အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော နည်းပြ/နည်းစနစ်ရာထူးနေရာများတွင် တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းများကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် လစ်လပ် လျက်ရှိသည့် နည်းပြ/နည်းစနစ် ရာထူးနေရာများသို့ တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ကြံ့ခိုင်စွမ်းရည်နှင့် အဓိကအားကစားနည်း အောင်မြင်ခဲ့သည့် အမျိုးသား(၄)ဦး၊ အမျိုးသမီး(၇)ဦး၊ စုစုပေါင်း(၁၁)ဦးတို့အား လူတွေ့စစ်ဆေးခြင်းကို ယနေ့နေ့လယ် (၁၂း၃၀)နာရီတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall (ဘက်စုံသုံးခန်းမ) ၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက လူတွေ့စစ်ဆေးခဲ့သည်။

အဆိုပါ နည်းပြ/နည်းစနစ် ရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)တွင် တိုးမြှင့် ခန့်ထားနိုင်ရေးအတွက် သတ်မှတ်အရည်အချင်းများနှင့်ကိုက်ညီသည့် ၁၆ ဦးတို့ကို ရေးဖြေစာမေးပွဲ‌စစ်ဆေးခဲ့ရာ အောင်မြင်သူ ၁၁ ဦးတို့အား ကြံ့ခိုင်စွမ်းရည်၊ အဓိကအားကစားနည်းနှင့် လူတွေ့စစ်ဆေးခြင်းများ ဆက်လက်စစ်ဆေးပြုလုပ်ခဲ့ကြောင်းသိရသည်။