ ဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာအချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီးနောက် ညွှန်ကြားရေးမှူး (စီမံ/ဘဏ္ဍာဌာနခွဲ)မှ ယခင်(၂၆.၁၂.၂၀၂၃)ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဝန်ထမ်းတွေ့ဆုံပွဲ(ဒါဘာ)၏ လမ်းညွှန်ဆွေးနွေးချက်အပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ ဌာနခွဲများအလိုက် အရာထမ်း/အမှုထမ်းများ၏ တင်ပြချက်နှင့် လိုအပ်ချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဌာနခွဲ(၄)ခုတို့မှ အရာထမ်း/အမှုထမ်း စုစုပေါင်း(၉၂)ဦးတက်ရောက်ခဲ့ပြီး အခမ်းအနားကို မွန်းလွဲ(၁၄:၃၀)အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

