အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဌာနခွဲများ၌ လစ်လပ်လျက်ရှိသော တစ်ဆင့်မြင့်ရာထူးနေရာများတွင် တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ရေးဖြေစာမေးပွဲနှင့် လူတွေ့စစ်ဆေးခြင်းများကျင်းပ

နေပြည်တော်၊ မတ် ၂၀

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဌာနခွဲများ၌ လစ်လပ်လျက်ရှိသော တစ်ဆင့်မြင့်ရာထူးနေရာများတွင် တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ရေးဖြေစာမေးပွဲစစ်ဆေးခြင်းနှင့် လူတွေ့အရည်အချင်းစစ်ဆေးခြင်းများကို ၂၀၂၆ ခုနှစ် မတ်လ ၁၇ ရက်နေ့၊ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့ တို့တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

အားကစားနှင့်ကာယပညာဦးစီးဌာန ဌာနခွဲများတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာများ ဖြစ်သည့် ဦးစီးအရာရှိနှင့်အဆင့်တူရာထူး (လစာနှုန်းကျပ် ၂၇၅၀၀၀-၄၀၀၀-၂၉၅၀၀၀)၊ ရုံးအုပ်နှင့် အဆင့်တူ ရာထူး(လစာနှုန်းကျပ် ၂၃၄၀၀၀-၂၀၀၀-၂၄၄၀၀၀)၊ ဌာနခွဲစာရေးနှင့်အဆင့်တူရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)၊ တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသူများအား ၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် ရေးဖြေစာမေးပွဲစစ်ဆေးခြင်းများကို ပြုလုပ်ခဲ့ပြီးနောက် ဖြေဆိုအောင်မြင်သူများကို မတ်လ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တို့တွင် လူတွေ့အရည်အချင်း စစ်ဆေးခြင်းများ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။