![]()
(၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုယ်စားပြု ယဉ်ကျေးမှုအဖွဲ့များ ဆက်လက်ရောက်ရှိ
နေပြည်တော်၊ ဖေဖော်ဝါရီ ၃
၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ရန်အတွက် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်စည်ပင်ဧည့်ရိပ်သာသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားပြု ယဉ်ကျေးမှုအဖွဲ့များ ဆက်လက်ရောက်ရှိလာရာ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံ ကျွေးမွေးရေး ဆပ်ကော်မတီ အတွင်းရေးမှူးနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက နွေးထွေးလှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ခဲ့သည်။
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန်အတွက် ရှမ်းပြည်နယ် ကိုယ်စားပြုရောက်ရှိလာသည့် အုပ်ချုပ်သူ(၁)ဦး၊ အမျိုးသား(၁၈)ဦး၊ အမျိုးသမီး(၂၁)ဦး၊ စုစုပေါင်း (၄၀)ဦး၊ မွန်ပြည်နယ် ကိုယ်စားပြုရောက်ရှိလာသည့် အုပ်ချုပ်သူ(၁)ဦး၊ အမျိုးသား (၅)ဦး၊ အမျိုးသမီး (၃၁)ဦး၊ စုစုပေါင်း(၃၇)ဦး၊ ကရင်ပြည်နယ် ကိုယ်စားပြု ရောက်ရှိလာသည့် အုပ်ချုပ်သူ(၁)ဦး၊ အမျိုးသား (၂၂)ဦး၊ အမျိုးသမီး(၁၇)ဦး၊ စုစုပေါင်း(၄၀)ဦး၊ ကယားပြည်နယ် ကိုယ်စားပြု ရောက်ရှိလာသည့် အုပ်ချုပ်သူ(၁)ဦး၊ အမျိုးသား (၁၇)ဦး၊ အမျိုးသမီး(၁၇)ဦး၊ စုစုပေါင်း(၃၅)ဦးတို့ကို အိုးစည်၊ ဒိုးပတ်များနှင့် နွေးနွေးထွေးထွေး လှိုက်လှဲစွာဖြင့် သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ယဉ်ကျေးမှုအဖွဲ့များအား တည်းခိုနေထိုင်မည့် အိပ်ဆောင်များတွင် စနစ်တကျ နေရာချထားပေးခြင်းများ၊ အဖွဲ့လိုက် နံနက်စာ၊ နေ့လည်စာနှင့် ညစာ ကျွေးမွေးမှုများတွင် လစ်ဟင်းမှုများမရှိစေရေးနှင့် တည်းခိုနေထိုင်စဉ်ကာလအတွင်း အဆင်ပြေချောမွေ့ စေရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။





