အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး တစ်ဆင့်မြင့်ရာထူးသို့ တိုးမြှင့်ခန့်ထားခြင်းခံရသည် အရာထမ်းများနှင့် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်မည့် အရာထမ်းများအား တွေ့ဆုံအမှာစကားပြောကြားခြင်း အခမ်းအနားကျင်းပ

‎နေပြည်တော်၊ မတ် ၃၀

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် တစ်ဆင့်မြင့်ရာထူးသို့ တိုးမြှင့်ခန့်ထားခြင်းခံရသည့် အရာထမ်းများနှင့် ပြောင်းရွှေ့တာဝန် ထမ်းဆောင်မည့် အရာထမ်းများအား တွေ့ဆုံအမှာစကားပြောကြားခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း Gold Camp ရှိ(Multipurpose Hall) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် အရာထမ်းများနှင့် တစ်ဆင့်မြင့်ရာထူးသို့ တိုးမြှင့်ခြင်းခံရသည့် အရာထမ်းများအား တစ်ဦးချင်း မိတ်ဆက်ဂါရဝပြုခဲ့ကြပြီးနောက် ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးက အမှာစကားပြောကြားရာတွင် ရာထူးတိုးမြှင့်ခန့်အပ်ပေး ခြင်းများနှင့် ပြောင်းရွှေ့နေရာချထားပေးခြင်းများကို ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များဖြင့် အကြီးအကဲများစိစစ်တင်ပြ၍ စနစ်တကျ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည့်အတွက် ယခုတွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် အရာထမ်းများအနေဖြင့် မိမိကိုယ်ကို ဂုဏ်ယူစွာဖြင့် ပေးအပ်ထားသည့် တာဝန်နှင့် ဝတ္တရားများကို ကျေပွန်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ကြိုးစားထမ်းဆောင်သွားရန်လိုကြောင်း၊ မိမိတို့တာဝန်ကျနေရာဒေသ၌ တာဝန် ထမ်းဆောင်မှုများကို ကျေပွန်မှုရှိ/မရှိ စောင့်ကြည့်ကာလဖြစ်၍ တာဝန်ဝတ္တရားအပြင် စေတနာပါ ပေါင်းထည့်ပြီး မည်သည့်အရာကိုမဆို အသေးအဖွဲ့ဟူ၍မရှိ၊ အလေးအနက်ထား ဆောင်ရွက် တတ်သည့် အလေ့အကျင့်ကောင်းများကို မွေးမြူ၍ တာဝန်ကျေပွန်သည့် အရာထမ်းကောင်းများ ဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များက မြန်မာ့အားကစားအောင်နိုင်ရေးအတွက် ပြိုင်ပွဲများစဉ်ဆက်မပြတ်ကျင်းပပေးပြီး မျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်ပေးနိုင်စေရေးနှင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်များ၊ နိုင်ငံတော်မှ ပေးအပ်ထားသည့် တာဝန် နှင့် ဝတ္တရားများကို ကျေပွန်အောင် ဆက်လက်ကြိုးစားအားထုတ်သွားရန် လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပြီးနောက် ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်ပြောကြားရာတွင် အရာထမ်းများ အနေဖြင့် မိမိရာထူးအဆင့်နှင့်လျော်ညီအောင် ပြုမူပြောဆိုနေထိုင်၍ လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ပေါင်းစပ်လုပ်ကိုင်ဆောင်ရွက်သွားရန်နှင့် အခက်အခဲများရှိပါက အချိန်နှင့် တစ်ပြေးညီ သတင်းပို့တင်ပြ ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး တွေ့ဆုံပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။