အားကစားရေးရာဝန်ကြီးဌာန

Loading

အားကစားရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းသား/သမီးများ၊ အား/ကာသိပ္ပံများမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၁၁

အားကစားရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းသား/သမီးများ၊ အားကစားနှင့်ကာယပညာသိပ္ပံများမှ သင်တန်းသား/သင်တန်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဝန်ထမ်းသား/ သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားရုံ(A)၌ ကျင်းပခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားရေးရာ ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ၏ သား/သမီးများနှင့် အားကစားနှင့်ကာယ ပညာသိပ္ပံများမှ သင်တန်းသား/သင်တန်းသူများအနက် ပညာရေးပိုင်းတွင် ထူးချွန်သည့် ဝန်ထမ်းသား/ သမီးများအား ဂုဏ်ပြုချီးမြှင့်ပေးခြင်းနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားဖြစ်ပါ ကြောင်း၊ မိမိတို့အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်းများ၏ သား/သမီးများဖြစ်သည့် (၄)ဘာသာ ဂုဏ်ထူးရှင်(၂)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၈)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ အားကစားနှင့် ကာယပညာ သိပ္ပံ(မော်လမြိုင်)မှ (၂)ဘာသာဂုဏ်ထူးရှင် သင်တန်းသား(၁)ဦးနှင့် အားကစားနှင့်ကာယ ပညာသိပ္ပံ(လွိုင်ကော်)မှ (၁)ဘာသာဂုဏ်ထူးရှင် သင်တန်းသူ(၁)ဦး၊ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ စုစုပေါင်း(၁၆)ဦးတို့အတွက် ဂုဏ်ထူးတစ်ခုလျှင် ငွေကျပ် ၁ သိန်းနှုန်းဖြင့် ချီးမြှင့်ငွေကျပ် ၃,၇၀၀,၀၀ဝိ/-(ကျပ်သုံးဆယ့်ခုနှစ်သိန်းတိတိ)ကို ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဒါ့အပြင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြား လျက်ရှိသည့် နေပြည်တော်မှ ဝန်ထမ်းသား/သမီးများဖြစ်ကြသည့် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၄၃၂ ဦးတို့အတွက် ငွေကျပ် ၉,၉၇၅.၀၀ဝိ/-(ကျပ်ကိုးဆယ့်ကိုးသိန်းခုနှစ်သောင်း ငါးထောင်တိတိ)ကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာန၏ စေတနာ ကို သိရှိနားလည်ပြီး ဝန်ကြီးဌာန၏ ရည်မှန်းချက်များနှင့် လုပ်ငန်းများအောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်သွားကြရန်နှင့် မိမိတို့အားပေးအပ်ထားသည့် လုပ်ငန်းတာဝန်များအပေါ် ရိုးသား၊ ကြိုးစား ၍ စေတနာထားပြီး အားကြိုးမာန်တက် တာဝန်ထမ်းဆောင်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ယခုလို တက္ကသိုလ် ဝင်တန်း စာမေးပွဲတွင် အောင်မြင်ခဲ့ခြင်းသည် ဘဝ၏ရည်မှန်းချက် ပန်းတိုင်မဟုတ်သေးဘဲ ဘဝအစ ပထမဆုံးခြေလှမ်းတစ်ခုသာဖြစ်ကြောင်း၊ “အစကောင်းမှ အနှောင်း သေချာ” ဆိုသည့်အတိုင်း ဘဝအစ တက်လမ်းတွင် အခြေခံကောင်းမွန် ခိုင်မာစွာဖြင့် ရည်ရွယ်ချက်ပန်းတိုင်ကို အရောက်သွားနိုင်အောင် ဆက်လက်ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ငယ်ရွယ်နုပျိုသည့် လူငယ်များ အတွက် မှားယွင်းသည့် အတွေးအခေါ်များနှင့် လက်တွေ့စူးစမ်းမှုများသည် မိမိတို့၏ ဘဝနစ်မွန်းရုံ သာမက နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်ဆုံးရှုံးစေသည့်အတွက် မိဘ ဆရာသမားများ၏ သွန်သင်ဆုံးမလမ်းညွှန်ပေးမှုများကို မှတ်သားနာယူပြီး ပညာရှာသည့်အရွယ်တွင် ပညာကို ဆည်းပူးလေ့လာ၍ နိုင်ငံတော်က အားကိုးအားထားပြုရသည့် ကိုယ်ကျင့်သိက္ခာကောင်းမွန်သူ၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူတော်လူကောင်းများဖြစ်အောင် ကြိုးစားနေထိုင်သွားကြရန် အထူးမှာကြား လိုကြောင်း၊ “ပညာမြင့်မှ လူမျိုးတင့်မည်၊ ပွဲလယ်တင့်မည်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပညာတတ်သော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးနိုင်စေရေးအတွက် တက္ကသိုလ်ပညာရပ်များကို ဆုံးခန်းတိုင်အောင် တက်ရောက်သင်ကြားပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို သယ်ပိုးထမ်းဆောင်နိုင်မည့် လူရည်ချွန်၊ လူရည်မွန်များဖြစ်လာအောင် ဆက်လက်ကြိုးစားသွားကြရန်နှင့် ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့၏ သား/သမီးများကို ပညာရေးတွင် ထူးချွန်ထက်မြက်သည့် ကျောင်းသား/ကျောင်းသူများ၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးသည့်လူငယ်များဖြစ်လာအောင် ကြီးကြပ်သွန်သင်ဆုံးမလမ်းညွှန်၍ သင်ကြားပြသပေးသွားရန် တိုက်တွန်းအမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး (၄)ဘာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော အားကစားရေးရာဝန်ကြီးဌာန မှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ၏ သား/သမီးများဖြစ်ကြသည့် ဦးဟန်အေး၊ ဒေါ်ကြည်ကြည်စန်း တို့၏ သားဖြစ်သူ မောင်ပြည့်ဖြိုးကျော်၊ ဦးတမ်မာန်၏ သမီးဖြစ်သူ မမာန်တီး၊ ဦးဟန်အေး၏ သမီးဖြစ်သူ မရွှန်းလဲ့ခင်၊ ဒေါ်သင်းသင်းစိုး၏ သမီးဖြစ်သူ မသွန်းနဒီစိုးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ဆုတံဆိပ် များ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် အထက်တန်းတွင် ပညာသင်ကြားလျက်ရှိသည့် ဝန်ထမ်းသား/သမီးများ အတွက် ပညာသင်ထောက်ပံ့ကြေးတို့ကို အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ကလည်းကောင်း၊ (၂)ဘာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော အားကစားရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ၏ သား/သမီးများဖြစ်ကြသည့် ဒေါ်အေးအေးစော၏ သမီးဖြစ်သူ မဖြူဖြူစိုး၊ ဒေါ်အေးမြင့်ကြည်၏ သားဖြစ်သူ မောင်အောင်ခန့်ဇော်၊ ဦးနိုင်လင်းအောင်၏ သမီးဖြစ်သူ မသီရိသဇင်၊ ဦးဇော်မင်းလတ်၏ သမီးဖြစ်သူ မအေးမြတ်ဖြူတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ဆုတံဆိပ် များ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် အလယ်တန်းတွင် ပညာသင်ကြားလျက်ရှိသည့် ဝန်ထမ်းသား/သမီးများ အတွက် ပညာသင်ထောက်ပံ့ကြေးတို့ကို အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် (၂)ဘာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော အားကစားရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ၏ သား/သမီးများဖြစ်ကြသည့် ဦးငြိမ်းထိုက်အောင်၏ သမီးဖြစ်သူ မစုရည်အောင်၊ ဦးနေမျိုးလွင်၏ သားဖြစ်သူ မောင်ကောင်းနေခန့်၊ ဦးအောင်နိုင်ဦး၏ သမီးဖြစ်သူ မရတီအောင်၊ ဦးသန်းဇော်၏ သားဖြစ်သူ မောင်သက်ထူးဇော်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ဆုတံဆိပ် များ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် မူလတန်းတွင် ပညာသင်ကြားလျက်ရှိသည့် ဝန်ထမ်းသား/သမီးများ အတွက် ပညာသင်ထောက်ပံ့ကြေးတို့ကို အားကစားရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူကလည်းကောင်း၊ (၂)ဘာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော အားကစားနှင့်ကာယ ပညာသိပ္ပံ (မော်လမြိုင်)မှ သင်တန်းသား မောင်ဖိုးသောကြာနှင့် (၁)ဘာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော အားကစားရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ၏ သား/သမီး များဖြစ်ကြသည့် ဦးတင့်ရွှေ၏ သမီးဖြစ်သူ မနန္ဒာဝင်းရွှေ၊ ဦးမျိုးမင်းဇင်၏ သမီးဖြစ်သူ မဆွေဇင်ညိမ်းနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)မှ သင်တန်းသူ မအိအိဖြိုးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးကလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများ ကိုယ်စား (၄)ဘာသာဂုဏ်ထူးရှင် မသွန်းနဒီစိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ဒုတိယဝန်ကြီးဦးညီညီ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများ၊ ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ဝန်ထမ်းသား/သမီးများနှင့် အားကစားနှင့်ကာယပညာသိပ္ပံ များမှ သင်တန်းသား/သင်တန်းသူများ၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းတို့တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် အားကစားရေးရာဝန်ကြီးဌာနမှ ဝန်ထမ်း သားသမီးများ တက်ရောက်ခဲ့ပြီး အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့သည့် ဝန်ထမ်းသား/သမီးများ၊ အားကစားနှင့်ကာယပညာသိပ္ပံများမှ သင်တန်းသား/သင်တန်းသူများအား ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းများအတွက် ထောက်ပံ့ ငွေ စုစုပေါင်း ၉,၉၇၅,၀၀ဝိ/- (ကျပ်ကိုးဆယ့်ကိုးသိန်းခုနှစ်သောင်းငါးထောင်တိတိ)ကို ဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။