အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း နေပြည်တော်ရှိ အရာထမ်း/ အမှုထမ်းအိမ်ရာများနှင့် အပျိုဆောင်များသို့ လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မတ်(၂)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် နေပြည်တော်ရှိ အရာထမ်း/အမှုထမ်းများနေထိုင်သည့်အိမ်ရာများနှင့် အပျိုဆောင်များသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အမှုထမ်းများနေထိုင်သည့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက် ဘူးကွဲအိမ်ရာရှိ အမှုထမ်းအိမ်ရာတို့အားလည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိ ရပ်ကွက်ရှိ အပျိုဆောင်တို့အားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ပိတောက် အိမ်ရာရှိ အမှုထမ်းအိမ်ရာတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အိမ်ရာများတွင် နေထိုင်သည့် အရာထမ်း/ အမှုထမ်းများအားတွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် သတ်မှတ်ထားသည့် အိမ်ရာ စည်းမျဉ်း/စည်းကမ်းများအား လိုက်နာဆောင်ရွက်သွားရန်၊ စည်းမျဉ်း/စည်းကမ်းများနှင့် အကျုံးမဝင် သူများ၊ မကိုက်ညီသူများနှင့် နေထိုင်ခွင့်မရှိသူများအား မိသားစုအခက်အခဲများကြောင့် လာရောက် တည်းခိုနေထိုင်လိုပါက တိုက်တာဝန်ခံများထံ သတင်းပို့တင်ပြပြီး ခွင့်ပြုချက်တောင်းခံသွားရန်၊ အိမ်ရာ များတွင် အသိပေးကြော်ငြာများ ကပ်နိုင်ရေးအတွက် ကြော်ငြာသင်ပုန်းများ ထားရှိတပ်ဆင်နိုင်ရေး ဆောင်ရွက်သွားရန်၊ ဝန်ထမ်းများအချင်းချင်း စည်းစည်းလုံးလုံးဖြင့် မိသားစုစိတ်ဓာတ်ထားရှိပြီး မိမိတို့ နေထိုင်သည့်အိမ်ရာများ ရေရှည်တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်းသွားရန်၊ အိမ်ရာပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် သန့်ရှင်းရေးပုံမှန်ဆောင်ရွက်သွားရန်နှင့် လုံခြုံရေးအထူးဂရုစိုက် ကြရန်၊ နွေရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်မဖြစ်စေရေး သတိပြုရှောင်ကျဉ်ရန် နှင့် ကြိုတင်ပြင်ဆင်ထားရန် တာဝန်ရှိသူများနှင့် ဝန်ထမ်းများအား မှာကြားခဲ့ကြောင်း သိရသည်။