အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ခုနှစ်၊ နွေရာသီ အဆင့်မြင့်အားကစားသင်တန်းများဖွင့်ပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

တောင်ကြီး၊ ဧပြီ(၂၂)ရက်။

ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ၏ ကြီးကြပ်လမ်းညွှန်းမှုကိုခံယူကာ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၄ခုနှစ်၊ နွေရာသီအဆင့်မြင့်အားကစားသင်တန်းဖွင့်ပွဲနှင့် လူငယ်ရေးရာဟောပြောပွဲအခမ်းအနားများကို (၂၂.၄.၂၀၂၄) ရက်နေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိခဲ့ရပါသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုး၊ အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမြာ၊ဖိတ်ကြားထားသောပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဧည့်သည်တော်များ၊ သားဖွားသင်တန်းကျောင်းမှသင်တန်းသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ ကျောင်းသား/ ကျောင်းသူများ၊ အားကစားနည်းအလိုက် သင်တန်းနည်းပြဆရာ/ဆရာမများ၊ သင်တန်းသို့တက်ရောက်နေကြသော သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၅၄၀)ဦးနှင့် အားကစားဝါသနာရှင်မိဘပြည်သူများက တက်ရောက်ခဲ့ကြပါသည်။

ပထမဦးစွာ မွန်းလွဲ (၁၃း၀၀)နာရီအချိန်တွင် လူငယ်ရေးရာဟောပြောပွဲအဖြစ် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ တင်ဝမ်းက လူငယ်နှင့်ကျန်းမာရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြာရေးမှူး ဒေါ်သင်းနန္ဒီက လူငယ်နှင့်ပညာရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးက လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဥ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးက လူငယ်နှင့်ဗလငါးတန်ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြောင်းသိရှိခဲ့ရပါသည်။

ဆက်လက်ပြီး ညနေ (၁၅း၃၀)နာရီအချိန်တွင် နွေရာသီအဆင့်မြင့်အားကစားသင်တန်းများဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကမ္ဘာပေါ်တွင် လူဦးရေ(၈)ဘီလီယံခန့်ရှိရာ လူဦးရေစုစုပေါင်းရဲ့ (၁၈)ရာခိုင်နှုန်းခန့်ဟာ လူငယ်များဖြစ်ကြပါကြောင်း၊ အာဆီယံဒေသတွင်းမှာ လူဦးရေ(၆၅၄)သန်းအနက် (၃၄%)နီးပါးဟာ အသက် (၁၅)နှစ်မှ (၃၅)နှစ်အတွင်းရှိတဲ့ လူငယ်များဖြစ်ကြပါကြောင်း၊ လူငယ်များဟာ တိုင်းပြည်ရဲ့အနာဂတ်ဖြစ်တဲ့အတွက် လူငယ်များကိုကြည့်ပြီး တိုင်းပြည်အနာဂတ်ကိုမှန်းဆကြည့်လို့ရနိုင်တာ ဖြစ်ပါကြောင်း၊ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/ကျောင်းသူများသည် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် အားကစားကို ဝါသနာပါလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံ၍ ကျန်းမာကြံ့ခိုင်သည့် လူငယ်/လူရွယ်များ ဖြစ်ပေါ်လာစေမှာဖြစ်ပါကြောင်း၊ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ဦးဆောင်ဝန်ကြီးဌာနများ၊ ပံ့ပိုးဝန်ကြီးဌာနများအပါအဝင် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များနှင့်အတူ ပြည်သူတစ်ရပ်လုံးက အမျိုးသားရေးအသိဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊ ယနေ့ခေတ်လူငယ်များအနေဖြင့် အကောင်းဘက်သို့ ဦးတည်သော ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများ ( Positive Young Development ) ကိုလေ့လာ၍ အနာဂတ်ကာလမှာဖြစ်ပေါ်လာမယ့် နိုင်ငံတော်၏အခြေအနေကို သုံးသပ်နိုင်နေကြပြီဖြစ်ပါကြောင်း၊ ဒီကနေ့ဖွင့်လှစ်တဲ့ နွေရာသီအဆင့်မြင့် အားကစားသင်တန်းများကို တက်ရောက်လာကြတဲ့ လူငယ်မောင်/မယ်များဟာ ရှမ်းပြည်နယ်က ၁.၃.၂၀၂၄ရက်နေ့ကနေ ၁.၄.၂၀၂၄ရက်နေ့ထိ ဖွင့်လှစ်ခဲ့တဲ့ နွေရာသီအခြေခံအားကစားသင်တန်းများကို တက်ရောက်အောင်မြင်ကြသူများဖြစ်တဲ့အတွက် ပြည်နယ်က ငွေအား၊ လူအား၊ ပစ္စည်းအားတွေနဲ့ ရင်းနှီးမြှပ်နှံပေးမှုအပေါ် အကျိုးရှိစွာအသုံးချဖို့ လိုအပ်မှာဖြစ်ပါကြောင်းနှင့် နိဂုံးချုပ်အနေဖြင့် တိုင်းပြည်ရဲ့ အနာဂတ်ကြယ်ပွင့်များ ဖြစ်တဲ့ ကျောင်းသား/ ကျောင်းသူများအနေဖြင့် သင်ခန်းစာများကို ကြိုးစားသင်ယူကြစေလိုပါကြောင်း၊ တစ်ဦးကောင်း / တစ်ယောက်ကောင်းစိတ်ဓာတ်မမွေးကြဘဲ အဖွဲ့အစည်းစိတ်ဓာတ်များ မွေးသွားစေလိုပါကြောင်း အစရှိသည်များကို ပြောကြားသွားကာ လေ့လာလိုက်စားခြင်းမှ အဆင့်ဆင့်ကျွမ်းကျင်တတ်မြောက်ကာ စဉ်ဆက်မပြတ် လေ့ကျင့်ပြီး ပြည်နယ်ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရန်တို့ကိုရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း အစရှိသည်များကိုပြောကြားသွားကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အားကစားနည်းအလိုက် လိုက်လံနှုတ်ဆက်ခဲ့ပြီး အ.ထ.က (၇) မှ ဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေနှင့် သင်တန်းအထောက်အကူပြုပစ္စည်းများကို ပေးအပ်ခဲ့ကြောင်းသိရှိခဲ့ရပြီး အဆိုပါသင်တန်းအား အားကစားနည်း (၁၃)နည်းဖြင့် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။