![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော နည်းပြ/နည်းစနစ်ရာထူးနေရာများတွင် တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းများဆက်လက်ကျင်းပ
နေပြည်တော်၊ မတ် ၃၁
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် လစ်လပ် လျက်ရှိသည့် နည်းပြ/နည်းစနစ် ရာထူးနေရာများသို့ တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ကြံ့ခိုင်စွမ်းရည်နှင့် အဓိကအားကစားနည်း အောင်မြင်ခဲ့သည့် အမျိုးသား/အမျိုးသမီး စုစုပေါင်း(၂၈)ဦးတို့အား လူတွေ့ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall (ဘက်စုံသုံးခန်းမ)၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက လူတွေ့ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ နည်းပြ/နည်းစနစ် ရာထူး(လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀- ၂၂၆၀၀၀) တွင် တိုးမြှင့် ခန့်ထားနိုင်ရေးအတွက် သတ်မှတ်အရည်အချင်းများနှင့်ကိုက်ညီသူ စုစုပေါင်း(၃၀)ဦးအနက် ရေးဖြေ စာမေးပွဲဖြေဆိုအောင်မြင်ခဲ့သူ (၂၈)ဦးတို့အား ကြံ့ခိုင်စွမ်းရည်၊ အဓိကအားကစားနည်းနှင့် လူတွေ့ စစ်ဆေးခြင်းများကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


