အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်းအားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇူလိုင် (၂၃)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ အားကစားဥယျာဥ်စီမံကိန်းအတွင်း တည်ဆောက်လျက်ရှိ သည့် အနောက်ဘက်အထူးတန်းပွဲကြည့်စင်နှင့် မိုးလုံလေလုံအားကစားရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ပွဲကြည့်စင်အမိုးတပ်ဆင်ခြင်းလုပ်ငန်းအား ယခုလတွင်အပြီးသတ်ဆောင်ရွက်ရန်၊ မိုးရေယိုသည့် နေရာအား ပြန်လည်ပြုပြင်သွားရန်နှင့် အားကစားခန်းမကြမ်းခင်း ခင်းကျင်းရာတွင် ညီညာမှုရှိစေရန်၊ အတက်/အဆင်းပြုလုပ်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် mobile လှေခါးပါ တပါတည်းတပ်ဆင် ပေးသွားရန်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများအား သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းနှင့်အညီ အချိန်မီ ဆောက်လုပ်ပြီးစီးစေရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးသို့ ဆက်လက်ထွက်ခွာခဲ့ပြီး တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအတွင်းရှိ (၄)ထပ် အမျိုးသမီးအိပ်ဆောင် တည်ဆောက် နေမှု အခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးအဆောက်အဦးများ ရေရှည်တည်တံစေရေး၊ အရည်အသွေး ပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးတို့အတွက် တာဝန်ရှိသူများအား လိုအပ် သည်များ လမ်းညွှန်မှာကြားခဲ့ပြီးနောက် တည်ဆောက်ပြီးစီးသည့် အမျိုးသား (၄)ထပ်အိပ်ဆောင်တွင် နေထိုင်ရန် ပြောင်းရွှေ့ပြင်ဆင်ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး စည်းကမ်းတကျ နေထိုင်သွားကြရန်နှင့် အဆောက်အဦးများ ရေရှည်တည်တံ့အောင် စနစ်တကျထိန်းသိမ်းစောင့်ရှောက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်တွင် လေ့ကျင်လျက်ရှိသည့် ကျွမ်းဘားအားကစားသမားများအား သွားရောက်တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ပြီး လိုအပ်သည်များအားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။