၂၀၂၄ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
ထားဝယ်မြို့၊ ဧပြီ ၂ ရက်။
၂၀၂၄ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ၀၉:၀၀ နာရီအချိန် ထားဝယ်မြို့ ရွှေဝယ်သီရိ ဖူဆယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ၊ တိုင်းဒေသကြီး တရားလွတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြပါသည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုက အဖွင့်မိန့်ခွန်း ပြောကြားကာ ဖွင့်လှစ်ပေးခဲ့ပြီး အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ တနင်္သာရီမြို့နယ်အသင်းနှင့် ထားဝယ်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ပါသည်။ အဆိုပါပြိုင်ပွဲတွင် အမျိုးသား အသင်း (၈)သင်းနှင့် အမျိုးသမီးအသင်း (၅)သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကစားသမား(၅၂)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။


