ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဒီဇင်ဘာ(၁၂)။ အားကစားကွင်း/အားကစားရုံများ ရေရှည်တည်တံ့စေရေး၊ ပြည်သူများ လာရောက်လေ့ကျင့်ကစားနိုင်စေရေးနှင့် မျိုးဆက်သစ်အားကစားသမားများစွာ မွေးထုတ်ပေးနိုင်စေရေးတို့အတွက် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် အားကစားကွင်း/အားကစားရုံအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးအားကစားကွင်း အမြဲတမ်း စိမ်းလန်းစိုပြေစေရေး၊ သန့်ရှင်းသာယာမှုရှိပြီး နွယ်မြက်များနှင့် အမှိုက်များ ကင်းရှင်းစေရေးအတွက် မြက်ဖြတ်ခြင်းနှင့် သန့်ရှင်းရေးအား အမြဲတမ်း ပြုလုပ်ဆောင်ရွက်သွားရန်၊ အားကစားရုံအတွင်း ခို၊ ဌက်များ မဝင်ရောက်နိုင်စေရန်အတွက် ဝင်ရောက်နိုင်သည့် အပေါက်များကို စနစ်တကျ ကာရံသွားရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်ရှိ ခရိုင်အားကစားကွင်းနှင့် […]
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် ” လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” အခမ်းအနားကျင်းပ

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် ” လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” အခမ်းအနားကျင်းပ ရန်ကုန်၊ ဒီဇင်ဘာလ(၁၂)ရက်။ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း ဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် ” လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” အခမ်းအနားကို ယနေ့နေ့လယ်(၁၃ :၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကင်းမြို့နယ်၊ ရန်ကင်းပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစား နှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကင်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးဦးအောင်မြတ်စိုး၊ စာရေးဆရာ ဦးလင်းသိုက်ညွန့်၊ ဖိတ်ကြား ထားသောဧည့်သည်တော်များနှင့် သင်တန်းသား/သင်တန်း သူများ တက်ရောက်ကြပါသည်။ ဦးစွာ ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဌ ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက […]
PENANG INVITATIONAL CHAMPIONSHIP 2023 ဂျူဒိုပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာဂျူဒိုအားကစားအဖွဲ့အားကြိုဆို

PENANG INVITATIONAL CHAMPIONSHIP 2023 ဂျူဒိုပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာဂျူဒိုအားကစားအဖွဲ့အားကြိုဆို ရန်ကုန်၊ဒီဇင်ဘာလ(၁၂)ရက်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၉)ရက်မှ (၁၀)ရက်နေ့အထိ မလေးရှားနိုင်ငံ ပီနန်မြို့တွင်ကျင်းပသော PENANG INVITATIONAL CHAMPIONSHIP 2023 ဂျူဒိုပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာဂျူဒိုအားကစားအဖွဲ့သည် ယနေ့နေ့လယ်(၁၃:၁၅) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဌ ဦးထွန်းထွန်းနှင့်ဒုတိယဥက္ကဌများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးဦးကျော်မင်းသန်း နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ကျောင်းမှ ကျောင်းသား/ကျောင်းသူများ၊ မိဘဆွေမျိုးများက ပန်းစည်းများ၊ အိုးစည်ဒိုးပတ်များဖြင့် ဝမ်းပန်းတသာကြိုဆိုကြပါသည်။ အဆိုပါပြိုင်ပွဲတွင် မလေးရှားကလပ်အသင်း(၁၀)သင်း ၊ […]
၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးပြုလုပ်

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးပြုလုပ် နေပြည်တော်၊ ဒီဇင်ဘာ (၁၂)။ ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝန်ကြီးဌာနအလိုက် အသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ Squash အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။ အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး(အမျိုးသမီး)ပြိုင်ပွဲကို (၁၄.၁၂.၂၀၂၃)ရက်နေ့မှ (၂၃.၁၂.၂၀၂၃)ရက်နေ့အထိ လည်းကောင်း၊ ဘောလုံး(အမျိုးသား)ပြိုင်ပွဲကို (၁၉.၁၂.၂၀၂၃)ရက်နေ့မှ (၃.၁.၂၀၂၄)ရက်နေ့အထိ လည်းကောင်း ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၁)၊ ကွင်းအမှတ်(၃)နှင့် လယ်ဝေး အားကစားကွင်း (TC-2)တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ National Fitness […]
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ထည့်သွင်းကျင်းပမည့် အားကစားနည်းများနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ထည့်သွင်းကျင်းပမည့် အားကစားနည်းများနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ(၁၂)။ အဆင့်အတန်းမီ အရည်အချင်းရှိပြီး ထူးချွန်သည့် မျိုးဆက်သစ် အားကစားသမားမားများစွာ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ထည့်သွင်းကျင်းပမည့် အားကစားနည်းများနှင့် ပတ်သက်ပြီး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဘောလုံးကွင်းအပေါ်ထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ ဒုတိယဝန်ကြီးက ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပသွားရန် လျာထားဆောင်ရွက်ထားသည့်အတွက် အဖွဲ့ချုပ်များအနေဖြင့် မိမိတို့ အားသာသည့် အားကစားနည်းများကို ထည့်သွင်း ကျင်းပသွားရန်လိုကြောင်း၊ အမှန်တကယ်လိုအပ်သည့်ပစ္စည်းများနှင့် ကုန်ကျစရိတ်များကို စနစ်တကျ စိစစ်တွက်ချက်ပြီး တင်ပြပေးသွားရန်လိုကြောင်း၊ အမျိုးသားအားကစားပွဲတော်မှ ထူးချွန်သည့် အားကစားသမားများကို (၃၃)ကြိမ်မြောက် […]
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ(၁၁)။ နိုင်ငံတော်မှ အားထားရသည့် လူငယ်များဖြစ်လာစေရန်၊ ပညာရေးကို အခြေခံပြီး ကျန်းမာကြံ့ခိုင်သည့် လူငယ်များ ဖြစ်လာစေရန်နှင့် အတွေးအခေါ်မှန်ကန်၍ ဗလငါးတန်နှင့် ပြည့်စုံပြီး ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီမှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၁)၊ အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာရေးကဏ္ဍကို တိုးတက်အောင် မြှင့်တင်ကြရမည်ဖြစ်သလို နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရည်မြင့်မားရေးသည် အဓိကအရေးပါသည့်အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် လူငယ်များကို အတွေးအခေါ်မှန်ကန်ပြီး နိုင်ငံတော်ကို အကျိုးပြုနိုင်မည့် […]
PENANG INVITATIONAL JUDO CHAMPIONSHIP 2023 ပြိုင်ပွဲတွင် မြန်မာဂျူဒိုအားကစားအဖွဲ့ ရွှေတံဆိပ် (၄)ခု၊ငွေတံဆိပ်(၂)ခု၊ကြေးတံဆိပ်(၂)ခု၊ စုစုပေါင်းဆုတံဆိပ် (၈)ခု ဆွတ်ခူးရရှိ

PENANG INVITATIONAL JUDO CHAMPIONSHIP 2023 ပြိုင်ပွဲတွင် မြန်မာဂျူဒိုအားကစားအဖွဲ့ ရွှေတံဆိပ် (၄)ခု၊ငွေတံဆိပ်(၂)ခု၊ကြေးတံဆိပ်(၂)ခု၊ စုစုပေါင်းဆုတံဆိပ်(၈)ခု ဆွတ်ခူးရရှိ နေပြည်တော်၊ ဒီဇင်ဘာလ(၁၁)ရက်။ မလေးရှားနိုင်ငံ၊ ပီနန်မြို့၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၉)ရက်နေ့နှင့် (၁၀)ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့သည့် PENANG INVITATIONAL JUDO CHAMPIONSHIP 2023 ပြိုင်ပွဲ အမျိုးသား (-28)kg ပြိုင်ပွဲတွင် မောင်အောင်ဇေထက်က ရွှေတံဆိပ်(၁)ခု၊ (-66)kg ပြိုင်ပွဲတွင် မောင်ထက်အောင်က ရွှေတံဆိပ်(၁)ခု၊ (-73)kg ပြိုင်ပွဲတွင် မောင်ကျော်ခန့်စိုးက ရွှေတံဆိပ်(၁)ခုနှင့် အမျိုးသမီး (-32)kg ပြိုင်ပွဲတွင် မနှင်းဦးဝတ်ရည်က ရွှေတံဆိပ်(၁)ခု၊ အမျိုးသား(-24)kg ပြိုင်ပွဲတွင် မောင်ဘုန်းပြည့်ချမ်းသာထွန်းက ငွေတံဆိပ်(၁)ခု၊ (-90)kg ပြိုင်ပွဲတွင် မောင်အောင်ဝေဖြိုးက ငွေတံဆိပ်(၁)ခု၊ အမျိုးသား (-50)kg ပြိုင်ပွဲတွင် […]
ပြည်နယ်/တိုင်းဒေသကြီးတို့တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (ဒုတိယအပတ်) လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပပြုလုပ်

ပြည်နယ်/တိုင်းဒေသကြီးတို့တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (ဒုတိယအပတ်) လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပပြုလုပ် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ဒုတိယအပတ်ကို ယနေ့နံနက်ခင်း(၅:၃၀)နာရီ၌ စတင်ဆင်နွှဲခဲ့ကြသည်။ မြစ်သားမြို့ ရွှေမုဠော ဘုရားအနောက်ဘက်မုဒ်တွင် စုရပ်နေရာ ပြုလုပ်ခဲ့ပြီး လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲသူ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ဝန်ထမ်းများအပါအဝင် ပြည်သူ (၁၅၀)ကျော် ပါဝင်ခဲ့သည်။ အဆိုပါလမ်းလျှောက်ပွဲတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များတို့က ဦးဆောင်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူးနှင့်အား/ကာဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ ၊မြို့ခံ ရပ်မိရပ်ဖ ဒေမသခံပြည်သူများနှင့် ကျောင်းသား/သူများသည် သက်မှတ်စုရပ်နေရာတွင် ရောက်ရှိနေရာယူ၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ လမ်းလျှောက်ပွဲကို စတင်ဆင်နွှဲကြသည်။ စုရပ်နေရာမှစတင်၍ လူထုစုပေါင်းလမ်းလျှောက်ခြင်းကို ပျော်ရွှင်စွာစုပေါင်းဆင်နွှဲ၍ ရွှေမုဠော ရင်ပြင်သို့ ရောက်ရှိလာကြကာ ကိုယ်လက်လှုပ်ရှား ကြံ့ခိုင်မှုလေ့ကျင့်ခန်းများနှင့် physical fitness dance […]
ဒီဇင်ဘာလ(ဒုတိယအပတ်) လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကျင်းပပြုလုပ်

ဒီဇင်ဘာလ(ဒုတိယအပတ်) လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကျင်းပပြုလုပ် နေပြည်တော်၊ ဒီဇင်ဘာလ(၉)ရက်။ ဒီဇင်ဘာလ(ဒုတိယအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် ခွန်စံလွင်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် စုစုပေါင်းအင်အား(၃၉၀၀)ကျော် ပျော်ပျော်ရွှင်ရွှင်ဖြင့် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြသည်။ စုပေါင်းလှုပ်ရှားဆောင်ရွက် လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲကြသူများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၏ သတ်မှတ်လမ်းကြောင်းများအတိုင်း ပျော်ပျော်ပါးပါး လမ်းလျှောက်ကာ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအတွဲ(၁)၊(၂)နှင့် Physical Fitness Dance Exercises လေ့ကျင့်ခန်းများကို စုပေါင်းလှုပ်ရှားဆောင်ရွက်ခဲ့ကြပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ရေသန့်ဘူးနှင့် အာဟာရမုန့်များ ပေးဝေခဲ့ကြသည်။ “၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ်(ဒုတိယအပတ်) စုပေါင်းလမ်းလျှောက်ပွဲ” များကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဆောင်ရွက်လျက်ရှိပြီး လူတစ်ဦးချင်းမှအစပြု၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးနှင့် […]
အမျိုးသားနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

အမျိုးသားနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ ရန်ကုန်တိုင်းဒေသကြီး ကာယဗလနှင့်ကာယကြံ့ခိုင်မှုဆပ်ကော်မတီက ကြီးမှုးကျင်းပသော အမျိုးသားနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမ၌ ကျင်းပသည်။ ဦးစွာ နံနက်ပိုင်း၌ အမျိုးသား အသက်(၂၁)နှစ်နှင့်အောက် အငယ်တန်းကာယဗလမောင်ပြိုင်ပွဲ၊ အမျိုးသားကာယဗလမောင် ၆၀၊ ၇၀၊ ၇၀ နှင့်အထက် ကီလိုတန်းများ၊ အမျိုးသား Sports Physique ၊ အမျိုးသား Athletic Physique ၊ အမျိုးသမီး Athletic Physique ၊ အမျိုးသမီး Model Physique ပြိုင်ပွဲများ ယှဉ်ပြိုင်ကြပြီး ပဏာမရွေးချယ်ကြသည်။ ထို့နောက် ညနေပိုင်းတွင် ရွေးချယ်ခံရသော ကာယဗလမောင်များနှင့် ကာယအလှမယ်များက […]