၂၀၂၄ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက ကြီးမှူးဖွင့်လှစ်သည့် နွေရာသီကျောင်းပိတ်ရက်များအတွင်း လူငယ်ကဏ္ဍဆိုင်ရာသင်တန်းများ ဖွင့်ပွဲအခမ်းအနားကျင်းပ
ထားဝယ်၊ ဧပြီလ(၂၂)ရက်။
၂၀၂၄ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီက ကြီးမှူးဖွင့်လှစ်သည့် နွေရာသီကျောင်းပိတ်ရက်များအတွင်း လူငယ်ကဏ္ဍဆိုင်ရာသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့(၁၄:၀၀) နာရီအချိန်က ထားဝယ်မြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား/သင်တန်းသူများ၊ စုစုပေါင်းလူဦးရေ(၃၄၁)ခန့် တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက သင်တန်းအဖွင့်မိန့်ခွန်း ပြောကြားကာ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ဦးစိုးမိုးနိုင်ကသင်တန်းများ ဖွင့်လှစ်မည့် အခြေအနေအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်ပြီး Fitness Dance အကဖြင့် ဖျော်ဖြေတင်ဆက်ကာ အခမ်းအနားကို (၁၄:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။


