![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော နည်းပြ/နည်းစနစ်ရာထူးနေရာများတွင် တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ကြံ့ခိုင်စွမ်းရည်နှင့်အဓိကအားကစားနည်းစစ်ဆေးခြင်းများကျင်းပ
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် နည်းပြ/နည်းစနစ် ရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)တွင် တိုးမြှင့်ခန့်ထား နိုင်ရေးအတွက် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရေးဖြေစာမေးပွဲစစ်ဆေးခြင်း အောင်မြင်ခဲ့သူ အမျိုးသား (၄)ဦး၊ အမျိုးသမီး(၆)ဦး၊ စုစုပေါင်း(၁၀)ဦးတို့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၁)တွင် ကြံ့ခိုင်စွမ်းရည်စစ်ဆေးခြင်းအား အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး နှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ကြံ့ခိုင်စွမ်းရည်နှင့်အဓိကအားကစားနည်းစစ်ဆေးအောင်မြင်ခဲ့သူများအား ၂၇-၂-၂၀၂၆ ရက်နေ့ နေ့လယ်(၁၂း၃၀) နာရီတွင် Multipurpose Hall (ဘက်စုံသုံးခန်းမ)၌ လူတွေ့စစ်ဆေးခြင်းကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။




