အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲနှင့်ဗိုလ်လုပွဲပွဲစဉ်များဆက်လက်ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ(၂၉)။

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲနှင့်ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ရှိ ဘိလိယက်နှင့်စနူကာအားကစားပြိုင်ပွဲရုံ၌ ကျင်းပခဲ့သည်။

ယနေ့ပြိုင်ပွဲ အကြိုဗိုလ်လုပွဲပွဲစဉ်များအဖြစ် Snooker 15 Red ပြိုင်ပွဲ၊ 9 Ball Pool Men Single ပြိုင်ပွဲ၊ 9 Ball Pool Women Double ပြိုင်ပွဲတို့အား ယှဉ်ပြိုင်သွားယှဉ်ပြိုင်ကစားခဲ့ပြီး ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် Billiard Double Final ပြိုင်ပွဲ၊ 9 Ball Pool Men Double ပြိုင်ပွဲ၊ 9 Ball Pool Women Double ပြိုင်ပွဲ၊ Snooker 15 Red ပြိုင်ပွဲ ပွဲစဉ်များကို အသီးသီး ယှဉ်ပြိုင်ကစားခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

၂၀၂၄ ခုနှစ်၊ မတ်လ(၁)ရက်နေ့ နံနက်(၉)နာရီမှစတင်၍ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသ ကြီး ဘိလိယက်နှင့်စနူကာ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် Snooker 15 Red Single Men ပြိုင်ပွဲ၊ Snooker 6 Red Single Men ပြိုင်ပွဲ၊ 9 Ball Pool Men Single ပြိုင်ပွဲ၊ 9 Ball Pool Women Single ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။