အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူးရာထူးနေရာများသို့ ခန့်ထားနိုင်ရေး ရေးဖြေစာမေးပွဲကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူးရာထူးနေရာများသို့ ခန့်ထားနိုင်ရေး ရေးဖြေစာမေးပွဲကျင်းပ နေပြည်တော်၊ ဇန်နဝါရီ (၁၀)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)ရာထူးနေရာများသို့ ခန့်ထားနိုင်ရေးအတွက် ရေးဖြေစာမေးပွဲစစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ Media Room ၌ ကျင်းပပြုလုပ်ခဲ့ရာ သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူ(၂၂)ဦး လာရောက်ဖြေဆိုခဲ့သည်။ အဆိုပါ ရေးဖြေစာမေးပွဲစစ်ဆေးခြင်းသို့ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေးဖြေစာမေးပွဲဖြေဆို အောင်မြင်သူများကို လူတွေ့အရည်အချင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်နိုင်ရန် အကြောင်းကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် တောင်ကြီးတက္ကသိုလ်တို့ပေါင်းစပ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အထူးပြုဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် တောင်ကြီးတက္ကသိုလ်တို့ပေါင်းစပ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အထူးပြုဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီးမြို့ ၊ ဇန်နဝါရီ (၁၀)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် တောင်ကြီးတက္ကသိုလ်တို့ပေါင်းစပ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အထူးပြုဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲနှင့် ဖွင့်ပွဲ အခမ်းအနားကို (၉.၁.၂၀၂၃) ရက်နေ့ ညနေ (၁၅:၀၀) အချိန်တွင် တောင်ကြီးတက္ကသိုလ် ဘောလုံးကွင်း၌ ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ရဲမှူးချုပ်တင်ကိုကို၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်လွတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင် ၊ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ ဆက်လက်၍ […]
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက် နေပြည်တော်၊ ဇန်နဝါရီ (၉)။ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တာဝန်ခံ ညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ်(၁၂)နာရီခွဲတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့်ကျင်းပခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းအုပ်ကြီးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တာဝန်ခံ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အစီအစဉ်အရ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ဦးစီးဌာန(ရုံးချုပ်)နှင့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ဆောင်ရွက်နေသည့် ရုံးလုပ်ငန်းကိစ္စများ၊ ဘတ်ဂျက်သုံးစွဲမှုအခြေအနေများ၊ တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အခက်အခဲ လိုအပ်ချက်များကို တင်ပြဆွေးနွေးနိုင်ရန်ရည်ရွယ်၍ ယခုအစည်းအဝေးကို ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇန်နဝါရီ (၆)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းပြီးနောက်ပိုင်း အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ယခုတွေ့ဆုံပွဲသည် ဒုတိယအကြိမ် ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ပထမအကြိမ် ဝန်ထမ်းများနှင့်တွေ့ဆုံဆန္ဒထုတ်ဖော်ပွဲကို (၂၅.၁၁.၂၀၂၂) ရက်နေ့တွင် ပြုလုပ်ခဲ့ပါကြောင်း၊ အဆိုပါအခမ်းအနားတွင် တင်ပြခဲ့သည့် ဝန်ထမ်းများ၏ အခက်အခဲတင်ပြချက်များကို ဖြေရှင်းဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ဌာနခွဲများ၊ အား/ကာသိပ္ပံကျောင်းများနှင့် ပြည်နယ်/တိုင်းဒေသကြီးများမှ အရာထမ်းအဆင့် အမျိုးသားအားလုံးအတွက် ယူနီဖောင်းအင်္ကျီများကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြခန်းအား လာရောက်ကြည့်ရှုအားပေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြခန်းအား လာရောက်ကြည့်ရှုအားပေး နေပြည်တော်၊ ဇန်နဝါရီ (၇)။ ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နေပြည်တော် ဥပါတသန္တိစေတီတော်တောင်ဘက် တပေါင်းကွင်းအတွင်း၌ ဝန်ကြီးဌာနပေါင်းစုံမှ ပြခန်းများ ပြသထား လျက်ရှိရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်မိသားစုသည် ယမန်နေ့ ညနေပိုင်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုပြခန်းသို့ လာရောက်ကြည့်ရှု အားပေးခဲ့သည်။ အဆိုပါ ပြပွဲ၌ ဝန်ကြီးဌာနပြခန်း(၂၅)ခန်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြခန်း (၁၅)ခန်း၊ တိုင်းရင်းသားရိုးရာအစားအစာ ပြခန်း (၁၅)ခန်း၊ စုစုပေါင်းပြခန်း(၅၅)ခန်းနှင့် ဝန်ကြီးဌာနများ အလိုက် ကိုယ်စားပြုဂုဏ်ပြုယာဉ်(၂၆)စီး၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုယ်စားပြု ဂုဏ်ပြုယာဉ်(၁၅)စီး၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုယာဉ်(၁)စီး၊ ပြည်ထောင်စု နောက်ပိတ်ဂုဏ်ပြုယာဉ်(၁)စီး၊ တပ်မတော်ကိုယ်စားပြု ဂုဏ်ပြုယာဉ် (၅)စီး၊ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြခန်းအား လာရောက်ကြည့်ရှု

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြခန်းအား လာရောက်ကြည့်ရှု နေပြည်တော်၊ ဇန်နဝါရီ (၆)။ ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နေပြည်တော် ဥပါတသန္တိ စေတီတော် တောင်ဘက် တပေါင်းကွင်းအတွင်း၌ ဝန်ကြီးဌာနပေါင်းစုံမှ ပြခန်းများ ပြသထားလျက်ရှိရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုပြခန်းသို့ လာရောက်ကြည့်ရှုခဲ့ရာ လူထုအားကစားနှင့်ပညာပေးဌာနခွဲမှ ပြခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသွားခဲ့သည်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုပြခန်းတွင် ကျောင်းသား/ကျောင်းသူများနှင့် လူငယ်များ စိတ်ဝင်တစားဖြစ်စေရန်အတွက် ကံစမ်းမဲအစီအစဉ်များ၊ ပဟေဠိဖြေကြားသည့် အစီအစဉ်များ နှင့် ကိုယ်တိုင်ပါဝင်ဆင်နွှဲရသည့် ဂိမ်းကစားခြင်းအစီအစဉ်များကိုလည်း ထည့်သွင်းထားရှိရာ ကျောင်းသား/ ကျောင်းသူများ၊ လူငယ်များ၊ ဝန်ကြီးဌာနများမှ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြခန်းအား လာရောက်ကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြခန်းအား လာရောက်ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇန်နဝါရီ (၄)။ ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာပြခန်းများနှင့် ဂုဏ်ပြုယာဉ်များပြပွဲကို နေပြည်တော် ဥပါတသန္တိစေတီတော်တောင်ဘက် တပေါင်းကွင်းအတွင်း၌ ဝန်ကြီးဌာနပေါင်းစုံမှ ပြခန်း(၂၅)ခန်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြခန်း(၁၅)ခန်း၊ တိုင်းရင်းသားရိုးရာအစားအစာ ပြခန်း (၁၅)ခန်း၊ စုစုပေါင်းပြခန်း(၅၅)ခန်းနှင့် ဝန်ကြီးဌာနများအလိုက် ကိုယ်စားပြုဂုဏ်ပြုယာဉ်(၂၆)စီး၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုယ်စားပြုဂုဏ်ပြုယာဉ်(၁၅)စီး၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုယာဉ် (၁)စီး၊ ပြည်ထောင်စုနောက်ပိတ် ဂုဏ်ပြုယာဉ်(၁)စီး၊ တပ်မတော်ကိုယ်စားပြု ဂုဏ်ပြုယာဉ်(၅)စီး၊ စုစုပေါင်း ဂုဏ်ပြုယာဉ်(၄၈)စီးတို့ကို ပြသထားလျက်ရှိပါသည်။ အဆိုပါ ပြပွဲ၌ ပြသထားသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုပြခန်းအား ယနေ့ ညနေ (၁၅:၀၀) နာရီအချိန်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် […]
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖွဲ့ချုပ်ဖလား မြင်းစီးပြိုင်ပွဲဆုပေးပွဲကျင်းပ

(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖွဲ့ချုပ်ဖလား မြင်းစီးပြိုင်ပွဲဆုပေးပွဲကျင်းပ ရန်ကုန်၊ ဇန်နဝါရီလ (၄)ရက်။ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖွဲ့ချုပ်ဖလား မြင်းစီးပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ် ဥက္ကဌ ဦးပြုံးမောင်မောင်၊ ဒုတိယဥက္ကဌနှင့် အမှုဆောင်များ၊ မြန်မာနိုင်ငံမြင်းစီးအသင်းမှ လက်ရွေးစင်များ၊ မြင်းစီးကလပ်အသင်းများ၊ မြင်းချစ်မြတ်နိုးသူအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ကြသည်။ ပြိုင်ပွဲအပြီးတွင် ဆုရရှိသူများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ် ဥက္ကဌ ဦးပြုံးမောင်မောင်၊ ဒုတိယ ဥက္ကဌနှင့် အမှုဆောင်များက မြန်မာ့ရိုးရာအသားကျပြိုင်ပွဲတွင် ပထမဆုရ ဇေယျာဝင်း(ရွှေဇင်ယော်)၊ […]
၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ အပြေးပြိုင်ပွဲ ကျင်းပ

၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ အပြေးပြိုင်ပွဲ ကျင်းပ နေပြည်တော်၊ ဇန်နဝါရီ(၄)။ ယနေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးပြီး မျိုးဆက်သစ် ပြေးခုန်ပစ်အားကစားသမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ အပြေးပြိုင်ပွဲကို ယနေ့နံနက်(၇)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ကျင်းပခဲ့သည်။ အပြေးပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီး မီတာ(၈၀၀)ပြိုင်ပွဲတွင် ပထမဆုကို အိသက်ထားမွန် (ကာကွယ်ရေးဝန်ကြီးဌာန)၊ ဒုတိယဆုကို နွေယမင်းသူ(ကာကွယ်ရေးဝန်ကြီးဌာန)နှင့် တတိယဆုကို မေဇွန်ကျော်(ကာကွယ်ရေးဝန်ကြီးဌာန)တို့ကလည်းကောင်း၊ အမျိုးသား မီတာ(၈၀၀)ပြိုင်ပွဲတွင် ပထမဆုကို မျိုးဝင်းကို (ပြည်ထဲရေးဝန်ကြီးဌာန)၊ ဒုတိယဆုကို စိန်ထွန်း (ပြည်ထဲရေးဝန်ကြီးဌာန)နှင့် တတိယဆုကို နိုင်လွင်ထူး(ကာကွယ်ရေးဝန်ကြီးဌာန)တို့ကလည်းကောင်း၊ အမျိုးသမီး မီတာ(၄၀၀)ပြိုင်ပွဲတွင် ပထမဆုကို နွေဦးခိုင်(ကာကွယ်ရေးဝန်ကြီးဌာန)၊ […]
၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ဦးစီးကျင်းပပြုလုပ်သည့် မိုက်ခရိုမာရသွန် လူငယ်ဖိတ်ခေါ် အပြေးပြိုင်ပွဲကျင်းပ

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ဦးစီးကျင်းပပြုလုပ်သည့် မိုက်ခရိုမာရသွန် လူငယ်ဖိတ်ခေါ် ပြေးပြိုင်ပွဲကျင်းပ ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ဦးစီးကျင်းပပြုလုပ်သည့် မိုက်ခရိုမာရသွန် လူငယ်ဖိတ်ခေါ်အပြေးပြိုင်ပွဲကို (၃.၁.၂၀၂၃)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန်၌ မန္တလာသီရိအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါပြိုင်ပွဲသည် မန္တလေးတိုင်းဒေသကြီး ပြေးခုန်ပစ်လူငယ်မျိုးဆက်သစ် အားကစားသမားများပေါ်ထွက်လာစေရေး၊ လူငယ်များကိုအားကစားဖြင့် ဆွဲဆောင်စည်းရုံးပြီး ကျန်းမာကြံ့ခိုင်စေရေးအတွက် ရည်ရွယ်ကျင်းပပြုလုပ်ပေးခဲ့ပြီး ပြိုင်ပွဲဝင် ကျောင်းသား/သူအင်အား (၁၀၀၀)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်၊ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ လူမှု့ရေးရာဝန်ကြီး နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ပြီးဆုများကို ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရပါသည်။