အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ အောက်တိုဘာ ၂၈ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်အားကစားကွင်းအတွင်း တည်ဆောက်လျက်ရှိသည့် မီတာ(၄၀၀)ပြေးလမ်းပါ ဘောလုံးကွင်း Synthetic ပြေးလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် သဘာဝဘေးအန္တရာယ်ခံနိုင်ပြီး ကြံ့ခိုင်မှုရှိစေရေးအတွက် အဓိကထားဆောင်ရွက်သွားရန်လိုကြောင်း၊ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်တွင်လည်း သတ်မှတ်ချက်နှင့်ကိုက်ညီပြီး သတ်မှတ်စံချိန်/စံညွှန်းများ၊ အရည်အသွေး ပြည့်မီသည့် ပစ္စည်းများကိုသာ အသုံးပြုတည်ဆောက်ပေးသွားရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီ တည်ဆောက်ပြီးစီးနိုင်စေရေးအတွက် အလေးထားဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြား […]

အားကစားနှင့်ကာယပညာဦးစီးဌာန(ရန်ကုန်)ဝန်ထမ်းမိသားစုများ၏ (၂၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲကျင်းပ

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန(ရန်ကုန်)ဝန်ထမ်းမိသားစုများ၏ (၂၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲကျင်းပ ရန်ကုန် ၊ အောက်တိုဘာ ၂၆ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့်ဟိုတယ်နှင့်ခရီးသွားလာ‌ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်အားအမှူးထား၍ အားကစားနှင့်ကာယပညာဦးစီးဌာန (ရန်ကုန်)ဝန်ထမ်းမိသားစုများ၏ (၂၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ၊ သင်္ဃန်းကျွန်းမြို့နယ် ဒက္ခိဏာရုံကျောင်းတိုက်၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်ဇနီး ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် အရာထမ်း ၊ အမှုထမ်း ဝန်ထမ်းများက ဒက္ခိဏာရုံကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော်ကြီးနှင့် သံဃာတော်အရှင်သူမြတ်တို့ကို အရုဏ်ဆွမ်းနှင့် ခဲဖွယ်၊ ဘောဇဥ်တို့အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် နမောတဿ(၃)ကြိမ်ရွတ်ဆို၍ မြတ်စွာဘုရားရှင်အား ရည်မှန်းကန်တော့ပြီး ဒက္ခိဏာရုံကျောင်းတိုက်၏ ဦးစီးပဓာန […]

အား/ကာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ အောင်မြင်မှုရရှိစေရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့်တွေ့ဆုံ

Loading

အား/ကာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ အောင်မြင်မှုရရှိစေရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့်တွေ့ဆုံ ရန်ကုန်၊ အောက်တိုဘာလ ၁၉ရက် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ အားကစားအဖွဲ့အောင်မြင်မှုရရှိစေရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှိ ပတ္တမြား ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်(၄၀)တို့မှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တွဲဖက်အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြသည်။ ဦးစွာအားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ကအဖွင့်အမှာစကားပြောကြားရာ တွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ သို့ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အတွက် အဖွဲ့ချုပ်များမှတာဝန်ရှိသူများနှင့် အုပ်ချုပ်မှု၊ လေ့ကျင့်မှု၊ ယှဉ်ပြိုင်မှုနှင့် အောင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး အပြီးသတ် တွေ့ဆုံဆွေးနွေး၍ ညှိနှိုင်းဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲကျင်းပရေးကော်မတီသို့ […]

(၈)ကြိမ်မြောက်အာဆီယံ အားကစားဆိုင်ရာဝန်ကြီးများအစည်းအဝေးနှင့် (၁၆)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတက်ရောက်ရန် ပြည်ပ ထွက်ခွာ

Loading

(၈)ကြိမ်မြောက်အာဆီယံ အားကစားဆိုင်ရာဝန်ကြီးများအစည်းအဝေးနှင့် (၁၆)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတက်ရောက်ရန် ပြည်ပ ထွက်ခွာ ရန်ကုန်၊ အောက်တိုဘာလ(၁၂)ရက်။ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၁၂)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၈)ကြိမ်မြောက်အာဆီယံ အားကစားဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် (၁၆)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး တက်ရောက်ရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ဦးဆောင်သည့်အဖွဲ့ဝင်(၁)ဦး တို့သည် ယနေ့ ညနေ (၁၆ : ၃၅) နာရီအချိန် တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာန မှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူတို့က လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြောင်းသိရှိရသည်။

အား/ကာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် လှေလှော်/တိုက်ကွမ်ဒိုကစားနည်းများ လေ့ကျင့်နေမှုများ ကြည့်ရှုခြင်းနှင့်အားကစားပညာဘာသာရပ် သင်ကြားရေးအဖွဲ့ Board of Studies(၁/၂၀၂၅) အစည်းအဝေးသို့ တက်ရောက်

Loading

အား/ကာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် လှေလှော်/တိုက်ကွမ်ဒိုကစားနည်းများ လေ့ကျင့်နေမှုများ ကြည့်ရှုခြင်းနှင့်အားကစားပညာဘာသာရပ် သင်ကြားရေးအဖွဲ့ Board of Studies(၁/၂၀၂၅) အစည်းအဝေးသို့ တက်ရောက် ရန်ကုန်၊ အောက်တိုဘာလ ၁၁ ရက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့အင်းယားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ ရောက်ရှိပြီး (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ရန်ကုန်မြို့တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် လှေလှော်အားကစားသမားများ၏ လေ့ကျင့်နေမှုများနှင့် ရရှိသည့် စံချိန်၊ စံနှုန်းများကို ကြည့်ရှုအား‌ပေးခဲ့ပြီးနောက် အုပ်ချုပ်၊ နည်းပြများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ လာမည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများကို ဆွတ်ခူးရယူနိုင်ပြီး အမိမြန်မာနိုင်ငံတော်၏အလံကို အခြားနိုင်ငံ၏ တိုင်ထိပ်တွင် လွှင့်ထူနိုင်ရမည်ဆိုသည့် ပြည်ထောင်စုဝန်ကြီး၏ မျှော်လင့်ချက်၊ လမ်းညွှန်မှာကြားချက်များအတိုင်း ပိုမိုကြိုးစားလေ့ကျင့်သွားကြရန်လိုကြောင်း၊ ယခုကတည်းကစပြီး မဆုတ်မနှစ်သည့် ဇွဲ၊ စိတ်ဓာတ်တို့ဖြင့် […]

Football For Schools အစီအစဉ်ဆိုင်ရာ သဘောတူနားလည်မှုစာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကျင်းပ

Loading

Football For Schools အစီအစဉ်ဆိုင်ရာ သဘောတူနားလည်မှုစာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကျင်းပ နေပြည်တော်၊ အောက်တိုဘာ ၈ Football For Schools အစီအစဉ်ဆိုင်ရာ သဘောတူနားလည်မှုစာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဇမ္မူသီရိမြို့နယ် Hotel Max ၌ ကျင်းပခဲ့ရာ ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်တာဝန်ရှိသူများ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။ ဦးစွာ Football For Schools Program နှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား/ကျောင်းသူ များအနေဖြင့် ကျောင်းစာတစ်ခုတည်းတွင်သာ နစ်မျှောမနေဘဲ အားကစားလေ့လာလိုက်စား နိုင်စေရန်နှင့် […]

ပီတန်းအားကစားသမားများအား လက်ရည်စစ်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

Loading

ပီတန်းအားကစားသမားများအား လက်ရည်စစ်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ နေပြည်တော်၊ အောက်တိုဘာ ၁ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပီတန်းအားကစားနည်းမှ ပဏာမလက်ရွေးစင် အားကစားသမားများနှင့် လူငယ်အားကစားသမားများအား လက်ရည်စစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ပီတန်းလေ့ကျင့်ရေးကွင်း၌ ကျင်းပခဲ့သည်။ ယနေ့ပီတန်းပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး Shooting ပြိုင်ပွဲ တစ်ဦးချင်း (Single) ပြိုင်ပွဲ၊ Mixed Triple နှင့် Mixed Douple လက်ရည်စစ်ပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ Shooting ပြိုင်ပွဲတွင် သတ်မှတ်ရမှတ်ရရှိခဲ့သည့် ခင်ချယ်ရီသက်ကို အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးကလည်းကောင်း၊ Mixed Team ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် Mixed […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၃၀ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကို ယနေ့ည‌နေပိုင်းတွင် နေပြည်တော်၊ အားကစား လေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Gold Medal Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများ ၏ အခက်အခဲများနှင့် တင်ပြချက်များကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်အတွက် ယခုတွေ့ဆုံပွဲ အခမ်းအနားအား ကျင်းပပေးခြင်းဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် ရောဂါဖြစ်ပွားပါက ကုသခြင်းထက် ကာကွယ်ခြင်းက ပို၍ထိရောက်စေမည်ဖြစ်သည့်အတွက် ကျန်းမာရေးအသိပညာများ ရရှိစေရန်နှင့် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်တစ်ခုဖြစ်ပြီး ဝန်ထမ်းများအား တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရန်အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေ၊နည်းဥပဒေ၊ ဝန်ထမ်းစည်းမျဉ်း/ စည်းကမ်းများ နှင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များကို ပိုမိုသိရှိနားလည်ပြီး […]

အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်၍အောင်မြင်မှုများ ရရှိစေရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံ

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်၍အောင်မြင်မှုများ ရရှိစေရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံ ရန်ကုန်၊စက်တင်ဘာလ (၂၃)ရက် အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြား‌ရေးမှူးချုပ် ဦးကျော်ဦး ၊ ယှဉ်ပြိုင်ရေး နှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ တာမွေမြို့နယ် ကျိုက္ကဆံမြားပစ်ကွင်းရှိ ပဏာမလက်ရွေးစင် မြားပစ်အားကစားသမားများ လေ့ကျင့်နေမှုများ အားလည်းကောင်း၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ပဏာမလက်ရွေးစင် ဘိလိယက်နှင့်စနူကာအားကစားသမားများ လေ့ကျင့်နေမှုများအားလည်းကောင်း ၊ လူငယ်အားကစား လေ့ကျင့်ရေးစခန်းရှိ တိုက်ကွမ်ဒိုအားကစားရုံ၌ ပဏာမလက်ရွေးစင်တိုက်ကွမ်ဒိုအားကစားသမားများ လေ့ကျင့်နေမှုအားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အုပ်ချုပ်သူ/နည်းပြများအား လိုအပ်ချက်များကို မှာကြားခဲ့ပါသည်။ ဆက်လက်၍ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်၍ အောင်မြင်မှုများရရှိစေရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေး ကို ယနေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ရန်ကုန်မြို့၊ […]

အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ရန်ကုန်မြို့ရှိ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့ချုပ်များအားကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ရန်ကုန်မြို့ရှိ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့ချုပ်များအားကြည့်ရှုစစ်ဆေး ရန်ကုန်၊ စက်တင်ဘာလ ၂၂ ရက် အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြား‌ရေးမှူးချုပ် ဦးကျော်ဦး ၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ရောက်ရှိရာ ပဏာမလက်ရွေးစင်‌ လှေလှော်အားကစားသမားများ စံချိန်ယူ လေ့ကျင့်နေမှုများ ၊ လက်ရွေးစင်အားကစားသမားများအား တစ်နေ့ ၆ကြိမ် နေ့စဉ်အလိုက် ကျွေးမွေးသည့် ကိစ္စရပ်များ ၊ စားရိပ်သာသန့်ရှင်းသပ်ရပ်စွာထားရှိမှု အခြေအနေ ၊ ချက်ပြုတ်ပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး နည်းပြ/အုပ်ချုပ်သူများကို လိုအပ်ချက်များမှာကြားခဲ့သည် ။ ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် အောင်ဆန်းကွင်းသို့ရောက်ရှိရာ စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ပဏာမမြန်မာ့လက်ရွေးစင်‌‌ ဘော်လီ‌ဘောအမျိုးသား/အမျိုးသမီးများအား လေ့ကျင့်နေမှုများကြည့်ရှူအားပေး၍ စားရိပ်သာ၌ ချက်ပြုတ်သည့် menu နှင့် […]