အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

Stakeholder engagement With ASCC Senior Officials of Sectoral Bodies” အစည်းအဝေးသို့ လူငယ်ရေးရာဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့က Virtual စနစ်ဖြင့်တက်ရောက်

နေပြည်တော်၊ ဧပြီ(၂၁)။

အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှကြီးမှူး၍ “အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်အောက်ရှိ အဆင့်မြင့်အရာရှိကြီးများမှ ရေးဆွဲလျက်ရှိသည့် ၂၀၂၅ ခုနှစ် အလွန် အာဆီယံလူမှုရေး -ယဉ်ကျေးမှုအသိုက်အဝန်း၏ မဟာဗျူဟာအစီအစဉ်နှင့်စပ်လျဉ်း၍ သဘောထားအမြင်များ ဆွေးနွေးအကြံပြုခြင်း – Stakeholder engagement With ASCC Senior Officials of Sectoral Bodies” အစည်းအဝေးကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင်လည်းကောင်း၊ Virtual စနစ်ဖြင့်လည်းကောင်း မြန်မာစံတော်ချိန် ယနေ့ မွန်းလွဲ (၁၂:၀၀)အချိန်မှ (၁၅:၀၀)အချိန်အထိ ကျင်းပခဲ့ပြီး အဆိုပါ အစည်း အဝေးသို့ အာဆီယံလူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (SOMY)၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့က Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသည် အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင် အောက်ရှိ လုပ်ငန်းအစုအဖွဲ့အသီးသီးမှ ဥက္ကဋ္ဌများကအစည်းအဝေးတွင် ဆွေးနွေးရန် သတ်မှတ်ထားသည့် Guiding Question (၄)ခုအပေါ် အခြေခံ၍ ဆွေးနွေးကြပြီး လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အစည်းအဝေးအစီအစဉ် အပိုင်း(၁) တွင် ပါဝင်ဆွေးနွေးခဲ့ ကြောင်းသိရှိရပါသည်။