အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားပညာဘာသာရပ် B.Sc (Sports) သင်ကြားရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

အားကစားပညာဘာသာရပ် B.Sc (Sports) သင်ကြားရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန်၊ မေလ(၁၅)ရက်။ အားကစားပညာဘာသာရပ် B.Sc (Sports) သင်ကြားရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်မိုး နှင့် တာဝန်ရှိသူများ၊ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါအောင် ၊ ဆေးတက္ကသိုလ်(၁) ပါမောက္ခ ( ဌာနမှူး ) ဇီဝကမ္မဗေဒဌာန ဒေါက်တာစန္ဒာကျော်၊ ဆေးတက္ကသိုလ်(၁) ခန္ဓာဗေဒဌာန ဒေါက်တာထင်လင်းနှင့် ဖိတ်ကြားထားသော သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် First Semester နှင့် Second Semester တွင် […]

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စခန်းသွင်း‌ လေ့ကျင့်လျက်ရှိသော ကစားနည်းများ၏အုပ်ချုပ်မှု၊ လေ့ကျင့်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စခန်းသွင်း‌ လေ့ကျင့်လျက်ရှိသော ကစားနည်းများ၏အုပ်ချုပ်မှု၊ လေ့ကျင့်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ မေ ၁၂ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးတို့လိုက်ပါ၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့သို့သွားရောက်ကာ တောင်ငူအားကစားခန်းမအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်ငူအားကစားခန်းမမီးရရှိစေရေး အမြန်ဆုံး ဆောင်ရွက်သွားရန်၊ အားကစားခန်းမအတွင်း နွေရာသီသင်တန်းများ၊ အထိမ်းအမှတ်အားကစားပြိုင်ပွဲများ အဆက်မပြတ်ကျင်းပနိုင်ရေး ဆောင်ရွက်သွားရန်၊ အားကစားရုံပတ်လည်တွင် ခြုံနွယ်များနှင့် အုတ်တံတိုင်းပေါ်တွင် နွယ်ပင်များမရှိစေရေး ရှင်းလင်းဆောင်ရွက်ရန်၊ အားကစားကွင်းအား အမြဲတမ်းစိမ်းလန်းမှုရှိစေရေး ဂရုစိုက်ဆောင်ရွက်ရန်၊ ဂိုးတိုင်များနှင့် Inner Fencing များအား ထုံးဖြူများသုတ်ထားရန်၊ အားကစားခန်းမအား တစ်ခုပျက်ပါက တစ်ခုချက်ချင်း ပြင်ဆင်သွားရန် လိုကြောင်း၊ ခရိုင်အားကစားကွင်း […]

(၁၃)ကြိမ်မြောက် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့မှ Virtual စနစ်ဖြင့် ပါဝင်တက်ရောက်

Loading

(၁၃)ကြိမ်မြောက် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့မှ Virtual စနစ်ဖြင့် ပါဝင်တက်ရောက် နေပြည်တော်၊ ဧပြီ ၂၉ အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာ အစည်းအဝေးများ၏ ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက် လျက်ရှိသည့် ဖိလစ်ပိုင်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့၏ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်သည့် (၁၃)ကြိမ်မြောက် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ကျင်းပခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အပေါင်း ၃ နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့မှ လူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ ပါဝင် တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ၏ အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ခေါင်းဆောင်၊ လူငယ်ရေးရာဦးစီးဌာန […]

(၁၄) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ လူငယ်ရေးရာဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့မှ Virtual စနစ်ဖြင့် တက်ရောက်

Loading

(၁၄) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ လူငယ်ရေးရာဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့မှ Virtual စနစ်ဖြင့် တက်ရောက် နေပြည်တော်၊ ဧပြီ ၂၈။ ၂၀၂၅ – ၂၀၂၆ ခုနှစ်များအတွက် အာဆီယံလူငယ်ဆိုင်ရာ အစည်းအဝေးများ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဖိလစ်ပိုင်နိုင်ငံ၏ ဦးဆောင်ကျင်းပမှုဖြင့် (၁၄)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးခေါင်းဆောင်၊ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Virtual စနစ်ဖြင့်တက်ရောက်ခဲ့သည်။ အစီအစဉ်အရ (၁၄)ကြိမ်မြောက် အစည်းအဝေးအား အခမ်းအနားအစီအစဉ် (၁၄)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အဓိကအားဖြင့် ယခင်က ကျင်းပခဲ့သည့် (၁၃)ကြိမ်မြောက် အစည်းအဝေး […]

အာဆီယံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များဆိုင်ရာ ဘောလုံး ဖိုရမ်သို့ တက်ရောက်ရန်ပြည်ပထွက်ခွာ

Loading

အာဆီယံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များဆိုင်ရာ ဘောလုံး ဖိုရမ်သို့ တက်ရောက်ရန်ပြည်ပထွက်ခွာ ရန်ကုန်၊ ဧပြီလ (၂၃)ရက်။ ၂၀၂၅ ခုနှစ် ၊ ဧပြီလ(၂၄)ရက်နေ့မှ (၂၅)ရက်နေ့အထိ စင်ကာပူနိုင်ငံ PARKROYAL Hotel တွင် ကျင်းပပြုလုပ်မည့် အာဆီယံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များဆိုင်ရာ ဘောလုံးဖိုရမ်(ASEAN SDGs Through Football Forum) သို့ တက်ရောက်ရန် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးမျိုးကျော်သူ (အဖွဲ့ခေါင်းဆောင်)နှင့်အတူ ကိုယ်စားလှယ် (၅)ဦးတို့သည် ယနေ့ နံနက်(၁၀:၁၅) နာရီအချိန်၌ လေယာဉ်အမှတ် SQ – 761 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး […]

(၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စခန်းသွင်း‌ လေ့ကျင့်လျက်ရှိသော ကစားနည်းများ၏ သက်ဆိုင်ရာ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

(၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စခန်းသွင်း‌ လေ့ကျင့်လျက်ရှိသော ကစားနည်းများ၏အုပ်ချုပ်မှု၊ လေ့ကျင့်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန် ၊ ဧပြီလ (၂၂)ရက် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ သို့ဝင်ရောက် ယှဉ်ပြိုင် နိုင်ရန် စခန်းသွင်း‌ လေ့ကျင့်လျက်ရှိသော ကစားနည်းများ၏အုပ်ချုပ်မှု၊ လေ့ကျင့်မှု ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီအချိန်က ရန်ကုန်မြို့ ၊ တာမွေမြို့နယ်ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်‌ ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ၊ယှဉ်ပြိုင်‌ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ (၂) ညွှန်ကြားရေးမှူး […]

(၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ရန်ကုန်မြို့တွင် စခန်းသွင်း‌ လေ့ကျင့်နေသောအားကစားအဖွဲ့များကိုလိုက်လံစစ်ဆေး

Loading

(၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ရန်ကုန်မြို့တွင် စခန်းသွင်း‌ လေ့ကျင့်နေသောအားကစားအဖွဲ့များကိုလိုက်လံစစ်ဆေး ရန်ကုန် ၊ ဧပြီ (၁၅)ရက်။ အားကစားနှင့်လူငယ်‌ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦး ၊ ယှဉ်ပြိုင်‌ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၂) ၊ ညွှန်ကြားရေးမှူး ဦးဝင်းထက်မွန် နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း တို့သည် ယနေ့ နံနက် (၇)နာရီအချိန်က ရန်ကုန်မြို့ ၊ အင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ရောက်ရှိရာ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်နေသော ရိုးရာလှေ ၊ အပြည်ပြည်ဆိုင်ရာလှေ ၊ ကနူး /ကယက်‌လှေ အားကစားနည်းများမှ အမျိုးသား/အမျိုးသမီးများ လေ့ကျင့်နေမှုကို ကြည့်ရှူအားပေးကာ အမှာစကားပြောကြားရာတွင်မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် မလွတ်တမ်း ရွှေတံဆိပ်ဆုကို […]

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၅) ဆင်းပွဲအခမ်းအနားကျင်းပ

Loading

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၅) ဆင်းပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ မတ် ၇ ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေး သင်တန်းအမှတ်စဉ်(၁/၂၀၂၅) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။ ဦးစွာ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးက အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးဦးတည်ချက်(၃)ရပ်အနက် ဒုတိယအချက်ဖြစ်သည့် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အား ကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” အချက်အား အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ၏ အနာဂတ် ကို ဖန်တီးတည်ဆောက်ကြမည့် လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့် လူငယ်များအား ကုန်ထုတ်လုပ်မှု အတတ်ပညာတစ်ခုကို တတ်မြောက်ပြီး ဆင့်ကဲဆင့်ကဲ ပြန်လည်မျှဝေခြင်းဖြင့် ကုန်ထုတ်လုပ်မှုအတတ်ပညာတစ်ခု […]

“ နိုင်ငံ့ဝန်ထမ်းကောင်းတစ်ဦးဖြစ်ဖို့ ဘက်ပေါင်းစုံက ကြိုးစားစို့” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း

Loading

“ နိုင်ငံ့ဝန်ထမ်းကောင်းတစ်ဦးဖြစ်ဖို့ ဘက်ပေါင်းစုံက ကြိုးစားစို့” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း နေပြည်တော်၊ မတ်လ ၇ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအောက်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူငယ်ရေးရာဦးစီးဌာနတို့တွင် တာဝန်ထမ်းဆောင်နေကြသည့် အသက် ၃၅ နှစ်အောက် လူငယ်ဝန်ထမ်းများအား လုပ်ငန်းခွင်နှင့်ပတ်သက်ပြီး အသိပညာများ ဆွေးနွေးနိုင်စေရန် ရည်ရွယ်၍ “ နိုင်ငံ့ဝန်ထမ်းကောင်းတစ်ဦးဖြစ်ဖို့ ဘက်ပေါင်းစုံက ကြိုးစားစို့” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းအား ယနေ့မွန်းလွဲပိုင်းတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း (Media Press Room)၌ ကျင်းပခဲ့သည်။ ဦးစွာ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းလူငယ်များ အသိပညာဗဟုသုတများ တိုးပွားလာပြီး မိမိအလုပ် ကို တန်ဖိုးထားတတ်စေရန်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့ လူငယ်စကားဝိုင်းအခမ်းအနားအား ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်များအတိုင်း […]

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကျင်းပ

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ မတ် ၃ ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်အရာထမ်း/အမှုထမ်းများ တွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဌာနခွဲအသီးသီးမှ အရာထမ်း/အမှုထမ်းများတက်ရောက်ခဲ့ကြသည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် လိုအပ်ချက်များနှင့် အခက်အခဲများရှိပါက တင်ပြပေးစေလိုကြောင်း၊ ယခုတွေ့ဆုံပွဲတွင် မိမိအနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်သည်များကို ချက်ချင်းဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဖြေရှင်းမပေးနိုင်သည့်ကိစ္စရပ်များကို တာဝန်ရှိ အကြီးအကဲများထံ ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ နွေရာသီကျောင်းပိတ်ရက် သင်္ကြန်ကာလတွင် ဝန်ကြီးဌာနမှ စုပေါင်းရဟန်းခံ/ရှင်ပြုပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့်အတွက် သာသနာ့ဘောင်သို့ ဝင်ရောက်လိုသည့် ဝန်ထမ်းများနှင့် ဝန်ထမ်းသားသမီးများ သက်ဆိုင်ရာဌာနသို့ အမည်စာရင်း ပေးသွင်းနိုင်ပါကြောင်းနှင့် အမှုထမ်းသားသမီးများကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နွေရာသီကာလသို့ ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် မီးဘေးလုံခြုံရေးကို […]