အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/အားကစားရုံများတွင် လက်ရွေးစင်အားကစားသမားများနှင့် လူငယ်အားကစားသမားများ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများနှင့် ဝန်ကြီးဌာနကိုယ်စားပြု ပိုက်ကျော်ခြင်းအားကစားသမားများ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး
![]()
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/အားကစားရုံများတွင် လက်ရွေးစင်အားကစားသမားများနှင့် လူငယ်အားကစားသမားများ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများနှင့် ဝန်ကြီးဌာနကိုယ်စားပြု ပိုက်ကျော်ခြင်းအားကစားသမားများ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဩဂုတ် ၁၇ (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် လက်ရွေးစင်အားကစားသမားများနှင့် လူငယ်အားကစားသမားများဖြစ်သည့် ပိုက်ကျော်ခြင်း၊ ခြင်းလုံးနှင့် ပြေးခုန်ပစ်အားကစား သမားများ၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အားကစားရေးရာ ဝန်ကြီးဌာန ကိုယ်စားပြု ပိုက်ကျော်ခြင်းအားကစားသမားများ၏ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း အတွင်းရှိ သက်ဆိုင်ရာ အားကစားကွင်း/အားကစားရုံများ၌ အားကစားနည်းအလိုက် လေ့ကျင့်နေမှု များကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ဒုတိယဝန်ကြီး ဦးညီညီနှင့်အတူ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း […]
၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်နှင့် ဆုပေးပွဲအခမ်းအနားကျင်းပ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း ပထမတံခွန်စိုက်ဆုဖလားဆွတ်ခူးရရှိ
![]()
၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်နှင့် ဆုပေးပွဲအခမ်းအနားကျင်းပ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း ပထမတံခွန်စိုက်ဆုဖလားဆွတ်ခူးရရှိ နေပြည်တော်၊ ဩဂုတ် ၁၄ ဝန်ကြီးဌာနအဖွဲ့အစည်းများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိလာစေရေး၊ မြန်မာ့ဖူဆယ် အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး၊ ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးမှ ဖူဆယ်အားကစားသမားများအချင်းချင်း စည်းလုံးညီညွတ်မှုရှိပြီး၊ ဖူဆယ်အားကစားနည်း ပိုမိုထွန်းကားပြန့်ပွားလာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဖူဆယ်နှင့် သဲသောင်ပြင်ဆပ်ကော်မတီတို့ ပူးပေါင်း ကျင်းပသည့် “၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ” ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး […]
အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ ရန်ကုန်မြို့တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားနည်းအလိုက် လေ့ကျင့်မှုများအားကြည့်ရှုအားပေး
![]()
အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ ရန်ကုန်မြို့တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားနည်းအလိုက် လေ့ကျင့်မှုများအားကြည့်ရှုအားပေး ရန်ကုန် ၊ ဩဂုတ် ၁၄ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းနှင့် ဒဂုံမြို့သစ် မြောက်ပိုင်းရှိ သက်ဆိုင်ရာအားကစားကွင်း/ အားကစားရုံများတွင် (၃၄)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အလေးမ ၊ ကျွမ်းဘား၊ ဝူရှူး၊ ခရစ်ကက်၊ Teqball၊ မသန်စွမ်းအားကစား၊ဘော်လီဘောနှင့် သေနတ်ပစ် အားကစား အဖွဲ့များ၏ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ် ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီသည် အားကစားနှင့် ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် လိုက်လံကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ အလေးမ၊ကျွမ်းဘား၊ဝူရှူး၊ ခရစ်ကက်၊ Teqball အားကစားကွင်း/အားကစားရုံများ၌ […]
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
![]()
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ ဩဂုတ် ၁၃ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူရိုးရာလက်ဝှေ့အားကစားရုံ၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးသစ်လင်းအုန်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးညီညီ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ တင်အောင်လွင်၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဒိုင်လူကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အုပ်ချုပ်/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ […]
ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့မိမြို့ဖများ၊ အားကစားဆပ်ကော်မတီများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံညှိနှိုင်း မြိတ်မြို့နယ် ရေပုန်းဘောလုံးကွင်းအား ကြည့်ရှုစစ်ဆေး
![]()
ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့မိမြို့ဖများ၊ အားကစားဆပ်ကော်မတီများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံညှိနှိုင်း မြိတ်မြို့နယ် ရေပုန်းဘောလုံးကွင်းအား ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဩဂုတ် ၉ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် အားကစားအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ ဌာနဆိုင်ရာများမှတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းတွင် မြိတ်မြို့နယ် မြို့မိမြို့ဖများ၊ အားကစားဆပ်ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံညှိနှိုင်းခဲ့ပြီး မြိတ်မြို့နယ် ရေပုန်းဘောလုံးကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ဩဂုတ်လ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင် စည်ပင် သာယာရေးဝန်ကြီး ဦးမင်းမင်းလတ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ တနင်္သာရီတိုင်းဒေသကြီး အားကစား အဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရေးအတွက် […]
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် အားကစားအဆင့်အတန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်၊ အားကစားကွင်းပတ်လည် ပွဲကြည့်စင်နှင့် ဘောလုံးကွင်းအဆင့်မြှင့်တင် တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး
![]()
ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်၊ အားကစားကွင်းပတ်လည် ပွဲကြည့်စင်နှင့် ဘောလုံးကွင်းအဆင့်မြှင့်တင် တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဩဂုတ် ၈ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် အားကစားအဆင့်အတန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် တနင်္သာရီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမင်းမင်းလတ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ ဌာနဆိုင်ရာများမှတာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မြိတ်ခရိုင်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး ခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၁၂၀ ပေ x ၁၁၀ ပေရှိ မြိတ်ခရိုင် မိုးလုံလေလုံ အားကစားခန်းမသို့ သွားရောက်၍ မြိတ်မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် မြိတ်မြို့ မြန်မာရိုးရာခြင်းလုံးအဖွဲ့ စတုတ္ထအကြိမ် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ရိုးရာခြင်းအလှခတ်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ခြင်းလုံးအားကစားအဖွဲ့အား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ခြင်းလုံးအားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရေး အတွက် မှာကြားခဲ့ပြီး […]
ရန်ကုန်တိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်ဥက္ကလာပမြို့နယ် မြသီတာအားကစားခန်းမဖွင့်ပွဲအခမ်းအနားကျင်းပ
![]()
ရန်ကုန်တိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်ဥက္ကလာပမြို့နယ် မြသီတာအားကစားခန်းမဖွင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ ဩဂုတ် ၇ ရန်ကုန်တိုင်းဒေသကြီး၊ အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်ဥက္ကလာပမြို့နယ် မြသီတာအားကစားခန်းမဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၀၉း၀၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ မြသီတာအားကစားခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မိုးထိုက်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းတို့က မြသီတာအားကစားခန်းမအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်ပြီး အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အတူ […]
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ အားကစားရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးညီညီ ကလောမြို့နယ် (အောင်ပန်းအားကစားကွင်း)နှင့် ကလောမြို့နယ် အားကစားကွင်း / အားကစားရုံများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ အားကစားရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးညီညီ ကလောမြို့နယ် (အောင်ပန်းအားကစားကွင်း)နှင့် ကလောမြို့နယ် အားကစားကွင်း / အားကစားရုံများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး သြဂုတ်လ ၅ ရက်၊ အောင်ပန်း / ကလောမြို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ အားကစားရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးညီညီသည် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူးတို့နှင့်အတူ ယနေ့ နံနက်ပိုင်းက ကလောမြို့နယ် (အောင်ပန်းအားကစားကွင်း)နှင့် အားကစားရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးရာ လိုအပ်သည်များကို တာဝန်ခံအားကစားမှူးကတင်ပြဆောင်ရွက်ရာ အောင်ပန်းအားကစားရုံအတွင်း ဘော်လီဘောအားကစားနည်းအခင်း ၊ ဖူဆယ်အားကစားနည်းအခင်း ၊ ဘတ်စကက်ဘောအားကစားနည်းအခင်းတို့အားတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် လမ်းညွှန်မှာကြားခဲ့ကာ ဒုတိယဝန်ကြီးမှ […]
အားကစားရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဝါဆို သင်္ဃန်းဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
![]()
အားကစားရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဝါဆို သင်္ဃန်းဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ ဩဂုတ် ၄ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့်ဇနီး ဒေါ်ဝါဝါမြင့်အား အမှူးထား၍ အားကစားရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဝါဆိုသင်္ဃန်း ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်ဇနီး၊ အားကစားရေးရာဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်း ဝန်ထမ်းမိသားစုဝင်များက နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ ဥယျာဉ်စု သိမ်ကျောင်းတိုက် ပဓါနနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသ မဟာထေရ်မြတ်ကြီးထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသော ပရိတ် တရားတော်များကို နာယူခဲ့ကြသည်။ ဆက်လက်ပြီး ပဓါနနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသ မဟာထေရ်မြတ်ကြီးနှင့် […]
၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
![]()
၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဩဂုတ် ၃ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့်ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာကံဇော်၊ ဦးသန်းမောင်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာသက်သက်ဇင်၊ ဒေါက်တာမောင်သင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖူဆယ်နှင့်သဲသောင်ပြင် ဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ အထူး ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ၊ ဝန်ကြီးဌာနအလိုက် ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ […]