အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၄ ခုနှစ် နွေရာသီအဆင့်မြင့် အားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ ဧပြီ(၂၃)ရက်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၄ ခုနှစ် နွေရာသီအဆင့်မြင့် အားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို (၂၃.၄.၂၀၂၄)ရက်နေ့၊ နံနက်(၀၈းဝဝ) နာရီအချိန်တွင် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)၊ သုဝဏ္ဏ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းမှ အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အားကစားနည်း (၁၆)နည်းမှ သင်တန်းသား/သူများအား လှိုက်လံနှုတ်ဆက်ပြီး ငွေကျပ်သိန်း(၃၀)နှင့် အားကစားပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ထို့နောက် Fitness Dance ၊ ဝူရှူး၊ ရိုးရာခြင်းလုံးနှင့် ကျွမ်းဘား အားကစားနည်းများဖြင့် သရုပ်ပြသခဲ့ပြီး အားကစားအဖွဲ့များနှင့် ဘင်ခရာအဖွဲ့များအား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။