အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး လူငယ်အားကစားလေ့ကျင့်ရေးစခန်း(Youth Camp)မှ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအားတွေ့ဆုံ

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး လူငယ်အားကစားလေ့ကျင့်ရေးစခန်း(Youth Camp)မှ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအားတွေ့ဆုံ နေပြည်တော်၊ မတ် ၆ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)ရှိ အုပ်ချုပ်မှုရုံးအဖွဲ့၊ အားကစားနည်းအလိုက် အုပ်ချုပ်/ နည်းပြ၊ အားကစားသမားအား တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် Gold Camp ရှိ Multi Purpose Hall (ဘက်စုံသုံးခန်းမ)၌ ကျင်းပခဲ့သည်။ ဦးစွာ အုပ်ချုပ်/နည်းပြများနှင့် လူငယ်အားကစားသမားများက အားကစားနည်းအလိုက် တစ်ဦးချင်း မိတ်ဆက်ဂါဝရပြုခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် လူငယ်အားကစားသမားများအနေဖြင့် လေ့ကျင့်မှုကိစ္စရပ်များ၊ စားသောက်နေထိုင်မှုကိစ္စရပ်များနှင့် ကိုယ်ရေးကိုယ်တာကိစ္စရပ်များတွင် အခက်အခဲများရှိပါက မိသားစုသဖွယ် ပွင့်ပွင့်လင်းလင်း တင်ပြကြရန်နှင့် ဖြေရှင်းကူညီပေးနိုင်သည်များကို ချက်ချင်းဖြေရှင်းပေးသွားမည်ဖြစ်ပြီး ချက်ချင်းဖြေရှင်း၍မရသည် များကို ဌာနအကြီးအကဲများထံ ဆက်လက်တင်ပြပေးသွားမည်ကြောင်း […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော နည်းပြ/နည်းစနစ်ရာထူးနေရာများတွင် တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းများကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော နည်းပြ/နည်းစနစ်ရာထူးနေရာများတွင် တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းများကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် လစ်လပ် လျက်ရှိသည့် နည်းပြ/နည်းစနစ် ရာထူးနေရာများသို့ တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ကြံ့ခိုင်စွမ်းရည်နှင့် အဓိကအားကစားနည်း အောင်မြင်ခဲ့သည့် အမျိုးသား(၄)ဦး၊ အမျိုးသမီး(၇)ဦး၊ စုစုပေါင်း(၁၁)ဦးတို့အား လူတွေ့စစ်ဆေးခြင်းကို ယနေ့နေ့လယ် (၁၂း၃၀)နာရီတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall (ဘက်စုံသုံးခန်းမ) ၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက လူတွေ့စစ်ဆေးခဲ့သည်။ အဆိုပါ နည်းပြ/နည်းစနစ် ရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)တွင် တိုးမြှင့် ခန့်ထားနိုင်ရေးအတွက် သတ်မှတ်အရည်အချင်းများနှင့်ကိုက်ညီသည့် ၁၆ ဦးတို့ကို ရေးဖြေစာမေးပွဲ‌စစ်ဆေးခဲ့ရာ အောင်မြင်သူ ၁၁ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော နည်းပြ/နည်းစနစ်ရာထူးနေရာများတွင် တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ကြံ့ခိုင်စွမ်းရည်နှင့်အဓိကအားကစားနည်းစစ်ဆေးခြင်းများကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော နည်းပြ/နည်းစနစ်ရာထူးနေရာများတွင် တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ကြံ့ခိုင်စွမ်းရည်နှင့်အဓိကအားကစားနည်းစစ်ဆေးခြင်းများကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် နည်းပြ/နည်းစနစ် ရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)တွင် တိုးမြှင့်ခန့်ထား နိုင်ရေးအတွက် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရေးဖြေစာမေးပွဲစစ်ဆေးခြင်း အောင်မြင်ခဲ့သူ အမျိုးသား (၄)ဦး၊ အမျိုးသမီး(၆)ဦး၊ စုစုပေါင်း(၁၀)ဦးတို့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၁)တွင် ကြံ့ခိုင်စွမ်းရည်စစ်ဆေးခြင်းအား အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး နှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ ကြံ့ခိုင်စွမ်းရည်နှင့်အဓိကအားကစားနည်းစစ်ဆေးအောင်မြင်ခဲ့သူများအား ၂၇-၂-၂၀၂၆ ရက်နေ့ နေ့လယ်(၁၂း၃၀) နာရီတွင် Multipurpose Hall (ဘက်စုံသုံးခန်းမ)၌ လူတွေ့စစ်ဆေးခြင်းကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် အစည်းအဝေးကျင်းပ

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် အစည်းအဝေးကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် တာဝန်ရှိသူ များနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold camp)၌ ဦးစီး ဌာန(ရုံးချုပ်) ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် လုပ်ငန်းများ မြန်မြန်ဆန်ဆန် ပြီးမြောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ သင်တန်းသားရွေးချယ်မှု၊ လေ့ကျင့်မှုနှင့် ပညာသင်ကြားမှုကိစ္စရပ်များ၊ မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် လိုအပ်သည်များကို အချိန်မီ ဖြည့်ဆည်းထာက်ပံ့ပေးနိုင်ရေး […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော နည်းပြ/နည်းစနစ်ရာထူးနေရာများတွင် တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ရေးဖြေစာမေးပွဲစစ်ဆေးခြင်းများကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော နည်းပြ/နည်းစနစ်ရာထူးနေရာများတွင် တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ရေးဖြေစာမေးပွဲစစ်ဆေးခြင်းများကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် လစ်လပ် လျက်ရှိသည့် နည်းပြ/နည်းစနစ် ရာထူးနေရာများသို့ တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် အမျိုးသား(၄)ဦး၊ အမျိုးသမီး(၁၂)ဦး၊ စုစုပေါင်း(၁၆)ဦးတို့အား ရေးဖြေစာမေးပွဲ စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall (ဘက်စုံသုံးခန်းမ) ၌ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။ အဆိုပါ နည်းပြ/နည်းစနစ် ရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)တွင် တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် သတ်မှတ်အရည်အချင်းများနှင့်ကိုက်ညီသည့် ဝန်ထမ်းများအား ရေးဖြေစာမေးပွဲ စစ်ဆေးခဲ့သည်။ ၎င်းတို့အနက်မှ အောင်မြင်သူများအား ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် […]

အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဝန်ထမ်းများနှင့်တွေ့ဆုံအမှာစကားပြောကြား

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဝန်ထမ်းများနှင့်တွေ့ဆုံအမှာစကားပြောကြား ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး နှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားခြင်းအခမ်းအနားကို ယနေ့ နေ့လယ် (၁၃ : ၀၀) နာရီအချိန်တွင် တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစား နှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ ဌာနခွဲအလိုက် အရာထမ်း၊ အမှုထမ်းများ ၊ အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ဆရာမများနှင့် အားကစားနည်းအလိုက် တာဝန်ခံများ စုစုပေါင်း (၁၆၇)ဦး တက်ရောက်ခဲ့ပါသည်။ ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး က အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအား ဌာနအကြီးအကဲများ၏ လမ်းညွှန်မှာကြားချက်များ ကို […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ထမနဲထိုးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ထမနဲထိုးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ ၅ ၂၀၂၆ ခုနှစ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ထမနဲထိုးပြိုင်ပွဲ စည်ကားသိုက်မြိုက် စွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဦးစီးကော်မတီဝင်များ ဖြစ်ကြသည့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ ဦးကျော်ဇင်မိုး၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းသော်အေး၊ ဆပ်ကော်မတီဝင်များနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် အရာထမ်းများ တက်ရောက်ခဲ့သည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် အကြီးအကဲများ၏ လမ်းညွှန်ချက် များနှင့်အညီ ဝန်ကြီးဌာန ဝန်ထမ်းမိသားစုဝင်များ၏ ထမနဲထိုးပြိုင်ပွဲကို စည်းစည်းကားကား သိုက်သိုက် မြိုက်မြိုက်ဖြင့် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် […]

(၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုယ်စားပြု ယဉ်ကျေးမှုအဖွဲ့များ ဆက်လက်ရောက်ရှိ

Loading

(၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုယ်စားပြု ယဉ်ကျေးမှုအဖွဲ့များ ဆက်လက်ရောက်ရှိ နေပြည်တော်၊ ဖေဖော်ဝါရီ ၃ ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ရန်အတွက် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်စည်ပင်ဧည့်ရိပ်သာသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားပြု ယဉ်ကျေးမှုအဖွဲ့များ ဆက်လက်ရောက်ရှိလာရာ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံ ကျွေးမွေးရေး ဆပ်ကော်မတီ အတွင်းရေးမှူးနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက နွေးထွေးလှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ခဲ့သည်။ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန်အတွက် ရှမ်းပြည်နယ် ကိုယ်စားပြုရောက်ရှိလာသည့် အုပ်ချုပ်သူ(၁)ဦး၊ အမျိုးသား(၁၈)ဦး၊ အမျိုးသမီး(၂၁)ဦး၊ စုစုပေါင်း (၄၀)ဦး၊ မွန်ပြည်နယ် ကိုယ်စားပြုရောက်ရှိလာသည့် အုပ်ချုပ်သူ(၁)ဦး၊ အမျိုးသား (၅)ဦး၊ […]

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ ဇန်နဝါရီ ၂၉ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Gold Medal Hall ၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့သည်။ ဦးစွာ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် အပါး(၃၀)ရွတ်ဆိုရန်အတွက် ဌာနခွဲများအနက်မှ ဌာနခွဲ (၃)ခုအား မဲနှိုက်၍ ရွေးချယ်ခဲ့ရာ စီမံကိန်းနှင့်သုတေသနဌာနခွဲ၊ စီမံဘဏ္ဍာဌာနခွဲနှင့် အားကစားဆေးဘက်ဌာနခွဲတို့မှ ကိုယ်စားပြု ဝန်ထမ်းတစ်ဦးစီတို့က နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် အပါး(၃၀)အား ရွတ်ဆိုခဲ့ပြီးနောက် အားကစားဆေးဘက်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ စိုးမင်းဦးက “ ရာသီတုပ်ကွေးနှင့် နီးပါးရ်ဗိုင်းရပ်ရောဂါ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇန်နဝါရီ ၂၉ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့ တက်ရောက်ခဲသည့် နေပြည်တော်ကောင်စီ လူငယ်ကိုယ်စားလှယ်များက အတွေ့အကြုံများအား ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Naypyitaw State Polytechnic University ၌ ကျင်းပခဲ့ရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဦးမြင့်စိုး၊ ဦးမင်းဦး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုး၊ အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းကော်မတီ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဘိုရှိန်(ငြိမ်း)နှင့် ဗိုလ်ချုပ် စိုးနိုင်ဦး(ငြိမ်း)၊ နေပြည်တော်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ Naypyitaw State Polytechnic University မှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့ တက်ရောက်ခဲသည့် […]