အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် စစ်ရေးပြလမ်းလျှောက်လေ့ကျင့်နေသည့် အဖွဲ့အား လိုက်လံကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် စစ်ရေးပြလမ်းလျှောက်လေ့ကျင့်နေသည့် အဖွဲ့အား လိုက်လံကြည့်ရှုအားပေး နေပြည်တော်၊ နိုဝင်ဘာ(၃၀)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမျိုးလှိုင်သည် ယနေ့နံနက်(၁၀)နာရီခွဲတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ Training Center No.(2)တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား၌ စစ်ကြောင်းဖြင့် ချီတက်လမ်းလျှောက် စစ်ရေးပြမည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများမှ တပ်ခွဲ(၁)ခွဲ၊ အင်အား(၁၆၅)ဦးတို့၏ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး စစ်ရေးပြလမ်းလျှောက် လေ့ကျင့်နေသည့်အဖွဲ့များအတွက် စားသောက်ရေးနှင့်လေ့ကျင့်ရေးတွင် အဆင်ပြေစေရန် အချိုရည်၊ လိမ်းဆေး၊ အားဆေးနှင့် အခြားလိုအပ်သည်များကို ပံ့ပိုးကူညီထောက်ပံ့ဖြည့်ဆည်းပေးသွားရန် တာဝန်ရှိသူများကို ပြောကြားခဲ့ပါသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ အားကစားသမားကော်မတီမှပြုလုပ်သည့် “Stronger Together” အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ အားကစားသမားကော်မတီမှပြုလုပ်သည့် “Stronger Together” အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက် နေပြည်တော်၊ နိုဝင်ဘာ(၂၉)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူး၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ အားကစားသမားကော်မတီမှ “Stronger Together” ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်‌ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အားကစားသမားကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အားကစားသမားများ တက်ရောက်ကြသည်။ အခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာအားကစားသမားများအနေဖြင့် နိုင်ငံတကာအားကစား ပြိုင်ပွဲများသို့ သွားရောက်မယှဉ်ပြိုင်မီ သိရှိထားသင့်သည့်ကိစ္စရပ်များဖြစ်သော တားမြစ်ဆေးဝါး၊ အားကစားစိတ်ပညာနှင့်စပ်လျဉ်းသော အသိပညာများရရှိလာစေရန် ရည်ရွယ်၍ ယခုဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ အားကစားသမားတစ်ဦး၏ အခွင့်အရေးများနှင့် လိုက်နာရမည့် […]

(၂၈.၁၁.၂၀၂၂)ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန၊ ရုံးရှေ့ မျက်နှာစာတွင် စုပေါင်းကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းဆောင်ရွက်နေမှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ လိုက်လံကြည့်ရှုအားပေးသည့်သတင်း

Loading

(၂၈.၁၁.၂၀၂၂)ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန၊ ရုံးရှေ့ မျက်နှာစာတွင် စုပေါင်းကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းဆောင်ရွက်နေမှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ လိုက်လံကြည့်ရှုအားပေးသည့်သတင်း နေပြည်တော်၊ နိုဝင်ဘာလ (၂၈)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနခွဲများမှ ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရန်နှင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ပြီး အညောင်းအညာပြေစေရန်အတွက် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်း (Fitness Dance) ကစားမှုများ ပြုလုပ်ဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော အရာထမ်း၊ အမှုထမ်းများသည် ယနေ့ညနေ(၀၄:၀၀) နာရီမှ (၀၄:၃၀)နာရီအချိန်အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန၊ ရုံးရှေ့ မျက်နှာစာတွင် စုပေါင်းကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းဆောင်ရွက်နေမှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ လိုက်လံကြည့်ရှုအားပေးခဲ့ပြီး အဆိုပါ စုပေါင်းကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းအား အပတ်စဉ် အစိုးရရုံးဖွင့်ရက်တိုင်း၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးတက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးတက်ရောက် နေပြည်တော်၊ နိုဝင်ဘာ(၂၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဦးဆောင်သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲအား စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုအဆင့်ဗဟိုအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးအား ယနေ့နံနက်(၁၀) နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ခေါ်ယူသည့် အစည်းအဝေးဖြစ်ပါကြောင်း၊ မိမိတို့ဌာန၏ အဓိကတာဝန်ကြီး(၂)ရပ်မှာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေးဖြစ်ပါကြောင်း၊ ယခုအခါ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကို တိုးချဲ့ ဖွဲ့စည်းခဲ့ချိန်မှစ၍ လူငယ်/လူရွယ်များ၏ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရုပ်ရှင်ဂီတသဘင်အနုပညာရှင်များအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် အင်အားဖြည့်အစားအစာများ၊ အလှူငွေများ ထောက်ပံ့လှူဒါန်းကူညီဖြည့်ဆည်းပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရုပ်ရှင်ဂီတသဘင်အနုပညာရှင်များအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် အင်အားဖြည့်အစားအစာများ၊ အလှူငွေများ ထောက်ပံ့လှူဒါန်းကူညီဖြည့်ဆည်းပေး နေပြည်တော်၊ အောက်တိုဘာ(၂၆)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)တွင် လာရောက်တည်းခိုနေထိုင်လျက်ရှိသည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၂၆)ရက်နေ့မှ (၃၀)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုပဒေသာကပွဲတွင် ရုပ်ရှင်ဂီတသဘင်အနုပညာရှင်များ ပါဝင်တင်ဆက်မည့် ဒေါ်နွဲ့နွဲ့စန်းဦးဆောင်သည့် အမေများအဖွဲ့နှင့် ဦးဒိန်းဒေါင်ဦးဆောင်သည့် ဟာသလူရွှင်တော်များအဖွဲ့တို့အား ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် နေပြည်တော်အားကစားဆေးဘက်ဌာနခွဲမှ ဆရာဝန်၊ သူနာပြုများနှင့်အတူ ဆီးချို၊ သွေးတိုးရောဂါစစ်ဆေးပေးခြင်းနှင့် သွေးပေါင်ချိန် တိုင်းတာပေးခြင်းများ၊ အင်အားဖြည့် အာဟာရဖြစ်စေရန်အတွက် ငှက်ပျောသီး၊ ကြက်ဥ၊ သောက်ရေသန့်များ၊ အလှူငွေများနှင့် အခြားလိုအပ်သည်များအား ကူညီဖြည့်ဆည်းထောက်ပံ့လှူဒါန်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများ၊ အားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်)မှ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ မိသားစုမိတ်ဆုံညစာစားပွဲတက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများ၊ အားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်)မှ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ မိသားစုမိတ်ဆုံညစာစားပွဲတက်ရောက် ရန်ကုန်၊ နိုဝင်ဘာလ(၂၇)ရက်။         ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများ ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)မှ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ မိသားစု မိတ်ဆုံညစာစားပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၅)နာရီအချိန်တွင်  ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ စားရိပ်သာခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း (၃၅)ဦး ၊ အမှုထမ်း(၃၇)ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ အရာထမ်း(၃၀)ဦး၊ အမှုထမ်း (၁၃၅)ဦး ၊ သင်တန်းသား (၁၁၅)ဦးနှင့် သင်တန်းသူ(၁၁၄)ဦး […]

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်း ဆဌမအကြိမ် စုံညီတွေ့ဆုံပွဲအခမ်းအနားတက်ရောက်

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်း ဆဌမအကြိမ် စုံညီတွေ့ဆုံပွဲအခမ်းအနားတက်ရောက် ရန်ကုန်၊ နိုဝင်ဘာလ(၂၇)ရက်။ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း ဆဌမအကြိမ် စုံညီတွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအာကစားအဖွဲ့ချုပ်များမှ တာဝန်ရှိပုဂ္ဂိုလ်များ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများ အသင်းမှ ဥက္ကဌ၊ အမှုဆောင်များနှင့် အသင်းဝင် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အလှူရှင်များ တက်ရောက်ကြပါသည်။ ရှေးဦးစွာ နိုင်ငံတော်သီချင်းနှင့်အတူ နိုင်ငံတော်အလံအား အလေးပြု၍ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအဖွဲ့က ပွဲတိုင်းကျော် သီချင်းအား သံပြိုင်သီဆိုကြ၍ အခမ်းအနားအား စတင်ခဲ့ပါသည်။ အစီအစဉ်အရ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် – […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ရှိ (၆)ခန်းတွဲ (၄)ထပ်အိပ်ဆောင် တည်ဆောက်နေမှုအခြေအနေအားကြည့်ရှုစစ်ဆေး၍ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ရှိ (၆)ခန်းတွဲ (၄)ထပ်အိပ်ဆောင် တည်ဆောက်နေမှုအခြေအနေအားကြည့်ရှုစစ်ဆေး၍ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ ရန်ကုန်၊ နိုဝင်ဘာလ(၂၆)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များလိုက်ပါလျက် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ရောက်ရှိပြီး (၆)ခန်းတွဲ (၄)ထပ်အားကစားသမားအိပ်ဆောင် ဆောက်လုပ်နေမှု အခြေအနေအား လာရောက်ကြည့်ရှုစစ်ဆေး၍ – ယခုဆောက်လုပ်နေသည့်လုပ်ငန်းခွင်ကို အရည်အသွေးပြည့်ဝပြီး အချိန်မီပြီးစီးအောင်ဆောင်ရွက်ပေးရန်နှင့် ဆောက်လုပ်ရေးအဖွဲ့မှ လိုအပ်ချက်များတင်ပြလျှင်လည်း မိမိတို့ ဝန်ကြီးဌာနမှ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ – အဆောက်အဦအနောက်ဘက်ရှိ မြေနံရံပြိုကျမှု မဖြစ်စေရန် မြေကာနံရံနှစ်ဆင့် ပြုလုပ်ပေး၍ သဘာဝဘေးအန္တရာယ်ကိုခံနိုင်ရည်ရှိရန် လိုအပ်ကြောင်း၊ အဆောက်အဦ မျက်နှာစာလှပရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ – တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အကုန်တွင် အပြီးသတ် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)နှင့်(C)တို့၌ လျှာထိုးကြမ်းခင်း ပြုပြင်ဆောင်ရွက်ပြီးစီးမှုအခြေအနေ လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)နှင့်(C)တို့၌ လျှာထိုးကြမ်းခင်း ပြုပြင်ဆောင်ရွက်ပြီးစီးမှုအခြေအနေ လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ နိုဝင်ဘာ(၂၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့နံနက်(၉:၃၀)နာရီအချိန်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းဘတ်ဂျက်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ဝဏ္ဏသိဒ္ဓိ(A)ရုံ၌ မဏိကမ္ဘာကုမ္ပဏီနှင့် ဝဏ္ဏသိဒ္ဓိ(C)ရုံ၌ ခန့်တည်ကြည်ကုမ္ပဏီတို့ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လျှာထိုးကြမ်းခင်းပြုပြင်ဆောင်ရွက်ပြီးစီးမှုအ‌ခြေအနေအား သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိမရှိ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ လူငယ်ရေးရာဦးစီးဌာန၊ ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၂)သင်တန်းဖွင့်ပွဲသို့အခမ်းအနားတက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ လူငယ်ရေးရာဦးစီးဌာန၊ ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၂)သင်တန်းဖွင့်ပွဲသို့အခမ်းအနားတက်ရောက် နေပြည်တော်၊ နိုဝင်ဘာ(၁၄)။ ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်ပြီး အရည်အချင်းပြည့်ဝစေရန်နှင့် ရုံးလုပ်ငန်းများပိုမိုကျွမ်းကျင်စွာ တတ်မြောက်စေရန် ရည်ရွယ်၍  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၊ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားအား  ယနေ့ နံနက် (၀၉:၃၀) နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံအား သင်တန်းသား/သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်ဂါရဝပြုခဲ့ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့်  နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းတာဝန်လွှဲယူမည့် လူငယ်များ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်စေရေး၊ အတွေးအခေါ်မှန်ကန်စေရေး၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်ရေးရာကိစ္စရပ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်ရေးရာဦးစီးဌာနတွင် […]